HUAWEI CONNECT 2020 ၏ New Value Together ခေါင်းစဉ်အောက်မှ “Thriving Digitally into A Mobile Future” အွန်လိုင်းဟောပြောပွဲကို Huawei က ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ Covid-19 ကြောင့် ခက်ခဲလျှက်ရှိသည့် အခြေအနေများကြားမှ Huawei က ဆန်းသစ်သော ငွေကြေးဆိုင်ရာ နည်းပညာများဖြင့် နိုင်ငံတကာ ဘဏ္ဍာရေးဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများအတွက် အကျိုးမြတ် အသစ်များကို ယုံကြည်ရသည့်မိတ်ဖက်တစ်ဦးအဖြစ် ဆောင်ကျဉ်းပေးလျှက်ရှိသည့် မိတ်ဖက်များနှင့် စံနှုန်းအသစ်များကို အတူတကွ ဖန်းတီးသွားရန်အတွက် ခိုင်မာသော ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားလျှက် ရှိကြောင်း ယခုအွန်လိုင်းဟောပြောပွဲကပြသနိုင်ခဲ့သည်။

ယခုနှစ် အွန်လိုင်းဟောပြောပွဲကို Boston Consulting Group (BCG) မှ Managing Director of Platinion Greater China ဖြစ်သူ Mr. Chen Guoက “အွန်လိုင်းငွေကြေးဆန်းသစ်မှု” ဆိုသည့် အကြောင်းအရာနှင့်အစချီခဲ့ပြီး KBZ ဘဏ်၏ စီအီးအိုဖြစ်သူ Mr. Michael B. Denoma က “ဘဏ္ဍာရေး ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲလာမှု၏ ကနေဦးစိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာများ” ကို ဆက်လက်၍ ပြောကြားခဲ့သည်။ ထို့နောက် Huawei Global Financial Services Business Unit, EBG ၏ Chief Digital Transformation Officer Mr. Chen Kun Te ၏ “ဘဏ်များ၏ ဒီဂျစ်တယ် ကူးပြောင်းရေးစနစ်ကို ခုတ်မောင်းပေးသည့် ကနေဦးမိုဘိုင်းဖုန်းနည်းဗျူဟာ” ခေါင်းစဉ်ဖြင့် ဟောပြော ပွဲကို အဆုံးသတ်ခဲ့သည်။

တစ်ကမ္ဘာလုံးအနှံ့ဖြစ်ပွားနေသည့် COVID-19 ၏ ဆိုးရွားသော နှောက်ယှက်မှုများသည် စီးပွားရေး နယ်ပယ်အားလုံးအပေါ်တွင် သက်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ သို့သော် လူသူအများ အိမ်ပြင်မထွက်ရသည့် အချိန်မျိုးတွင်လည်း ဘဏ္ဍာရေးဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများအနေဖြင့် အသုံးပြုသူများကို ဝန်ဆောင်မှုဆက်လက်ပေးနေဆဲဖြစ်ကာ FSI ကုမ္ပဏီများအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချ မှုပိုင်းတိုးတက်လာခဲ့ပြီး ကပ်ရောဂါနှင့် စိန်ခေါ်မှုများကိုလည်း ဖိဖိစီးစီးကိုင်တွယ်နိုင်ခဲ့ကြသည်။ ခိုင်ခံ့သော စီးပွားရေးဂေဟစနစ်တစ်ခုကို နိုင်ငံတကာမှမိတ်ဖက်များနှင့်အတူ အကောင်အထည် ဖော်ရန်နှင့် ၎င်းတို့၏သုံးစွဲသူများအား ဒစ်ဂျစ်တယ်ကူးပြောင်းရေးတွင် အရှိန်မြှင့်တင်ရန် ဆန်းသစ်သော ဖြေရှင်းချက် များကို ထောက်ပံ့ပမည်ဆိုသည့် ကတိကဝတ်များနှင့်အညီ Huawei က ကျယ်ပြန့်သော စီးပွားရေး စနစ်တစ်ခုကို ထူထောင်ရန်နှင့် ကမ္ဘာတစ်ဝန်းတွင် Huawei ၏ လျင်မြန်သော Cloud ဝန်ဆောင်မှုများဖြင့် ဝန်ဆောင်မှု ပိုမိုပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

Huawei သည် မြန်မာနိုင်ငံတွင် ကမ္ဘောဇဘဏ်နှင့်ပူးပါင်းခဲ့ပြီး KBZPay အယ်ပလီကေးရှင်းကို စတင်ခဲ့သည်။ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး (၁၈) လအတွင်း ယင်းအယ်ပလီကေးရှင်းကို မှတ်ပုံတင်သည့်လူဦးရေမှာ (၆) သန်းရှိခဲ့ပြီး မိတ်ဖက် (၁၀၀၀) ကျော်နှင့် ကိုယ်စားလှယ်ပေါင်း (၂၉၀,၀၀၀) ကျော်ရရှိလာခဲ့သည်။ KBZPay ငွေသွင်း၊ ငွေထုတ်နှုန်းသည်လည်း (၇) ဘီလီယံကျော် ရရှိလာခဲ့သည်။

ဆွေးနွေးပွဲအတွင်း Mr. Michael က ကမ္ဘောဇဘဏ်အနေဖြင့် Huawei နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ ရရှိလာသော အောင်မြင်မှု အသီးအပွင့်များကို ရှင်းပြခဲ့သည်။ “မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ် လောက်က ဘဏ်ခွဲတွေ၊ ATM တွေ အရမ်းမများသေးတဲ့အပြင် အရွယ်ရောက်ပြီးသားလူဦးရေတွေထဲကမှ ၄၀% နှုန်းလောက်မှာပဲ ဘဏ်အကောင့်ရှိကြပါတယ်။ ဒါပေမဲ့ မိုဘိုင်းဖုန်း သုံးစွဲသူဦးရေကတော့ ၁၀၀% နီပါးရှိတယ်။ မြန်မာနိုင်ငံဟာ အင်တာနက်သုံးစွဲခ အရမ်းသက်သာတဲ့ကမ္ဘာ့နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာပြီး မြို့ပြတွေမှာ ဒေါင်းလုတ်ဆွဲတဲ့နှုန်းဟာလည်း စင်္ကာပူနိုင်ငံထက် နှစ်ဆဖြစ်လာပါတယ်။ ဒီအားသာချက်တွေနဲ့ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာတိုးတက်လာဖို့ ကျွန်တော်တို့က ဒေတာတွေ အလို အလျောက် တွက်ချက်လေ့လာပေးတဲ့ ML နဲ့ AI ဝန်ဆောင်မှုအသစ်တစ်ခု အဖြစ် ဖုန်းတစ်လုံးရှိရုံနဲ့ စာရွက်စာတမ်းမလို လက်ဗွေရာနဲ့ ၂၄ နာရီ၊ ရက်သတ္တပတ်လုံး ချက်ခြင်းအသုံးပြုနိုင်မယ့် နိုင်ငံတကာ အဆင့်မီ mobile wallet တစ်ခုအကောင်အထည်ဖော်ဖို့စီစဉ်ခဲ့ပါတယ်။ ဒါကြောင့် ဒီလိုအလုံးစုံ စနစ်တွေကို ပံ့ပိုးပေးနိုင်မယ့် ကမ္ဘာ့နည်းပညာ နယ်ပယ်ကို ဦးဆောင်နေသူတစ်ဦးဖြစ်တဲ့ Huawei နဲ့အတူ လက်တွဲခဲ့ပါတယ်။ ဒီပူးပေါင်းမှုကနေ ရလာတဲ့ရလဒ်တွေကတော့ ကျေနပ်အားရစရာပါပဲ။” ဟု Mr. Michael က ၎င်း၏ ဗျူဟာမြောက် တွေးတောပုံကို ဝေမျှခဲ့သည်။

၂၀၁၈ ခုနှစ်မှစ၍ ကမ္ဘောဇဘဏ်သည် Huawei နှင့်လက်တွဲလာခဲ့ပြီး မြန်မာနိုင်ငံအနှံအပြားတွင် နေထိုင်ကြသူများအတွက် ပိုမိုကောင်းမွန်သော ငွေကြေးပိုင်းဆိုင်ရာဝန်ဆောင်မှုကို ရရှိနိုင်ရန်နှင့် လူနေမှု ဘဝတိုးတက်ရေးအတွက် ယခု “KBZPay” ဟုလူအများသိထားကြသည့် အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ် ငွေးကြေးပိုင်ဆိုင်ရာ အယ်ပလီကေးရှင်းကို ဆောင်ကျဉ်းပေးနိုင်ခဲ့သည်။ ပြီးခဲ့သော (၂) နှစ်အတွင်းတွင် အယ်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်သည့်အကြိမ်အရေအတွက်မှာ အသုံးပြုသူ အရေအတွက်၏ (၂) ဆဖြစ်သော (၆) သန်းအထိရှိလာပြီး တစ်လလျှင် ငွေသွင်း၊ ငွေထုတ်ပြုလုပ်သည့် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁) ဘီလီယံအထိရှိလာခဲ့သည်။ များပြားသော အသုံးပြုသူများ အဆင်ပြေ စေရန်နှင့် (၂၀၀) မီလီယံကျော်သော ငွေသွင်း၊ ငွေထုတ် အကြိမ်အရေအတွက်များကို ကိုင်တွယ်နိုင်ရန် ကမ္ဘောဇဘဏ်က ကိုယ်စားလှယ်များကို ထပ်မံခန့်ထားခဲ့သည်။

ကျင်းပခဲ့သောအွန်လိုင်းဟောပြောပွဲတွင် အဓိကအားဖြင့် မိုဘိုင်းငွေပေးချေမှုစနစ်၏ အရေးပါပုံကို ဦးစားပေး ဖော်ပြခဲ့ပြီး ဟောပြောသူများက ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကြောင့် ကမ္ဘာတဝန်းရှိ ကွဲပြား သော နေရာများတွင် ဖြစ်ပေါ်လာခဲ့သည့်ပြောင်းလဲမှုများကို ပြောကြားသွားခဲ့သည်။ ယခုနှစ်၏ HUAWEI CONNECT သည် “နည်းပညာဆိုင်ရာ Domain ငါးခုကို ပေါင်းစည်းမှုရလဒ်ဖြင့် ကျော်ဖြတ်ပြီး စံနှုန်းသစ်တစ်ခုကို ဖန်တီးခြင်း” ဖြစ်ပြီး နောင်အခါတွင် Huawei သည် စက်ရုံများအတွက် လိုအပ်သော ICT နည်းပညာများကို အသုံးချခြင်း၊ စီးပွားရေးမိတ်ဖက်များ လုပ်ငန်းချဲ့ထွင်ရာတွင် အကူအညီ ဖြစ်စေမည့် စီမံကိန်းများအတွက် ဖြစ်နိုင်ချေရှိပြီး တိကျသောဖြေရှင်းချက်များဖြင့် ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်သည်။

Source – HUAWEI