Huawei ဟာ ၁၂ နှစ်ကြာ ရောင်းချခဲ့တဲ့ အထင်ကရ P Series ထုတ်လုပ်ရောင်းချတာကို ရပ်နားမှာ ဖြစ်ပြီး P60 ဟာ နောက်ဆုံးဖုန်း ဖြစ်လာမှာပါ။ အခုတော့ Huawei က Pura Series အသစ်ကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး စပိန်လို သန့်စင်ခြင်းနဲ့ လှပခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

Huawei Pura series

လှပတဲ့ ဒီဇိုင်း၊ ပြိုင်ဖက်ကင်း ကင်မရာနဲ့ မူလ စတိုင်တို့ကို အဓိက အသားပေးထားတဲ့ Pura Series ဟာ စမတ်ဖုန်း နယ်ပယ်မှာ လှပမှုနဲ့ တီထွင်ဆန်းသစ်မှုကို ချပြတော့မှာ ဖြစ်ပါတယ်။

လူတွေက Pura Series ရဲ့ ပထမဆုံး ဖုန်းတွေကို ဘယ်လို နာမည်ပေးထားမလဲဆိုတာ စိတ်ဝင်စားနေကြပါတယ်။ တချို့က Pura 70 နဲ့ Pura 70 Series လို့ နာမည်ပေးထားမယ်လို့ ခန့်မှန်းနေကြပါတယ်။ Huawei က အဲဒီ အကြောင်းကို ဘာမှ မပြောသေးပါဘူး။

Leak suggests Huawei Pura 70 Ultra could hype new design aesthetics - Huawei  Central

Tipster Digital Chat Station က Pura 70 Series မှာ Huawei Pura 70, Pura 70 Pro, Pura 70 Pro+ နဲ့ Pura 70 Ultra စတဲ့ စမတ်ဖုန်းများစွာ ပါလာမယ်လို့ ပြောပါတယ်။ Ultra Version ဟာ Art Edition ရဲ့ မျိုးဆက်သစ် ဖြစ်လာမှာ ဖြစ်ပြီး Pro+ မော်ဒယ်နဲ့ Specification တွေ တူညီနိုင်ပါတယ်။ ဒါပေမယ့် ဒီဇိုင်းပိုကောင်းမှာ ဖြစ်ပါတယ်။ Pro နဲ့ Pro+ တို့ဟာ Battery နဲ့ ကင်မရာလို အပိုင်းတွေမှာ ကွဲပြားမှာ ဖြစ်ပါတယ်။

Ref : gizmochina