Huawei က စမတ် ကားတွေအတွက် အစိတ်အပိုင်းနဲ့ ဉာဏ်ရည်မြင့် မောင်းနှင် စနစ်တွေ ဖန်တီးဖို့ အတွက် ကုမ္ပဏီ အသစ် တစ်ခု တည်ထောင်ဖို့ တရုတ်ကားထုတ်လုပ်သူ Changan Automobile နဲ့ ပူးပေါင်းလိုက်ပါတယ်။

Huawei Has Invited Five Partners to Join New Smart Car Venture, Report Says

ကုမ္ပဏီ ၂ ခု သဘောတူညီချက်အရ Huawei ဟာ သူ့ရဲ့ Intelligent Vehicle Solution လုပ်ငန်းရဲ့ နည်းပညာနဲ့ အရင်းအမြစ်တွေကို ကုမ္ပဏီ အသစ်အတွက် ထောက်ပံ့ပေးမှာပါ။ Changan က ကုမ္ပဏီ အသစ်မှာ ရင်းနှီးမြှပ်နှံမှာ ဖြစ်ပြီး ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှာပါ။

Huawei smart car joint venture partnership with Changan Automobile

ကုမ္ပဏီ အသစ်ဟာ ဉာဏ်ရည်မြင့် မောင်းနှင်စနစ်၊ စမတ် ကား ဒစ်ဂျစ်တယ် ပလက်ဖောင်း၊ ဉာဏ်ရည်မြင့် ကား Cloud ၊ AR-HUD နဲ့ စမတ် ကားမီး အပါအဝင် စမတ် ကား နည်းပညာများစွာကို တီထွင်မှာပါ။ Huawei ဟာ အဲဒီ ဧရိယာတွေမှာ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ ပိုင်ဆိုင်မှုတွေကို ပံ့ပိုးပေမှာပါ။

ကုမ္ပဏီ အသစ်ဟာ Huawei ရဲ့ စမတ် ကား ထုတ်လုပ်မှုအတွက် သီးခြားရပ်တည်နိုင်မှာပါ။ သီးခြား ကုမ္ပဏီ တည်ထောင်တဲ့အတွက် Huawei ဟာ Changan Automobile ထံကနေ ရင်းနှီးမြှပ်နှံမှုနဲ့ ကျွမ်းကျင်မှုတွေကို စွဲဆောင်နိုင်မှာပါ။

Huawei နဲ့ Changan တို့ ပူးပေါင်းမှုဟာ တီထွင်ဖန်တီးမှု၊ ပူးပေါင်းမှုနဲ့ အမြင်မျှဝေမှုတွေ အားကောင်းတဲ့ ကားနယ်ပယ်အတွက် စာမျက်နှာအသစ် ဖြစ်လာမှာပါ။ အဲဒီ ကုမ္ပဏီ ၂ ခု ပူးပေါင်းမှုအောင်မြင်ရင် အဆင့်မြင့်တဲ့ စမတ် ကား နည်းပညာတွေကို မကြာခင် မြင်လာရတော့မှာပါ။

Ref : gizmochina