Huawei က အရင်နှစ်ထုတ် FreeBuds 4i ရဲ့ မျိုးဆက် FreeBuds 5i ကို ကြေညာလိုက်ပါတယ်။ မော်ဒယ်အသစ်မှာ ပိုကောင်းတဲ့ Active Noise Cancellation (ANC) နဲ့ ဘက်ထရီ သက်တမ်း ပါလာပြီး ဒီဇိုင်းက ပိုမို ပေါ့ပါးလာပါတယ်။

Huawei FreeBuds 5i launch with better ANC, longer battery life and improved design

5i မှာ ANC Level ၃ ခုကို ထောက်ပံ့ထားပါတယ်။ 42dB အထိ Noise ကို လျှော့ချပေးနိုင်ပြီး 4i ရဲ့ 22dB ထက် အများကြီး တိုးတက်လာပါတယ်။ FreeBuds Pro ထက် ပိုကောင်းတဲ့ Decibels တွေ ထည့်သွင်းထားပြီး ဖုန်းပြောချိန်မှာ AI System က သင့် အသံကို ပိုမို ကြည်လင်ပြတ်သားအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Huawei FreeBuds 5i launch with better ANC, longer battery life and improved design - GSMArena.com news

10mm Dynamic Driver တွေ ပါလာပြီး သင့်နား ပုံသဏ္ဍာန် အပေါ် မူတည်ကာ အကောင်းဆုံး အသံကို ထုတ်ပေးနိုင်ပါတယ်။ အသံအရည်အသွေး မြင့်မားစေဖို့ LDAC Codec နဲ့ Hi-Res Audio Wireless စံနှုန်းတွေ ထည့်သွင်းထားပါတယ်။

FreeBuds 5i မှာ Bluetooth 5.2 ကို သုံးထားပြီး Companion App နဲ့ဆိုရင် ဖုန်း၊ တက်ဘလက်၊ တီဗီတို့အကြားမှာ ဆက်သွယ်မှုကို လျှင်မြန်စွာ ပြောင်းလဲပေးနိုင်ပါတယ်။ Latency ကို 94ms အထိ လျှော့ချပေးနိုင်တဲ့ Gaming Mode ပါပါတယ်။

Case ဟာ ၁၈ ရာခိုင်နှုန်း ပိုမို ပေါ့ပါးလာပြီး ၃၃.၉ ဂရမ် အလေးချိန်ရှိပါတယ်။ နားကြပ်နဲ့ Case ၂ ခုပေါင်း ဘက်ထရီ သက်တမ်းဟာ ANC ပိတ်ထားရင် ၂၈ နာရီနဲ့ ANC ဖွင့်ထားရင် ၁၈.၅ နာရီ အသုံးခံပါတယ်။ သီချင်းနားထောင်ရင် ၇ နာရီခွဲလောက် အသုံးခံပါတယ်။

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၆၀၀ ယွမ် သတ်မှတ်ထားကာ မြန်မာငွေ ၁၆၆,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena