[Zawgyi]

အခုႏွစ္ရဲ႕ Foldable စမတ္ဖုန္းၿပိဳင္ပြဲႀကီးကေတာ့ တရားဝင္စတင္လာခဲ့ပါၿပီ။ Huawei ကုမၸဏီက သူတုိ႔ရဲ႕ Foldable စမတ္ဖုန္းကို မိတ္ဆက္လာၿပီး Mate X လို႔အမည္ေပးထားတယ္။ သူ႕မွာ 5G ခ်ိတ္ဆက္ႏုိင္စြမ္းရွိၿပီး Huawei ရဲ႕ကုိယ္ပုိင္ Modem ျဖစ္တဲ့ Baolong 5000 ကို အသုံးျပဳထားကာ ကုမၸဏီကေတာ့ အျမန္ဆုံး 5G စမတ္ဖုန္းလို႔ သုံးႏႈန္းေနပါၿပီ။

Huawei Mate X မွာ 55W SuperCharge အားအျမန္သြင္းစနစ္လည္း ပါဝင္တဲ့အတြက္ အားသြင္းႏႈန္း အျမန္ဆုံးစမတ္ဖုန္းလည္း ျဖစ္ၿပီး Mate X ရဲ႕ဘကၳရီ 85% ျပည့္ဖုိ႔ နာရီဝက္ပဲအားသြင္းရမယ္လို႔ ကုမၸဏီက ဆုိပါတယ္။

တက္ဘလက္ပုံစံဖြင့္ခ်ထားရင္ Mate X ဟာ 8” လက္မအရြယ္ 2480 x 2200p Display နဲ႔ျဖစ္ၿပီး ေခါက္ထားတဲ့အခါမွာေတာ့ အဓိက Display ဟာ 2480 x 1148p ရွိတဲ့ 6.6” လက္မအရြယ္ 19.5:9 အခ်ဳိးနဲ႔ ျမင္ရမွာပါ။ ေခါက္ခ်ဳိးလိုက္ရင္ အျခားတစ္ဖက္မွာရွိတဲ့ ဒုတိယ Screen ရဲ႕လုပ္ေဆာင္ပုံက Nubia X နဲ႔ NEX Dual Display တုိ႔နဲ႔ဆင္တူပါတယ္။

တရားဝင္မိတ္ဆက္ပြဲမတုိင္ခင္ မီဒီယာေတြကို သရုပ္ျပခဲ့စဥ္မွာေတာ့ Huawei က သူတုိ႔ရဲ႕ ဖုန္းအသစ္မွာ ကင္မရာေလးလုံးပါလာဖို႔ ေမွ်ာ္လင့္ထားႏုိင္ေၾကာင္း ေျပာခဲ့ေသာ္လည္း ဗီဒီယုိထဲမွာေတာ့ သုံးခုကိုသာ ေတြ႕ရပါတယ္။ ကုမၸဏီက ကင္မရာေတြနဲ႔ပတ္သက္လို႔ Spec ေတြကို အတိအက်ထုတ္မေျပာခဲ့ေပမယ့္ Leica လုိဂုိကို ျမင္ေတြ႕ႏုိင္တာေၾကာင့္ Flagship အဆင့္ဝင္ ဓါတ္ပုံရုိက္ကူးႏုိင္မယ္လို႔ ယူဆရတယ္။

အျမန္ဆုံးဆုိတာနဲ႔တင္ မရပ္တန္႔ေသးဘဲ Mate X ကို “ကမာၻ႕အပါးလႊာဆုံး Foldable စမတ္ဖုန္း” လို႔ပါ ေၾကာ္ျငာသုံးစြဲလာကာ ေခါက္ခ်ဳိးထားတဲ့အခ်ိန္မွာေတာ့ 11mm သာရွိပါတယ္။ ဖြင့္ခ်ထားခ်ိန္မွာ တစ္ဖက္က 5.4mm သာရွိေပမယ့္ ကင္မရာလုိမ်ဳိး အစိတ္အပုိင္းေတြပါတဲ့ ေနာက္တစ္ဖက္ကေတာ့ အနည္းငယ္ ပိုႏုိင္တယ္။

အတြင္းမွာ HiSilicon Kirin 980 ခ်စ္ပ္ဆက္အသုံးျပဳထားၿပီး မန္မုိရီကေတာ့ 8 / 512 GB ျဖစ္မွာပါ။ သာမာန္နဲ႔မတူတဲ့ Display က သာမာန္ထက္ပုိႀကီးတဲ့ ဘကၳရီကိုလည္း လိုအပ္ၿပီး ဒီအတြက္ေတာ့ 4,500 mAh ဘကၳရီႀကီးကို ထည့္သြင္းထားပါတယ္။ ပါဝါခလုတ္မွာ Fingerprint ပါ ပူးတြဲပါဝင္လာပါတယ္။

Huawei Mate X စမတ္ဖုန္းကို Interstellar Blue အေရာင္တစ္မ်ဳိးနဲ႔ပဲ ရရွိႏုိင္မွာျဖစ္ၿပီး ၂၀၁၉ ႏွစ္ဝက္ေလာက္မွာ ေစ်းကြက္ထဲ ေရာက္လာႏုိင္ပါတယ္။ ေစ်းႏႈန္းကေတာ့ အေမရိကန္ေဒၚလာ ၂၆၀၀ ဝန္းက်င္ (ျမန္မာေငြသိန္းေလးဆယ္နီးပါး) က်သင့္မွာပါ။

Ref – GSM Arena

[Unicode]

အခုနှစ်ရဲ့ Foldable စမတ်ဖုန်းပြိုင်ပွဲကြီးကတော့ တရားဝင်စတင်လာခဲ့ပါပြီ။ Huawei ကုမ္ပဏီက သူတို့ရဲ့ Foldable စမတ်ဖုန်းကို မိတ်ဆက်လာပြီး Mate X လို့အမည်ပေးထားတယ်။ သူ့မှာ 5G ချိတ်ဆက်နိုင်စွမ်းရှိပြီး Huawei ရဲ့ကိုယ်ပိုင် Modem ဖြစ်တဲ့ Baolong 5000 ကို အသုံးပြုထားကာ ကုမ္ပဏီကတော့ အမြန်ဆုံး 5G စမတ်ဖုန်းလို့ သုံးနှုန်းနေပါပြီ။

Huawei Mate X မှာ 55W SuperCharge အားအမြန်သွင်းစနစ်လည်း ပါဝင်တဲ့အတွက် အားသွင်းနှုန်း အမြန်ဆုံးစမတ်ဖုန်းလည်း ဖြစ်ပြီး Mate X ရဲ့ဘက္ထရီ 85% ပြည့်ဖို့ နာရီဝက်ပဲအားသွင်းရမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

တက်ဘလက်ပုံစံဖွင့်ချထားရင် Mate X ဟာ 8” လက်မအရွယ် 2480 x 2200p Display နဲ့ဖြစ်ပြီး ခေါက်ထားတဲ့အခါမှာတော့ အဓိက Display ဟာ 2480 x 1148p ရှိတဲ့ 6.6” လက်မအရွယ် 19.5:9 အချိုးနဲ့ မြင်ရမှာပါ။ ခေါက်ချိုးလိုက်ရင် အခြားတစ်ဖက်မှာရှိတဲ့ ဒုတိယ Screen ရဲ့လုပ်ဆောင်ပုံက Nubia X နဲ့ NEX Dual Display တို့နဲ့ဆင်တူပါတယ်။

တရားဝင်မိတ်ဆက်ပွဲမတိုင်ခင် မီဒီယာတွေကို သရုပ်ပြခဲ့စဉ်မှာတော့ Huawei က သူတို့ရဲ့ ဖုန်းအသစ်မှာ ကင်မရာလေးလုံးပါလာဖို့ မျှော်လင့်ထားနိုင်ကြောင်း ပြောခဲ့သော်လည်း ဗီဒီယိုထဲမှာတော့ သုံးခုကိုသာ တွေ့ရပါတယ်။ ကုမ္ပဏီက ကင်မရာတွေနဲ့ပတ်သက်လို့ Spec တွေကို အတိအကျထုတ်မပြောခဲ့ပေမယ့် Leica လိုဂိုကို မြင်တွေ့နိုင်တာကြောင့် Flagship အဆင့်ဝင် ဓါတ်ပုံရိုက်ကူးနိုင်မယ်လို့ ယူဆရတယ်။

အမြန်ဆုံးဆိုတာနဲ့တင် မရပ်တန့်သေးဘဲ Mate X ကို “ကမ္ဘာ့အပါးလွှာဆုံး Foldable စမတ်ဖုန်း” လို့ပါ ကြော်ငြာသုံးစွဲလာကာ ခေါက်ချိုးထားတဲ့အချိန်မှာတော့ 11mm သာရှိပါတယ်။ ဖွင့်ချထားချိန်မှာ တစ်ဖက်က 5.4mm သာရှိပေမယ့် ကင်မရာလိုမျိုး အစိတ်အပိုင်းတွေပါတဲ့ နောက်တစ်ဖက်ကတော့ အနည်းငယ် ပိုနိုင်တယ်။

အတွင်းမှာ HiSilicon Kirin 980 ချစ်ပ်ဆက်အသုံးပြုထားပြီး မန်မိုရီကတော့ 8 / 512 GB ဖြစ်မှာပါ။ သာမာန်နဲ့မတူတဲ့ Display က သာမာန်ထက်ပိုကြီးတဲ့ ဘက္ထရီကိုလည်း လိုအပ်ပြီး ဒီအတွက်တော့ 4,500 mAh ဘက္ထရီကြီးကို ထည့်သွင်းထားပါတယ်။ ပါဝါခလုတ်မှာ Fingerprint ပါ ပူးတွဲပါဝင်လာပါတယ်။

Huawei Mate X စမတ်ဖုန်းကို Interstellar Blue အရောင်တစ်မျိုးနဲ့ပဲ ရရှိနိုင်မှာဖြစ်ပြီး ၂၀၁၉ နှစ်ဝက်လောက်မှာ ဈေးကွက်ထဲ ရောက်လာနိုင်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၆၀၀ ဝန်းကျင် (မြန်မာငွေသိန်းလေးဆယ်နီးပါး) ကျသင့်မှာပါ။

Ref – GSM Arena