[Zawgyi]

လြန္ခဲ့တဲ့ႏွစ္ေတြတုန္းကဆိုရင္ Apple နဲ႔ Samsung တို႔ဟာ အဓိကၿပိဳင္ဘက္ႀကီး ၂ဦးအျဖစ္ စမတ္ဖုန္းေလာကႀကီးကို အုပ္စိုးခဲ့ၾကပါတယ္။ ဒါေပမယ့္ ယခုအခါမွာေတာ့ သူတို႔ရဲ႕ ေစ်းကြက္ေဝစုေတြကို ရယူသိမ္းပိုက္ေနတဲ့ တတိယေျမာက္ ၿပိဳင္ဘက္ႀကီး ထြက္ေပၚေနပါၿပီ။ ၂၀၁၈ခုႏွစ္ကစၿပီး ေအာင္ျမင္မႈမ်ားစြာကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ Huawei ပဲ ျဖစ္ပါတယ္။

P20 Pro ကို မိတ္ဆက္ၿပီးေနာက္ပိုင္း ေအာင္ျမင္မႈေတြကို ဆက္တိုက္ဆိုသလို ရယူႏိုင္ခဲ့တဲ့ Huawei ဟာ လြန္ခဲ့တဲ့ ၂ႏွစ္ေက်ာ္တုန္းက Huawei နဲ႔ လုံးဝကို ကြဲျပားျခားနားသြားၿပီ ျဖစ္ပါတယ္။ Dual-camera ေတြ ေရပန္းစားေနတဲ့ အခ်ိန္မွာ ကမာၻ႔ပထမဦးဆုံး Triple-camera ပါတဲ့ P20 Pro ကို ထုတ္ျပလိုက္တာကလည္း Huawei ရဲ႕ လွပတဲ့အနာဂတ္ဆီကို အေရာက္တြန္းပို႔သလို ျဖစ္သြားေစပါတယ္။ ဒါ့အျပင္ Triple-camera ထဲမွာပါတဲ့ Monochrome Sensor ကလည္း ပိုမိုေကာင္းမြန္တဲ့ Low-light ဓာတ္ပုံေတြကို ထုတ္ေပးႏိုင္ခဲ့တာေၾကာင့္ စမတ္ဖုန္းကင္မရာေလာကမွာ Night Mode ဆိုတဲ့ အရာကို တေခတ္ဆန္းေစခဲ့ျပန္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Triple-camera ပါတဲ့ စမတ္ဖုန္းေတြဟာ ေခတ္ေရစီးေၾကာင္းထဲမွာ စတင္ေမ်ာပါလာၿပီး Samsung အပါအဝင္ တျခားေသာ စမတ္ဖုန္းကုမၸဏီ ေတာ္ေတာ္မ်ားမ်ားကလည္း Triple-camera စမတ္ဖုန္းေတြကို ထုတ္လုပ္လာၾကပါတယ္။

Huawei P20 Pro ( Twilight )

Samsung အေနနဲ႔ Quad-camera စမတ္ဖုန္းကို Upper Mid-range အမ်ိဴးအစားျဖစ္တဲ့ Galaxy A9 (2018) နဲ႔အတူ ဦးေဆာင္ခဲ့ေပမယ့္ ထင္သေလာက္ ခရီးမေရာက္ခဲ့ဘူးလို႔ ေျပာရမွာပါ။ ဒါ့ေၾကာင့္လည္း ၂၀၁၉ခုႏွစ္ထုတ္ Flagship စမတ္ဖုန္းေတြျဖစ္တဲ့ Galaxy S10 နဲ႔ S10+ တို႔မွာ Triple-camera Setup ကိုသာ အသုံးျပဳခဲ့တာ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာ ျမင္ေတြ႕ရေတာ့မယ့္ Galaxy Note 10+ မွာေတာ့ P30 Pro လိုမ်ိဴးဒီဇိုင္းနဲ႔ Quad-camera Setup ကို အသုံးျပဳထားမယ္လို႔ ယူဆရပါတယ္။ Galaxy Note 10+ မွာ တပ္ဆင္အသုံးျပဳထားမယ့္ Camera Sensors ေတြ ကြဲျပားႏိုင္ေပမယ့္ Renders ဓာတ္ပုံေတြအရ Camera Setup ဒီဇိုင္းနဲ႔ အေရာင္ေျပး ကာလာဒီဇိုင္းေတြကေတာ့ P30 Pro နဲ႔ ဆင္တူတယ္ဆိုတာကို ျငင္းလို႔မရဘူး ထင္ပါတယ္။ စမတ္ဖုန္းေလာကမွာ Gradient လို႔ေခၚတဲ့ အေရာင္ေျပးဒီဇိုင္းေတြ ေရပန္းစားလာေအာင္ ဦးေဆာင္ခဲ့သူကလည္း Huawei ပဲျဖစ္ၿပီး၊ P20 Pro ( Twilight ) ကာလာနဲ႔အတူ စတင္ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။

Huawei P30 Pro vs Samsung Galaxy Note 10+ (Press Render)

Huawei က ဦးေဆာင္လမ္းေဖာက္ၿပီး ေခတ္ေရစီးေၾကာင္း အစပ်ိဴးခဲ့တဲ့ အေၾကာင္းအရာေတြကို ေျပာမယ္ဆိုရင္ Mate 20 Pro ကိုလည္း ခ်န္လွပ္ထားလို႔ မရပါဘူး။ Square-shaped Camera Modules နဲ႔ Reverse Wireless Charging ေတြဟာ Mate 20 Pro ရဲ႕ အထင္ကရ အမွတ္အသားမ်ား ျဖစ္ၾကပါတယ္။ တိတိက်က် ေျပာရမယ္ဆိုရင္ ေလးေထာင့္ ပုံစံခြက္ထဲကို Camera Sensors ေတြ ထည့္သြင္းတပ္ဆင္တာဟာ Mate 20 Pro က စတင္ခဲ့တာ မဟုတ္ေပမယ့္ ေသခ်ာတာကေတာ့ Mate 20 Pro ရဲ႕ Camera Setup ဒီဇိုင္းဟာ တျခားေသာ နာမည္ႀကီး စမတ္ဖုန္းထုတ္လုပ္သူေတြ သေဘာက်ေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္။ ဒီအခ်က္ကို ဒီႏွစ္ကုန္ခါနီးမွာ ပြဲထြက္လာၾကမယ့္ iPhone 11 (XI) နဲ႔ Pixel 4 တို႔ရဲ႕ Camera ဒီဇိုင္းကို ေဖာ္ျပထားတဲ့ Renders ဓာတ္ပုံေတြက ေထာက္ျပေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ လူေတာ္ေတာ္မ်ားမ်ားကလည္း Apple နဲ႔ Google တို႔ဟာ Huawei ရဲ႕ ဒီဇိုင္းကို ကူးယူအသုံးခ်ေနတယ္ဆိုၿပီး ျပစ္တင္ေဝဖန္ စြပ္စြဲေျပာဆိုေနၾကပါေသးတယ္။ ဒါေပမယ့္ iPhone 11 (XI) နဲ႔ Pixel 4 တို႔ရဲ႕ Camera Sensor ထည့္သြင္းတပ္ဆင္ပုံကေတာ့ ကြဲျပားျခားနားပါတယ္။

iPhone 11 ( Concept )

မည္သို႔ပင္ဆိုေစကာမူ Huawei ဟာ စမတ္ဖုန္းေလာကမွာ ေခါင္းေဆာင္သူေတြထဲက တစ္ဦး ျဖစ္လာၿပီဆိုတာကို ျငင္းလို႔ရမယ္ မထင္ပါဘူး။ လက္ရွိအခ်ိန္မွာ Apple ကို ေက်ာ္တက္ၿပီး ကမာၻ႔ဒုတိယအႀကီးဆုံး စမတ္ဖုန္းထုတ္လုပ္သူအျဖစ္ ရပ္တည္ေနတဲ့ Huawei ဟာ ကမာၻ႔အႀကီးဆုံး စမတ္ဖုန္းထုတ္လုပ္သူျဖစ္တဲ့ Samsung ရဲ႕ သရဖူကို သိမ္းပိုက္ဖို႔ မ်က္ေစာင္းထိုးေနတာလည္း ျဖစ္ပါတယ္။

Ref : PhoneArena

[Unicode]

Huawei ဟာ ဦးဆောင်သူဖြစ်ကြောင်း Galaxy Note 10 နဲ့ iPhone 11 တို့က သက်သေတည်

လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင် Apple နဲ့ Samsung တို့ဟာ အဓိကပြိုင်ဘက်ကြီး ၂ဦးအဖြစ် စမတ်ဖုန်းလောကကြီးကို အုပ်စိုးခဲ့ကြပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ သူတို့ရဲ့ ဈေးကွက်ဝေစုတွေကို ရယူသိမ်းပိုက်နေတဲ့ တတိယမြောက် ပြိုင်ဘက်ကြီး ထွက်ပေါ်နေပါပြီ။ ၂၀၁၈ခုနှစ်ကစပြီး အောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ Huawei ပဲ ဖြစ်ပါတယ်။

P20 Pro ကို မိတ်ဆက်ပြီးနောက်ပိုင်း အောင်မြင်မှုတွေကို ဆက်တိုက်ဆိုသလို ရယူနိုင်ခဲ့တဲ့ Huawei ဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော်တုန်းက Huawei နဲ့ လုံးဝကို ကွဲပြားခြားနားသွားပြီ ဖြစ်ပါတယ်။ Dual-camera တွေ ရေပန်းစားနေတဲ့ အချိန်မှာ ကမ္ဘာ့ပထမဦးဆုံး Triple-camera ပါတဲ့ P20 Pro ကို ထုတ်ပြလိုက်တာကလည်း Huawei ရဲ့ လှပတဲ့အနာဂတ်ဆီကို အရောက်တွန်းပို့သလို ဖြစ်သွားစေပါတယ်။ ဒါ့အပြင် Triple-camera ထဲမှာပါတဲ့ Monochrome Sensor ကလည်း ပိုမိုကောင်းမွန်တဲ့ Low-light ဓာတ်ပုံတွေကို ထုတ်ပေးနိုင်ခဲ့တာကြောင့် စမတ်ဖုန်းကင်မရာလောကမှာ Night Mode ဆိုတဲ့ အရာကို တခေတ်ဆန်းစေခဲ့ပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့ Triple-camera ပါတဲ့ စမတ်ဖုန်းတွေဟာ ခေတ်ရေစီးကြောင်းထဲမှာ စတင်မျောပါလာပြီး Samsung အပါအဝင် တခြားသော စမတ်ဖုန်းကုမ္ပဏီ တော်တော်များများကလည်း Triple-camera စမတ်ဖုန်းတွေကို ထုတ်လုပ်လာကြပါတယ်။

Huawei P20 Pro ( Twilight )

Samsung အနေနဲ့ Quad-camera စမတ်ဖုန်းကို Upper Mid-range အမျိူးအစားဖြစ်တဲ့ Galaxy A9 (2018) နဲ့အတူ ဦးဆောင်ခဲ့ပေမယ့် ထင်သလောက် ခရီးမရောက်ခဲ့ဘူးလို့ ပြောရမှာပါ။ ဒါ့ကြောင့်လည်း ၂၀၁၉ခုနှစ်ထုတ် Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S10 နဲ့ S10+ တို့မှာ Triple-camera Setup ကိုသာ အသုံးပြုခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ မြင်တွေ့ရတော့မယ့် Galaxy Note 10+ မှာတော့ P30 Pro လိုမျိူးဒီဇိုင်းနဲ့ Quad-camera Setup ကို အသုံးပြုထားမယ်လို့ ယူဆရပါတယ်။ Galaxy Note 10+ မှာ တပ်ဆင်အသုံးပြုထားမယ့် Camera Sensors တွေ ကွဲပြားနိုင်ပေမယ့် Renders ဓာတ်ပုံတွေအရ Camera Setup ဒီဇိုင်းနဲ့ အရောင်ပြေး ကာလာဒီဇိုင်းတွေကတော့ P30 Pro နဲ့ ဆင်တူတယ်ဆိုတာကို ငြင်းလို့မရဘူး ထင်ပါတယ်။ စမတ်ဖုန်းလောကမှာ Gradient လို့ခေါ်တဲ့ အရောင်ပြေးဒီဇိုင်းတွေ ရေပန်းစားလာအောင် ဦးဆောင်ခဲ့သူကလည်း Huawei ပဲဖြစ်ပြီး၊ P20 Pro ( Twilight ) ကာလာနဲ့အတူ စတင်ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

Huawei P30 Pro vs Samsung Galaxy Note 10+ (Press Render)

Huawei က ဦးဆောင်လမ်းဖောက်ပြီး ခေတ်ရေစီးကြောင်း အစပျိူးခဲ့တဲ့ အကြောင်းအရာတွေကို ပြောမယ်ဆိုရင် Mate 20 Pro ကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။ Square-shaped Camera Modules နဲ့ Reverse Wireless Charging တွေဟာ Mate 20 Pro ရဲ့ အထင်ကရ အမှတ်အသားများ ဖြစ်ကြပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် လေးထောင့် ပုံစံခွက်ထဲကို Camera Sensors တွေ ထည့်သွင်းတပ်ဆင်တာဟာ Mate 20 Pro က စတင်ခဲ့တာ မဟုတ်ပေမယ့် သေချာတာကတော့ Mate 20 Pro ရဲ့ Camera Setup ဒီဇိုင်းဟာ တခြားသော နာမည်ကြီး စမတ်ဖုန်းထုတ်လုပ်သူတွေ သဘောကျလောက်အောင် ဖြစ်ခဲ့ရပါတယ်။ ဒီအချက်ကို ဒီနှစ်ကုန်ခါနီးမှာ ပွဲထွက်လာကြမယ့် iPhone 11 (XI) နဲ့ Pixel 4 တို့ရဲ့ Camera ဒီဇိုင်းကို ဖော်ပြထားတဲ့ Renders ဓာတ်ပုံတွေက ထောက်ပြနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူတော်တော်များများကလည်း Apple နဲ့ Google တို့ဟာ Huawei ရဲ့ ဒီဇိုင်းကို ကူးယူအသုံးချနေတယ်ဆိုပြီး ပြစ်တင်ဝေဖန် စွပ်စွဲပြောဆိုနေကြပါသေးတယ်။ ဒါပေမယ့် iPhone 11 (XI) နဲ့ Pixel 4 တို့ရဲ့ Camera Sensor ထည့်သွင်းတပ်ဆင်ပုံကတော့ ကွဲပြားခြားနားပါတယ်။

iPhone 11 ( Concept )

မည်သို့ပင်ဆိုစေကာမူ Huawei ဟာ စမတ်ဖုန်းလောကမှာ ခေါင်းဆောင်သူတွေထဲက တစ်ဦး ဖြစ်လာပြီဆိုတာကို ငြင်းလို့ရမယ် မထင်ပါဘူး။ လက်ရှိအချိန်မှာ Apple ကို ကျော်တက်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူအဖြစ် ရပ်တည်နေတဲ့ Huawei ဟာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Samsung ရဲ့ သရဖူကို သိမ်းပိုက်ဖို့ မျက်စောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

Ref : PhoneArena