Zawgyi

Huawei ရဲ႕ မ်ိဴးဆက္သစ္ Mate စီးရီးေတြနဲ႔ ပတ္သတ္ၿပီး ေကာလဟလ သတင္းေတြက ထြက္ၿပီးရင္ ထြက္ေနဆဲပါ။ မၾကာေသးမီက Huawei Mate 20 နဲ႔ Mate 20 Pro တို႔မွာ Kirin 980 SoC, 4000mAh battery, Face ID မ်ား ပါဝင္လာမယ့္အေၾကာင္း သတင္းမ်ား ထြက္ေပၚထားတာ ရွိပါတယ္။ ဒီေန႔မွာလည္း အဆိုပါ Mate 20 စမတ္ဖုန္းေတြဟာ Samsung ရဲ႕ Flagship ဖုန္းေတြမွာ ျမင္ေတြ႕ရတဲ့ Curved OLED Display ေတြကို အသုံးျပဳထားေၾကာင္း သတင္းမ်ား ထပ္မံထြက္ေပၚလာျပန္ပါတယ္။

ေပါက္ၾကားထြက္ေပၚခဲ့တဲ့ သတင္းေတြအရ Mate 20 စမတ္ဖုန္းေတြရဲ႕ အထက္၊ ေအာက္ နဲ႔ ေဘးေဘာင္ေတြဟာ ပိုေသးငယ္လာတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Mate 20 ရဲ႕ Notch ဟာ Mate 20 Pro ရဲ႕ Notch ထက္ အ႐ြယ္အစား ပိုေသးတယ္လို႔လည္း သိရပါေသးတယ္။ ဆိုလိုတာက Mate 20 မွာ သာမန္ Face Unlock စနစ္သာ ပါဝင္လာႏိုင္ၿပီး Mate 20 Pro မွာေတာ့ ပိုမို လုံၿခဳံစိတ္ခ်ရတဲ့ Face ID စနစ္ကို ထည့္သြင္း တပ္ဆင္ ထားႏိုင္ပါတယ္။ တစ္ခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ Mate 20 စမတ္ဖုန္းေတြရဲ႕ လုံၿခဳံေရးအပိုင္းအတြက္ Face Unlock/ Face ID အျပင္ Display ေအာက္မွာ ျမႇပ္ႏွံထားတဲ့ In-display Fingerprint Sensor ကိုလည္း ထည့္သြင္းထားႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Huawei Mate 20 Pro ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ P20 Pro မွာ ေဒါင္လိုက္ တပ္ဆင္ခဲ့တဲ့ ကင္မရာ ၃လုံးကို ေလးေထာင့္ ပုံသ႑ာန္ေျပာင္းၿပီး တပ္ဆင္ထားႏိုင္ပါတယ္။ Mate 20 ရဲ႕ ေရွ႕ဘက္မ်က္ႏွာျပင္မွေတာ့ 24-Megapixel ကင္မရာကို တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ Huawei အေနနဲ႔ Mate 20, Mate 20 Pro စမတ္ဖုန္းေတြကို လာမယ့္ ေအာက္တိုဘာလ ၁၆ရက္ေန႔မွာ မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္ သိထားသမွ် သတင္းေတြအရဆိုရင္ Huawei ရဲ႕ Mate 20 စမတ္ဖုန္းေတြဟာ မၾကာေသးခင္က ပူပူေႏြးေႏြး မိတ္ဆက္ထားတဲ့ Kirin 980 SoC နဲ႔အတူ ေျပာင္းလဲမႈ မ်ားစြာ ျပဳလုပ္ထားတဲ့ နည္းပညာေတြနဲ႔ ပြဲထြက္လာႏိုင္ဖြယ္ ရွိပါတယ္။

Nova 3 ေၾကာ္ျငာအတြက္ Selfie ကင္မရာ အစား DSLR ကင္မရာကို သုံးခဲ့လို႔ အလိမ္ေပၚသြားတဲ့ Huawei | P20, P20 Pro, Nova 3 နဲ႔ Honor Play တို႔ကို Benchmark စစ္ေဆးမႈေတြမွာ အမွတ္ပိုရေအာင္ Performance Mode ကို ခိုးသုံးခဲ့လို႔ Benchmark စာရင္းကေန ဖယ္ရွားခံရတဲ့ Huawei, ဒီႏွစ္ ၂၀၁၈ခုႏွစ္ ေႏွာင္းပိုင္းက Huawei အတြက္ စေနၿဂိဳလ္ထဲ ေရာက္ရွိေနတဲ့ ကာလလို႔ ေျပာရမွာပါ။ အခု Mate 20 စမတ္ဖုန္းေတြမွာေရာ ဘာေတြ ဆက္ျဖစ္လာမလဲဆိုတာ ေတာ္ေတာ္ စိတ္ဝင္စားစရာ ေကာင္းပါတယ္။

Ref: phonearena.com

Unicode

ပြောင်းလဲမှုများစွာ ပြုလုပ်ထားတဲ့ နည်းပညာတွေနဲ့ ပွဲထွက်လာနိုင်တဲ့ Mate 20 စမတ်ဖုန်းများ

Huawei ရဲ့ မျိူးဆက်သစ် Mate စီးရီးတွေနဲ့ ပတ်သတ်ပြီး ကောလဟလ သတင်းတွေက ထွက်ပြီးရင် ထွက်နေဆဲပါ။ မကြာသေးမီက Huawei Mate 20 နဲ့ Mate 20 Pro တို့မှာ Kirin 980 SoC, 4000mAh battery, Face ID များ ပါဝင်လာမယ့်အကြောင်း သတင်းများ ထွက်ပေါ်ထားတာ ရှိပါတယ်။ ဒီနေ့မှာလည်း အဆိုပါ Mate 20 စမတ်ဖုန်းတွေဟာ Samsung ရဲ့ Flagship ဖုန်းတွေမှာ မြင်တွေ့ရတဲ့ Curved OLED Display တွေကို အသုံးပြုထားကြောင်း သတင်းများ ထပ်မံထွက်ပေါ်လာပြန်ပါတယ်။

ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Mate 20 စမတ်ဖုန်းတွေရဲ့ အထက်၊ အောက် နဲ့ ဘေးဘောင်တွေဟာ ပိုသေးငယ်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် Mate 20 ရဲ့ Notch ဟာ Mate 20 Pro ရဲ့ Notch ထက် အရွယ်အစား ပိုသေးတယ်လို့လည်း သိရပါသေးတယ်။ ဆိုလိုတာက Mate 20 မှာ သာမန် Face Unlock စနစ်သာ ပါဝင်လာနိုင်ပြီး Mate 20 Pro မှာတော့ ပိုမို လုံခြုံစိတ်ချရတဲ့ Face ID စနစ်ကို ထည့်သွင်း တပ်ဆင် ထားနိုင်ပါတယ်။ တစ်ချိူ့သော ကျွမ်းကျင်ပညာရှင်များကတော့ Mate 20 စမတ်ဖုန်းတွေရဲ့ လုံခြုံရေးအပိုင်းအတွက် Face Unlock/ Face ID အပြင် Display အောက်မှာ မြှပ်နှံထားတဲ့ In-display Fingerprint Sensor ကိုလည်း ထည့်သွင်းထားနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Huawei Mate 20 Pro ရဲ့ နောက်ကျောဘက် ကင်မရာအပိုင်းအတွက် P20 Pro မှာ ဒေါင်လိုက် တပ်ဆင်ခဲ့တဲ့ ကင်မရာ ၃လုံးကို လေးထောင့် ပုံသဏ္ဍာန်ပြောင်းပြီး တပ်ဆင်ထားနိုင်ပါတယ်။ Mate 20 ရဲ့ ရှေ့ဘက်မျက်နှာပြင်မှတော့ 24-Megapixel ကင်မရာကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Huawei အနေနဲ့ Mate 20, Mate 20 Pro စမတ်ဖုန်းတွေကို လာမယ့် အောက်တိုဘာလ ၁၆ရက်နေ့မှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လောလောဆယ် သိထားသမျှ သတင်းတွေအရဆိုရင် Huawei ရဲ့ Mate 20 စမတ်ဖုန်းတွေဟာ မကြာသေးခင်က ပူပူနွေးနွေး မိတ်ဆက်ထားတဲ့ Kirin 980 SoC နဲ့အတူ ပြောင်းလဲမှု များစွာ ပြုလုပ်ထားတဲ့ နည်းပညာတွေနဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။

Nova 3 ကြော်ငြာအတွက် Selfie ကင်မရာ အစား DSLR ကင်မရာကို သုံးခဲ့လို့ အလိမ်ပေါ်သွားတဲ့ Huawei | P20, P20 Pro, Nova 3 နဲ့ Honor Play တို့ကို Benchmark စစ်ဆေးမှုတွေမှာ အမှတ်ပိုရအောင် Performance Mode ကို ခိုးသုံးခဲ့လို့ Benchmark စာရင်းကနေ ဖယ်ရှားခံရတဲ့ Huawei, ဒီနှစ် ၂၀၁၈ခုနှစ် နှောင်းပိုင်းက Huawei အတွက် စနေဂြိုလ်ထဲ ရောက်ရှိနေတဲ့ ကာလလို့ ပြောရမှာပါ။ အခု Mate 20 စမတ်ဖုန်းတွေမှာရော ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။

Ref: phonearena.com