Huawei ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက HarmonyOS 2.0 ကို မိတ်ဆက်ပေးခဲ့ပြီး လာမယ့်နှစ်မှာ စမတ်ဖုန်းတွေအတွက်ပါ ထုတ်လုပ်သွားမယ်ဆိုပြီး အတည်ပြုပေးခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ လက်ရှိ EMUI 11 Update ကို ရရှိထားတဲ့ Huawei ဖုန်းတွေအနေနဲ့လည်း နောက်ပိုင်းမှာ HarmonyOS 2.0 ကို Update လုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ HarmonyOS ဟာ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Smartwatch ၊ Wearable Device ၊ Smart Home Device တွေအပြင် တခြားသော Device တွေအကုန်လုံးနီးပါးမှာ အသုံးပြုနိုင်စေမယ့် Operating System တစ်ခုအနေနဲ့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ အခုလည်း HarmonyOS ရဲ့ Logo အသစ်က ပေါက်ကြားလာခဲ့ပါပြီ။

ယခုပေါက်ကြားလာတဲ့ Logo ကတော့ “Powered by HarmonyOS” ဆိုပြီး ရေးသားထားပြီးတော့ စမတ်ဖုန်းတွေအပြင် Devices မျိုးစုံရဲ့ ဓါတ်ပုံကိုပါ ဘေးမှာထားထားတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် HarmonyOS အသုံးပြုထားတဲ့ Device တွေအကုန်လုံးမှာ အဆိုပါ Logo ကို ထည့်သွင်းထားမယ်လို့ ယူဆရပါတယ်။

ဒါ့ကြောင့် HarmonyOS ကို အသုံးပြုထားတဲ့ Device တွေအချင်းချင်း ဘယ်လောက်ထိ ကောင်းကောင်းအလုပ်လုပ်နိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Giz China