Huawei ကနေ Mate 10 Pro စမတ်ဖုန်းကို ရောင်းချပြီး အခုအချိန်မှာတော့ Huawei Mate 10 Porsche Edition ကို ရောင်းချမယ့်နေ့ရက်နဲ့ ဈေးနှုန်းကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အခု Huawei Mate 10 Porsche Edition ရဲ့ ဈေးနှုန်းက လက်ရှိဈေးအများဆုံး စမတ်ဖုန်းတစ်ခုဖြစ်တဲ့ iPhone X ထက်တောင် ဈေးပိုကြီးနေတာဖြစ်ပါတယ်။

Huawei ဟာ Huawei Mate 10 Pro ကို ဒေါ်လာ ၈၀၀ ဝန်းကျင်နဲ့ ရောင်းချခဲ့ပြီးတော့ အခု Huawei Mate 10 Porsche Edition ကိုတော့ ဒေါ်လာ ၁၂၂၅ ဝန်းကျင်နဲ့ရောင်းချပေးသွားမယ်လို့သိရပါတယ်။ အဲ့ဒီအတွက် ဈေးနှုန်းအနေနဲ့ Apple ရဲ့ iPhone X ထက်တောင် ပိုပြီးဈေးများနေမှာဖြစ်ပါတယ်။

Huawei Mate 10 Porsche Design ဖုန်းက ရိုးရိုး Mate 10 နဲ့ယှဉ်ရင် ဒီဇိုင်းပိုင်းမှာ နောက်ကျောဘက်က အမည်းရောင်မှန်ကိုယ်ထည် နဲ့ Porsche Design အစင်းကြောင်းတစ်ခုပဲပါဝင်တာကွာခြားသွားတာဖြစ်ပါတယ်။ ဒါပေမယ့် Huawei Mate 10 Porsche Edition မှာတော့ Storage က 256GB Storage ပါဝင်မှာပါ။

Huawei ကနေ အခု Mate 10 Pro စမတ်ဖုန်းကို လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။