Huawei ကုမ္ပဏီကနေ Huawei Honor V10 ကို ထုတ်လုပ်ရင်းနဲ့ နောက်ထပ်နည်းပညာတစ်ခုကိုပါ ပြသသွားခဲ့ပါတယ်။ အဲ့ဒါကတော့ Apple ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Face ID စနစ်နဲ့ ထပ်တူညီတဲ့ Face ID စနစ်တစ်ခုပဲဖြစ်ပါတယ်။

Huawei ရဲ့ ပြောကြားချက်အရတော့ Huawei ကုမ္ပဏီဟာ ပိုပြီးကောင်းမွန်တဲ့ Light 3D Sensor တွေကိုပြုလုပ်နေပြီး အဆိုပါ Sensor တွေဟာ မျက်နှာပြင်မှာရှိတဲ့ Points ပေါင်း ၃ သိန်းကို ၁၀ စက္ကန့်အတွင်းမှတ်သားထားပြီး iPhone X ထက်အဆများစွာမြန်ဆန်တဲ့ ၀.၄ စက္ကန့်အတွင်း ပွင့်အောင်ပြုလုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

အခုလောလောဆယ်မှာတော့ အခု Huawei က ကြေငြာသွားတဲ့ Face ID စနစ်ကို အသုံးပြုထားတဲ့ဖုန်းမရှိသေးပေမယ့် နောက်နှစ်မှာထုတ်လုပ်မယ့် Huawei ဖုန်းတွေမှာတော့ ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Huawei က နောက်ထပ် Apple iPhone X ရဲ့ Animoji လိုမျိုး စနစ်တစ်ခုကိုလည်း ပြသခဲ့ပြီး Apple ထက်ပိုပြီးကောင်းမွန်တဲ့အတွက် အသုံးပြုသူရဲ့ လျှာကိုပါ Scan ဖတ်နိုင်တယ်လို့ ပြောကြားသွားပါတယ်။