Huawei ကနေ ထုတ်လုပ်ခဲ့တဲ့ Huawei Mate 10 စမတ်ဖုန်းဟာ ပထမဆုံးအနေနဲ့ AI Processor အသုံးပြုထားတဲ့ CPU ပါဝင်တဲ့စမတ်ဖုန်းဖြစ်ပြီး မနှစ်က ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေထဲမှာ နည်းပညာအမြင့်ဆုံးစမတ်ဖုန်းလည်း ဖြစ်ပါတယ်။

အခုအချိန်မှာတော့ Huawei ကနေ လာမယ့် Mate 11 ဒါမှမဟုတ် Mate 20 စမတ်ဖုန်းမှာ လက်ရှိစမတ်ဖုန်းအချို့မှာပဲအသုံးပြုနေသေးတဲ့ Feature ကို ထည့်သွင်းလာမယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒါကတော့ လက်ရှိ Vivo စမတ်ဖုန်းတွေမှာပဲတွေ့နေရသေးတဲ့ Under Display Fingerprint နည်းပညာပဲဖြစ်ပါတယ်။ အခုသတင်းကို သေချာသွားစေတာကတော့ Huawei ဟာ အခု Under Display နည်းပညာအတွက် Qualcomm ၊ China ရဲ့ O-film Tech တို့နဲ့ပူးပေါင်းလိုက်တာကြောင့်ပဲဖြစ်ပါတယ်။

အခုလိုမျိုး Qualcomm လိုမျိုး နည်းပညာကုမ္ပဏီကြီးနဲ့ ပူးပေါင်းလိုက်တဲ့အတွက် Huawei ရဲ့ Mate 11 စမတ်ဖုန်းဟာ လက်ရှိ Vivo စမတ်ဖုန်းတွေထက် ပိုပြီးကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။