[Zawgyi]

Huawei အေနနဲ႔ ၂၀၁၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Maimang 7 ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း Maimang 8 ကို တ႐ုတ္ႏိုင္ငံမွာ တရားဝင္ မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။ ႏိုင္ငံတကာေစ်းကြက္မွာေတာ့ Huawei Mate 30 Lite အမည္နဲ႔ ဝင္ေရာက္လာႏိုင္ပါတယ္။ Maimang 8 ရဲ႕ Processor အတြက္ Kirin 710 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။

Display အပိုင္းအတြက္ ၆.၂၁လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ IPS LCD Display ကို အသုံးျပဳထားမွာျဖစ္ၿပီး FHD+ Resolution နဲ႔ ျဖစ္ပါတယ္။ Operating System အပိုင္းအတြက္ Android 9 Pie (EMUI 9) ကို ထည့္သြင္းေမာင္းႏွင္ထားပါတယ္။ Triple Camera Setup မွာ 24MP Sensor ကို Main Camera အျဖစ္ အသုံးျပဳထားၿပီး 16MP Superwide Lens + 2MP Depth Sensor ေတြနဲ႔ တြဲဖက္တပ္ဆင္ထားပါတယ္။ Waterdrop Notch ထဲမွာေတာ့ 8MP Selfie Camera ကို ထည့္သြင္းတပ္ဆင္ထားမွာပါ။

 

ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 3400mAh ပါဝင္ၿပီး 10W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။ လုံၿခဳံေရးအပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားပါတယ္။ Maimang 8 ကို အေရာင္ေတြအေနနဲ႔ Magic Night Black, Blue Sapphire ဆိုတဲ့ အေရာင္ ၂မ်ိဴူး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္ၿပီး ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၁၈၉၉ ယြမ္ ( ျမန္မာ ၄သိန္း ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။

Ref : Gizmochina

[Unicode]

Maimang 8 ဆိုတဲ့ စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်သွားတဲ့ Huawei

Huawei အနေနဲ့ ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Maimang 7 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း Maimang 8 ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ နိုင်ငံတကာစျေးကွက်မှာတော့ Huawei Mate 30 Lite အမည်နဲ့ ဝင်ရောက်လာနိုင်ပါတယ်။ Maimang 8 ရဲ့ Processor အတွက် Kirin 710 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Display အပိုင်းအတွက် ၆.၂၁လက်မ မျက်နှာပြင် အကျယ်ရှိ IPS LCD Display ကို အသုံးပြုထားမှာဖြစ်ပြီး FHD+ Resolution နဲ့ ဖြစ်ပါတယ်။ Operating System အပိုင်းအတွက် Android 9 Pie (EMUI 9) ကို ထည့်သွင်းမောင်းနှင်ထားပါတယ်။ Triple Camera Setup မှာ 24MP Sensor ကို Main Camera အဖြစ် အသုံးပြုထားပြီး 16MP Superwide Lens + 2MP Depth Sensor တွေနဲ့ တွဲဖက်တပ်ဆင်ထားပါတယ်။ Waterdrop Notch ထဲမှာတော့ 8MP Selfie Camera ကို ထည့်သွင်းတပ်ဆင်ထားမှာပါ။

ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3400mAh ပါဝင်ပြီး 10W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ လုံခြုံရေးအပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။ Maimang 8 ကို အရောင်တွေအနေနဲ့ Magic Night Black, Blue Sapphire ဆိုတဲ့ အရောင် ၂မျိူူး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး စျေးနှုန်းကတော့ တရုတ်ငွေ ၁၈၉၉ ယွမ် ( မြန်မာ ၄သိန်း ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref : Gizmochina