[Zawgyi]

Huwei Mate 20 X 5G အမ်ိဳးအစားဟာ ၿပီးခဲ့တဲ့ရက္တုန္းက တ႐ုတ္ 3C (China Compulsory Certificate) ရတာ ေတြ႕လိုက္ရပါတယ္။ ေနာက္တစ္ရက္မွာေတာ့ Foldable Mate X ဟာ အလားတူ အသိအမွတ္ျပဳမႈ ရရွိခဲ့ျပန္ပါတယ္။ ဒီေတာ့ 5G အသုံးျပဳႏိုင္တဲ့ Mate X ဟာ Mate 20 X 5G နဲ႔ တ႐ုတ္မွာ တစ္ရက္တည္းအတူတူ ျဖန႔္ခ်ိမယ္၊ ဒါမွမဟုတ္ Mate 20 X 5G မိတ္ဆက္ၿပီး မၾကာမီ ရက္ပိုင္းအတြင္း ျဖန႔္ခ်ိမယ္ဆိုတဲ့ အဓိပၸါယ္ သက္ေရာက္ပါတယ္။

Huawei Mate X ဟာ ေမာ္ဒယ္နံပါတ္ TAH-AN00 ျဖစ္တဲ့အေၾကာင္းကို Certification အခ်က္အလက္ေတြက တစ္ဆင့္ သိရွိရပါတယ္။ Mate X မွာ Power adapter သစ္ ပါဝင္မွာျဖစ္ေပမယ့္ Mate 20 X 5G မွာပါလာမယ့္ Super Charge 40W နဲ႔ေတာ့ တူညီမွာမဟုတ္ဘူးလို႔ သိရပါတယ္။ Certification အခ်က္အလက္အရ ဒီ Adapter ဟာ အမ်ားဆုံးထုတ္လႊတ္မႈပမာဏ 65W (20VDV @ 3.25A) ျဖစ္မယ္လို႔ သိရပါတယ္။

Adapter ဟာ Mate 20 Pro နဲ႔ P30 Pro တို႔လို Device ေတြကိုလည္း ေထာက္ပံ့ေပးႏိုင္မယ္ဆိုေပမယ့္ Mate X ကေတာ့ Huawei စမတ္ဖုန္းေတြထဲမွာ အျမန္ဆုံးအားသြင္းစနစ္ ျဖစ္လာမယ္လို႔ ဆိုရပါလိမ့္မယ္။ လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီလကုန္ပိုင္းေလာက္က ထြက္ခဲ့တဲ့သတင္းကို အေျခခံၿပီးေျပာရမယ္ဆိုရင္ေတာ့ Mate X မွာ 55W SuperCharge အားသြင္းနည္းပညာ ပါဝင္လာမယ္လို႔ ေျပာႏိုင္ပါတယ္။

ၿပိဳင္ဘက္ ကုမၸဏီ Samsung ရဲ႕ Galaxy Fold ဟာ ေဈးကြက္ထဲေရာက္ဖို႔ ေႏွာင့္ေႏွးေနတယ္ဆိုေပမယ့္ လာမယ့္ ဇူလိုင္လထဲမွာ ေနာက္ဆုံးထားၿပီး ျဖန႔္ခ်ိလာဖြယ္ရွိေနပါတယ္။ ဒီေတာ့ Huawei ဟာ Mate X ကို Galaxy Fold ထက္ ေဈးကြက္ထဲေစာေရာက္ေအာင္ပို႔ေဆာင္ၿပီး ၿပိဳင္ဘက္ကို အသာစီးရယူသြားဖို႔ ႀကိဳးစားေနတယ္လို႔ ယူဆရပါတယ္။ ဒါေၾကာင့္ Mate X ဟာ ဒီလထဲမွာတင္ တ႐ုတ္ႏိုင္ငံေဈးကြက္ထဲကို ေရာက္ရွိလာမယ္လို႔ ခန႔္မွန္းရပါတယ္။

Ref: GSMArena

[Unicode]

ဒီလထဲမှာပဲ တရုတ်နိုင်ငံဈေးကွက်ထဲကို ရောက်ရှိလာနိုင်တဲ့ Huawei Mate X

Huwei Mate 20 X 5G အမျိုးအစားဟာ ပြီးခဲ့တဲ့ရက်တုန်းက တရုတ် 3C (China Compulsory Certificate) ရတာ တွေ့လိုက်ရပါတယ်။ နောက်တစ်ရက်မှာတော့ Foldable Mate X ဟာ အလားတူ အသိအမှတ်ပြုမှု ရရှိခဲ့ပြန်ပါတယ်။ ဒီတော့ 5G အသုံးပြုနိုင်တဲ့ Mate X ဟာ Mate 20 X 5G နဲ့ တရုတ်မှာ တစ်ရက်တည်းအတူတူ ဖြန့်ချိမယ်၊ ဒါမှမဟုတ် Mate 20 X 5G မိတ်ဆက်ပြီး မကြာမီ ရက်ပိုင်းအတွင်း ဖြန့်ချိမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။

Huawei Mate X ဟာ မော်ဒယ်နံပါတ် TAH-AN00 ဖြစ်တဲ့အကြောင်းကို Certification အချက်အလက်တွေက တစ်ဆင့် သိရှိရပါတယ်။ Mate X မှာ Power adapter သစ် ပါဝင်မှာဖြစ်ပေမယ့် Mate 20 X 5G မှာပါလာမယ့် Super Charge 40W နဲ့တော့ တူညီမှာမဟုတ်ဘူးလို့ သိရပါတယ်။ Certification အချက်အလက်အရ ဒီ Adapter ဟာ အများဆုံးထုတ်လွှတ်မှုပမာဏ 65W (20VDV @ 3.25A) ဖြစ်မယ်လို့ သိရပါတယ်။

Adapter ဟာ Mate 20 Pro နဲ့ P30 Pro တို့လို Device တွေကိုလည်း ထောက်ပံ့ပေးနိုင်မယ်ဆိုပေမယ့် Mate X ကတော့ Huawei စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံးအားသွင်းစနစ် ဖြစ်လာမယ်လို့ ဆိုရပါလိမ့်မယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က ထွက်ခဲ့တဲ့သတင်းကို အခြေခံပြီးပြောရမယ်ဆိုရင်တော့ Mate X မှာ 55W SuperCharge အားသွင်းနည်းပညာ ပါဝင်လာမယ်လို့ ပြောနိုင်ပါတယ်။

ပြိုင်ဘက် ကုမ္ပဏီ Samsung ရဲ့ Galaxy Fold ဟာ ဈေးကွက်ထဲရောက်ဖို့ နှောင့်နှေးနေတယ်ဆိုပေမယ့် လာမယ့် ဇူလိုင်လထဲမှာ နောက်ဆုံးထားပြီး ဖြန့်ချိလာဖွယ်ရှိနေပါတယ်။ ဒီတော့ Huawei ဟာ Mate X ကို Galaxy Fold ထက် ဈေးကွက်ထဲစောရောက်အောင်ပို့ဆောင်ပြီး ပြိုင်ဘက်ကို အသာစီးရယူသွားဖို့ ကြိုးစားနေတယ်လို့ ယူဆရပါတယ်။ ဒါကြောင့် Mate X ဟာ ဒီလထဲမှာတင် တရုတ်နိုင်ငံဈေးကွက်ထဲကို ရောက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSMArena