[Zawgyi]

Huawei ဟာ မတ္လ ၂၆ရက္ေန႔မွာ တရားဝင္ မိတ္ဆက္သြားမယ့္ Huawei P30 Series အတြက္ ေၾကာ္ျငာဓာတ္ပုံေတြကို မၾကာေသးခင္က ျဖန္႔ေဝေပးခဲ့ပါတယ္။ အဆိုပါ ေၾကာ္ျငာဓာတ္ပုံေတြဟာ Huawei P30 Series မွာ တပ္ဆင္ထားတဲ့ Telephoto Lens (Zoom) ေကာင္းေၾကာင္းကို ထုတ္ေဖာ္ႂကြားဝါထားတာျဖစ္ၿပီး မိတ္ဆက္ပြဲေန႔ရက္နဲ႔အတူ “HUAWEI P30 Series #REWRITETHERULES” ဆိုတဲ့ စာသားေတြကိုပါ ျဖည့္စြက္ထားပါတယ္။

ေၾကာ္ျငာဓာတ္ပုံေတြဟာ Huawei P30 Pro ရဲ႕ ကင္မရာနဲ႔ ႐ိုက္ကူးၿပီး ျပဳလုပ္ထားတယ္လို႔ ထင္ရေပမယ့္ တကယ္ေတာ့ မဟုတ္ပါဘူး။ DSLR ကင္မရာနဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြျဖစ္ပါတယ္။ Shot on P30 Pro လို႔ တိုက္႐ိုက္ ေဖာ္ျပထားျခင္းမရွိေပမယ့္ မသိရင္ P30 Pro ကင္မရာနဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြလိုလို၊ ဘာလိုလိုပါ။ အခုလိုမ်ိဴး အျဖစ္အပ်က္က Huawei အတြက္ေတာ့ ပထမဆုံးအႀကိမ္ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ ၂၀၁၈ခုႏွစ္ ၾသဂုတ္လတုန္းကလည္း Huawei Nova 3 ရဲ႕ Selfie Camera ေကာင္းေၾကာင္းကို ျပသဖို႔အတြက္ DSLR ကင္မရာႀကီးနဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြကို အစားထိုး အသုံးျပဳခဲ့ပါေသးတယ္။

Huawei P30 Series အတြက္ အသုံးျပဳခဲ့တဲ့ (ကေလးငယ္နဲ႔ ဝမ္းဘဲ) ဓာတ္ပုံဟာ လြန္ခဲ့တဲ့ ၂၀၀၉ခုႏွစ္က ပေရာ္ဖက္ရွင္နယ္ ဓာတ္ပုံဆရာတစ္ဦး ႐ိုက္ကူးခဲ့တဲ့ ဓာတ္ပုံျဖစ္ၿပီး၊ (မီးေတာင္)ပုံကိုေတာ့ Gettyimages ဝက္ဆိုက္ကေန ဝယ္ယူအသုံးျပဳထားတယ္လို႔ သိရပါတယ္။ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ Huawei အေနနဲ႔ မိမိရဲ႕ ထုတ္ကုန္ကို ဝယ္ယူအသုံးျပဳသူေတြ ယုံၾကည္မႈ ပ်က္ျပားေစမယ့္ လုပ္ရပ္မ်ိဴး မလုပ္သင့္ေၾကာင္း၊ DSLR ဓာတ္ပုံကို အစားထိုး အသုံးျပဳမယ္ဆိုရင္လည္း မိမိကိုယ္ပိုင္ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံကိုသာ အသုံးျပဳသင့္ေၾကာင္း ေျပာဆိုဆုံးမထားၾကပါတယ္။

Ref : The Verge, GsmArena

[Unicode]

P30 Pro ကင်မရာကောင်းကြောင်း ကြော်ငြာဖို့အတွက် DSLR နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုခဲ့တဲ့ Huawei

Huawei ဟာ မတ်လ ၂၆ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမယ့် Huawei P30 Series အတွက် ကြော်ငြာဓာတ်ပုံတွေကို မကြာသေးခင်က ဖြန့်ဝေပေးခဲ့ပါတယ်။ အဆိုပါ ကြော်ငြာဓာတ်ပုံတွေဟာ Huawei P30 Series မှာ တပ်ဆင်ထားတဲ့ Telephoto Lens (Zoom) ကောင်းကြောင်းကို ထုတ်ဖော်ကြွားဝါထားတာဖြစ်ပြီး မိတ်ဆက်ပွဲနေ့ရက်နဲ့အတူ “HUAWEI P30 Series #REWRITETHERULES” ဆိုတဲ့ စာသားတွေကိုပါ ဖြည့်စွက်ထားပါတယ်။

ကြော်ငြာဓာတ်ပုံတွေဟာ Huawei P30 Pro ရဲ့ ကင်မရာနဲ့ ရိုက်ကူးပြီး ပြုလုပ်ထားတယ်လို့ ထင်ရပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ DSLR ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ Shot on P30 Pro လို့ တိုက်ရိုက် ဖော်ပြထားခြင်းမရှိပေမယ့် မသိရင် P30 Pro ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေလိုလို၊ ဘာလိုလိုပါ။ အခုလိုမျိူး အဖြစ်အပျက်က Huawei အတွက်တော့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် သြဂုတ်လတုန်းကလည်း Huawei Nova 3 ရဲ့ Selfie Camera ကောင်းကြောင်းကို ပြသဖို့အတွက် DSLR ကင်မရာကြီးနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အစားထိုး အသုံးပြုခဲ့ပါသေးတယ်။

Huawei P30 Series အတွက် အသုံးပြုခဲ့တဲ့ (ကလေးငယ်နဲ့ ဝမ်းဘဲ) ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ်က ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ဦး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး၊ (မီးတောင်)ပုံကိုတော့ Gettyimages ဝက်ဆိုက်ကနေ ဝယ်ယူအသုံးပြုထားတယ်လို့ သိရပါတယ်။ ကျွမ်းကျင်ပညာရှင်များကတော့ Huawei အနေနဲ့ မိမိရဲ့ ထုတ်ကုန်ကို ဝယ်ယူအသုံးပြုသူတွေ ယုံကြည်မှု ပျက်ပြားစေမယ့် လုပ်ရပ်မျိူး မလုပ်သင့်ကြောင်း၊ DSLR ဓာတ်ပုံကို အစားထိုး အသုံးပြုမယ်ဆိုရင်လည်း မိမိကိုယ်ပိုင် ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုသာ အသုံးပြုသင့်ကြောင်း ပြောဆိုဆုံးမထားကြပါတယ်။

Ref : The Verge, GsmArena