Huawei ကနေ တရုတ်နိုင်ငံဈေးကွက်အတွက် နောက်ထပ် Honor စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ယခုတစ်ကြိမ် Honor စမတ်ဖုန်းက Honor V10 ဖြစ်ပြီး လက်ရှိ Huawei ရဲ့ Flagship ဖုန်း Mate 10 မှာပါဝင်တဲ့ Kirin 970 CPU ကိုပဲ သုံးစွဲထားတာဖြစ်ပါတယ်။

အဆိုပါ Honor V10 စမတ်ဖုန်းမှာ 5.99″ Full HD+ Display ပါဝင်ပြီး Fingerprint Scanner က အရှေ့ဘက်မှာပဲ ရှိနေတဲ့အတွက် လုံးဝ ဘောင်ပျောက်ဖုန်းတစ်ခုတော့မဟုတ်ခဲ့ပါဘူး။

Processor အနေနဲ့ လက်ရှိ Huawei ရဲ့ အကောင်းဆုံး Kirin 970 CPU ကို သုံးစွဲထားပြီး RAM 4GB, ROM 64GB သို့မဟုတ် RAM 6GB, ROM 128GB ဆိုပြီးရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

ကင်မရာအနေနဲ့တော့ 16MP + 20MP Dual Back Camera စနစ်ကို သုံးစွဲထားပြီး AI နည်းပညာတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Battery အနေနဲ့ 3570mAh Battery ပါဝင်မှာဖြစ်ပြီး Fast Charging ကို Support လုပ်မှာဖြစ်ပါတယ်။

Huawei Honor V10 စမတ်ဖုန်းဟာ Android Version 8.0 ကို တစ်ခါတည်း အသုံးပြုလာမှာဖြစ်ပြီး ရေစိုတော့ ခံမှာမဟုတ်ပါဘူး။ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ ဝန်းကျင်က စတင်တဲ့အတွက် စွမ်းဆောင်ရည်တူညီတဲ့ Huawei Mate 10 ဖုန်းထက် ဈေး ထက်ဝက်သက်သာနေတယ်လို့ ပြောရမှာပါ။