Huawei ဟာ ဇူလိုင် ၂၇ ရက်နေ့  ဒီနေ့မှာ 5G Mid-range စမတ်ဖုန်းသစ် Huawei Maimang 9 ကို ထပ်မံမိတ်ဆက်သွားဦးမှာ ဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်ရက်မတိုင်ခင် တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူဟာ Maimang 9 ရဲ့ တရားဝင်ဒီဇိုင်းကို မတူညီတဲ့ ကာလာတွေနဲ့ အွန်လိုင်းအရောင်းဆိုက်တွေမှာ ပြသလာခဲ့တယ်။

ခြုံပြောရရင် Huawei Maimang 9 ဟာ ရှေ့ဘက်မှာ Punch-hole Display နဲ့ နောက်ဘက်မှာ ဆေးတောင့်ပုံသဏ္ဍာန် ကင်မရာသုံးလုံးတွဲပါဝင်တဲ့ ပုံမှန်မြင်နေကျ ပုံမျိုးပါပဲ။ အချက်အလက်ပိုင်းအရဆိုရင်တော့ သူ့မှာ 6.81” FHD+ LCD Display ကြီး ပါဝင်လာပြီး Fingerprint ကို အခုရေစီးအတိုင်း ဘေးဘက်မှာ ထည့်သွင်းလာပါတယ်။

ကင်မရာပိုင်းမှာတော့ Huawei Maimang 9 ဟာ နောက်ဘက်မှာ 64MP အဓိကကင်မရာကို 8MP Ultrawide နဲ့ 2MP Depth/Macro Sensor နှစ်ခုဖြင့် ဝန်းရံထားပြီး ရှေ့ဘက်မှာ 16MP ဆဲလ်ဖီးကင်မရာပါဝင်ပါတယ်။

5G Midrange ဆိုတဲ့အတိုင်း Maimang 9 မှာ MediaTek ရဲ့ Dimensity 800 ချစ်ပ်ဆက်ကို အသုံးပြုလာမှာပါ။ မန်မိုရီ ကတော့ 6/128GB နဲ့ 8/128GB ဆိုပြီး နှစ်မျိုးရရှိနိုင်မှာဖြစ်ပါတယ်။ ဘက္ထရီကတော့ 4,300 mAh ယူနစ်ဖြစ်ပြီး Fast Charging စနစ် တစ်ခုခုတော့ ပါမှာပါ။

Ref – PlayfulDroid