Huawei ကနေ ပြီးခဲ့တဲ့ မတ်လတုန်းက Huawei P20 စမတ်ဖုန်းတွေကို မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အဆိုပါ Huawei P20 ဖုန်းတွေမှာ မနှစ်က Processor ဖြစ်တဲ့ Huawei Mate 10 စမတ်ဖုန်းမှာ အသုံးပြုထားတဲ့ Kirin 970 Processor ကိုပဲ အသုံးပြုခဲ့တာပါ။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ အခုနောက်ဆုံးထွက်ရှိထားတဲ့ Snapdragon 845 Processor တွေနဲ့ ယှဉ်ရင် အနည်းငယ်နှေးတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် Huawei ကနေ ယခုနှစ်ဝက်နောက်ပိုင်းမှာ ထွက်ရှိမယ့် Mate 20 ဖုန်းမှာတော့ ပိုပြီးအဆင့်မြှင့်တင်ထားတဲ့ Kirin 980 Processor ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Kirin 980 CPU ကိုအသုံးပြုလာမယ့် Mate 20 စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်တွေကို တွေ့မြင်လာရပြီပဲဖြစ်ပါတယ်။

Kirin 980 CPU ဟာ ဆိုရင် လက်ရှိအချိန်မှာ အမြန်ဆုံးသော Processor တစ်ခုဖြစ်တဲ့ Qualcomm Snapdragon 845 Processor ထက်တောင် ၅၀ ရာခိုင်နှုန်းလောက်ပိုပြီး မြန်ဆန်နေတာပဲဖြစ်ပါတယ်။

Huawei Mate 20 ဟာ လက်ရှိ Huawei P20 Pro မှာပါဝင်တဲ့ Leica ကင်မရာ ၃ လုံးပါဝင်မယ့်အပြင် Under-Display Fingerprint ပါဝင်လာမှာဖြစ်တဲ့အတွက် အကောင်းဆုံးသော Huawei ဖုန်းတစ်ခုဖြစ်လာဦးမှာပါ။