Huawei ကနေ Honor 7C စမတ်ဖုန်းကို မကြာခင် ထုတ်ပြတော့မှာဖြစ်ပြီးတော့ အဆိုပါ စမတ်ဖုန်းရဲ့ကြော်ငြာဗီဒီယိုဟာ အခုအချိန်မှာပေါက်ကြားလာပြီပဲဖြစ်ပါတယ်။

အခု Huawei Honor 7C စမတ်ဖုန်းဟာ 5.99″ အရွယ် 18:9 Ratio Display ကို အသုံးပြုထားမှာဖြစ်ပြီးတော့ Huawei Honor 7X နဲ့ တူညီမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Resolution ကတော့ Full HD+ Resolution မဟုတ်တော့ပဲ HD+ Resolution ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကင်မရာအနေနဲ့တော့ Dual Camera ကိုပဲ အသုံးပြုလာဦးမှာဖြစ်ပြီတော့ 13MP + 20MP တပ်ဆင်ထားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Honor 7X ဖုန်းထက် ဈေးအရရော စွမ်းဆောင်ရည်အရရော လျော့နည်းတယ်ဆိုပေမယ့် ကင်မရာပိုင်းမှာတော့ပိုပြီး ကောင်းမွန်မှာပဲဖြစ်ပါတယ်။

Huawei Honor 7C ဖုန်းဟာ ထူးခြားချက်အနေနဲ့ Huawei စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Face Unlock စနစ်ပါဝင်လာမှာဖြစ်ပါတယ်။ Android Version 8.0 Oreo နဲ့ ထွက်ရှိလာမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ Honor 7X ထက်ပိုပြီးသက်သာတဲ့အတွက် ဒေါ်လာ ၁၅၀ ဝန်းကျင်နဲ့ လာမယ့် မတ်လ ၁၂ ရက်နေ့မှာ တရားဝင်ကြေငြာမှာဖြစ်တယ်လို့ သိရပါတယ်။