Huawei ကနေ လက်ရှိအချိန်မှာ ကိုယ်ပိုင် Operating System ဖြစ်တဲ့ HarmonyOS ကို ဆောင်ရွက်နေတာ အခုဆိုရင် HarmonyOS 2.0 အထိရောက်ရှိနေပြီဖြစ်ပါတယ်။ စမတ်ဖုန်းတွေအတွက်လည်း မကြာခင်မှာ Update ပြုလုပ်နိုင်မှာဖြစ်သလို တခြားသော Device တွေမှာလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အခုနောက်ဆုံး Huawei ကနေ တရုတ်နိုင်ငံအတွင်းမှာပြုလုပ်ခဲ့တဲ့ Developer Day Conference မှာ စိတ်ဝင်စားစရာသတင်းတစ်ခုကို ပြောကြားခဲ့ပါတယ်။ အဆိုပါသတင်းကတော့ Huawei ရဲ့ Consumer Business Software Department Vice President အနေနဲ့ တာဝန်ယူထားတဲ့ Yang Haisong ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

Yang Haisong ရဲ့ ပြောကြားချက်ကတော့ HarmonyOS 2.0 Mobile Application Developer Beta Version ကို မိတ်ဆက်ခဲ့တာ အချိန်ကာလအားဖြင့် ၂ ပတ်ခန့်ရှိနေပြီဖြစ်သလို Developer တွေအများအပြားကလည်း စမ်းသပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီအတွက် လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာတင် Huawei ကနေ Partner ပြုလုပ်ထားတဲ့ Brand ပေါင်း ၄၀ ကျော်ကနေ Device စုစုပေါင်း သန်း ၁၀၀ ကျော်တင်ပို့ ရောင်းချသွားမယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

HarmonyOS 2.0 ကို လောလောဆယ်မှာ Developer Group ပေါင်း ၁,၈၀၀ ကျော် Signed Up ပြုလုပ်ထားပြီး Beta Program မှာ ပါဝင်ဆောင်ရွက်နေကြပြီဖြစ်သလို Application Framework ၊ UI Framework တွေပါ မျိုးစုံဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Device ပေါင်း သန်း ၁၀၀ ကျော်ဆိုပေမယ့် စမတ်ဖုန်းတွေထက် တခြားသော Smart TV ၊ Wearable နဲ့ IoT Device တွေဖြစ်နိုင်ခြေပိုများနေပါတယ်။

Huawei အနေနဲ့ ဘာပဲဖြစ်ဖြစ် HarmonyOS အပေါ်မှာ သေချာကိုအားစိုက်ထားတာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၁ ခုနှစ်မှာ ဘယ်လောက်ထိ အောင်မြင်နိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China