Huawei က နိုင်ငံတကာအတွက် စွမ်းရည်သင့် nova ဖုန်းတွေကို ကြေညာလိုက်ပါတယ်။ အဲဒါတွေက nova 12i , nova 12s နဲ့ nova 12 SE တို့ ဖြစ်ပါတယ်။

Huawei nova 12i

Huawei nova 12i မှာ 6.7” LCD Full HD+ မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Chipset က LTE ပဲ ရတဲ့ Snapdragon 680 ဖြစ်ပြီး 8GB RAM နဲ့ 128GB or 256GB Storage ပါပါတယ်။

Huawei introduces nova 12i, nova 12s, nova 12 SE for international markets

အနောက်ဘက် စက်ဝိုင်းပုံ Island ထဲမှာ 108MP , 2MP Depth , LED Flash တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာကို Punch Hole ထဲမှာ ထည့်သွင်းထားပါတယ်။ 40W Huawei SuperCharge ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး ၃၀ မိနစ်အတွင်း ၆၂ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။

နိုင်ငံတကာ မော်ဒယ်ဖြစ်တဲ့အတွက် Huawei nova 12i မှာ AOSP အခြေပြု EMUI 14 ထည့်သွင်းထားပြီး အစိမ်းနဲ့ အနက်ရောင် ထုတ်လုပ်ထားပါတယ်။

Huawei nova 12s

Huawei nova 12s ဟာ အရင်နှစ်က ရောင်းချထားတဲ့ nova 11 ကို အမည်ပြောင်းရောင်းချတာပါ။ ဒါပေမယ့် အပြာရောင် အသစ်ကို ထုတ်လုပ်ပေးထားပါတယ်။ 60MP အရှေ့ ကင်မရာ ပါလာပြီး အနောက်ဘက်မှာ 50MP Main နဲ့ 8MP Ultrawide ကင်မရာတွေ တပ်ထားပါတယ်။

Huawei introduces nova 12i, nova 12s, nova 12 SE for international markets

Snapdragon 778G Chip မောင်းနှင်ထားပြီး 8GB RAM ပါပါတယ်။ 6.7” OLED Full HD+ မျက်နှာပြင် တပ်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ EMUI 14 မောင်းနှင်ထားပါတယ်။

Huawei nova 12 SE

Huawei nova 12 SE မှာ Snapdragon 680 မောင်းနှင်ထားပြီး 6.67” OLED မျက်နှာပြင်ပါပါတယ်။ အနောက်ဘက်မှာ 108MP Main အပါအဝင် ကင်မရာ ၃ လုံး တပ်ထားပါတယ်။ 66W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး 8GB RAM , 128GB or 256GB Storage ပါပါတယ်။ HarmonyOS အစား EMUI 14 ထည့်သွင်းထားပါတယ်။

Huawei introduces nova 12i, nova 12s, nova 12 SE for international markets

နိုင်ငံအလိုက် ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို သီးခြား ကြေညာမှာပါ။

Ref : gsmarena