Zawgyi

Huawei Mate20 Series ေတြက Android ဖုန္းေတြထဲမွာဆိုရင္ 7nm Architecture နဲ႔တည္ေဆာက္ထားတဲ့ HiSilicon Kirin 980 SoC ကို ပထမဦးဆုံး အသုံးျပဳထားတဲ့ စမတ္ဖုန္းေတြ ျဖစ္တာေၾကာင့္ Performance အေကာင္းဆုံး စမတ္ဖုန္းေတြ ျဖစ္မယ္ဆိုတာ အရင္ကတည္းက ေမွ်ာ္လင့္ထားၿပီးသားပါ။

ဒီေန႔မွာေတာ့ ေအာက္တိုဘာလအတြက္ Performance အေကာင္းဆုံး Android စမတ္ဖုန္းေတြကို AnTuTu က တရားဝင္ ထုတ္ျပန္ေၾကညာလိုက္ပါၿပီ။ ထင္ထားတဲ့ အတိုင္းပဲ Huawei Mate20 Series စမတ္ဖုန္း ၃လုံးက AnTuTu ဇယားရဲ႕ Top 3 ေနရာကို သိမ္းပိုက္ထားႏိုင္ပါတယ္။ ထင္မွတ္ မထားတာက Mate20 X က တတိယေနရာေရာက္ေနၿပီး Mate20 က ပထမေနရာကို ေရာက္ေနတာပါ။ တကယ္ဆိုရင္ Gaming စမတ္ဖုန္း ျဖစ္တဲ့ Mate20 X က ပထမေနရာ ေရာက္သင့္ၿပီး Mate20 ကေတာ့ တတိယေနရာမွာ ရွိသင့္ပါတယ္။ ဒါ့ေပမယ့္လည္း ရမွတ္ေတြက အမ်ားႀကီး ကြာျခားမသြားတာကို ေတြ႕ရမွာပါ။

 

စတုတၳနဲ႔ ပၪၥမေနရာေတြကိုေတာ့ Snapdragon 845 SoC (10nm) ကို Overclocked လုပ္ထားတဲ့ Xiaomi Black Shark Helo နဲ႔ Black Shark တို႔က ရယူထားၾကပါတယ္။ ေလာေလာဆယ္မွာေတာ့ AnTuTu ဇယားရဲ႕ ထိပ္ဆုံးေနရာေတြကို Mate 20 Series ေတြကပဲ သိမ္းပိုက္ထားမွာပါ။ Qualcomm ရဲ႕ မ်ိဴးဆက္သစ္ 7nm SoC ေတြ ထြက္လာတဲ့ အခါက်ရင္ Mate 20 Series ေတြက ဇယားထိပ္မွာ ဆက္လက္ရပ္တည္ႏိုင္မလား၊ ဇယားေအာက္ကို က်သြားမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref: gadgets.ndtv

Unicode

Performance အကောင်းဆုံး စမတ်ဖုန်းတွေအဖြစ် AnTuTu ဇယားထိပ်မှာ မင်းမူနေတဲ့ Huawei Mate20 Series

Huawei Mate20 Series တွေက Android ဖုန်းတွေထဲမှာဆိုရင် 7nm Architecture နဲ့တည်ဆောက်ထားတဲ့ HiSilicon Kirin 980 SoC ကို ပထမဦးဆုံး အသုံးပြုထားတဲ့ စမတ်ဖုန်းတွေ ဖြစ်တာကြောင့် Performance အကောင်းဆုံး စမတ်ဖုန်းတွေ ဖြစ်မယ်ဆိုတာ အရင်ကတည်းက မျှော်လင့်ထားပြီးသားပါ။

ဒီနေ့မှာတော့ အောက်တိုဘာလအတွက် Performance အကောင်းဆုံး Android စမတ်ဖုန်းတွေကို AnTuTu က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ထင်ထားတဲ့ အတိုင်းပဲ Huawei Mate20 Series စမတ်ဖုန်း ၃လုံးက AnTuTu ဇယားရဲ့ Top 3 နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။ ထင်မှတ် မထားတာက Mate20 X က တတိယနေရာရောက်နေပြီး Mate20 က ပထမနေရာကို ရောက်နေတာပါ။ တကယ်ဆိုရင် Gaming စမတ်ဖုန်း ဖြစ်တဲ့ Mate20 X က ပထမနေရာ ရောက်သင့်ပြီး Mate20 ကတော့ တတိယနေရာမှာ ရှိသင့်ပါတယ်။ ဒါ့ပေမယ့်လည်း ရမှတ်တွေက အများကြီး ကွာခြားမသွားတာကို တွေ့ရမှာပါ။

စတုတ္ထနဲ့ ပဥ္စမနေရာတွေကိုတော့ Snapdragon 845 SoC (10nm) ကို Overclocked လုပ်ထားတဲ့ Xiaomi Black Shark Helo နဲ့ Black Shark တို့က ရယူထားကြပါတယ်။ လောလောဆယ်မှာတော့ AnTuTu ဇယားရဲ့ ထိပ်ဆုံးနေရာတွေကို Mate 20 Series တွေကပဲ သိမ်းပိုက်ထားမှာပါ။ Qualcomm ရဲ့ မျိူးဆက်သစ် 7nm SoC တွေ ထွက်လာတဲ့ အခါကျရင် Mate 20 Series တွေက ဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်မလား၊ ဇယားအောက်ကို ကျသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: gadgets.ndtv