[Zawgyi]

Huawei Mate 30, Mate 30 Pro နဲ႔ Mate X တို႔ဟာ အခုအခ်ိန္ထိေတာ့ Android နဲ႔ပဲ ေမာင္းႏွင္ဦးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Google ရဲ႕ Open source version ပဲ ျဖစ္ပါလိမ့္မယ္။

အေမရိကန္ အစိုးရရဲ႕ မူဝါဒအရ Huawei နဲ႔ အေမရိကန္ကုမၸဏီေတြရဲ႕ အေရာင္းအဝယ္ကိစၥက ေနာက္ထပ္ ရက္၉၀ တိုးျမႇင့္ေပးခဲ့ေပမယ့္လည္း ဒါဟာ အလုံးစုံေျပလည္သြားတာေတာ့ မဟုတ္ခဲ့ပါဘူး။ ဒီရက္ေပါင္း ၉၀ အတြင္းမွာ အေမရိကန္ ကုမၸဏီေတြဟာ Software Updates နဲ႔ Patches ေတြအပါအဝင္ ျပဳျပင္ဖို႔ မရွိမျဖစ္လိုအပ္တဲ့ အစိတ္အပိုင္းေတြနဲ႔ လက္ရွိအျပည့္အဝလည္ပတ္လုပ္ကိုင္ေနတဲ့ ကြန္ရက္ေတြအတြက္ ေထာက္ပံ့ေပးႏိုင္တဲ့ အစိတ္အပိုင္းေတြကိုပဲ ေရာင္းခ်ခြင့္ရွိတာ ျဖစ္ပါတယ္။

လက္ရွိအေျခအေနအရ Huawei ရဲ႕ Mate ေတြမွာ Google service ေတြ မပါဝင္ေတာ့ဘူးလို႔ဆိုတာေၾကာင့္ အေမရိကန္အစိုးရရဲ႕ ကုန္သြယ္ခြင့္ျပဳတဲ့အထဲမွာ Google မပါဝင္ေတာ့ဘူးလားလို႔ ေမးခြန္းထုတ္စရာ ရွိလာပါတယ္။ ဘာပဲျဖစ္ျဖစ္ Mate 30 လိုဖုန္းမ်ိဳးအတြက္ Google apps ေတြျဖစ္တဲ့ Play Store, Maps, YouTube နဲ႔အျခားဝန္ေဆာင္မႈေတြ မပါဝင္တာကေတာ့ ကသိကေအာက္ ျဖစ္ေစမွာပါ။

Huawei ကေတာ့ ကိုယ္ပိုင္ OS ျဖစ္တဲ့ Harmony ကို အေကာင္အထည္ေဖာ္ထားေပမယ့္ Android ကိုပဲ ဆက္ၿပီး အသုံးျပဳခ်င္ေနတာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔ရဲ႕ ဖုန္းအသစ္ေတြမွာ Android ကိုပဲ အေျခခံထားတုန္းပါပဲ။ ကြၽန္ေတာ္တို႔အေနနဲ႔ စံတစ္ခု၊ ေဂဟစနစ္တစ္ခခု၊ နည္းပညာတစ္ခု အျဖစ္ျပဳျပင္ထိန္းသိမ္းခ်င္ပါတယ္” လို႔ ဒုတိယဥကၠ႒ Vincent Pang က ေျပာခဲ့ပါတယ္။

Ref: GSM Arena

[Unicode]

Mate 30 နဲ့ Mate X တို့ကို Google Apps တွေမပါဘဲ ဖြန့်ချိလာဖွယ်ရှိတဲ့ Huawei

Huawei Mate 30, Mate 30 Pro နဲ့ Mate X တို့ဟာ အခုအချိန်ထိတော့ Android နဲ့ပဲ မောင်းနှင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာကတည်းက သုံးနေကျ Google နဲ့ မသက်ဆိုင်တဲ့ Open source version ပဲ ဖြစ်ပါလိမ့်မယ်။

အမေရိကန် အစိုးရရဲ့ မူဝါဒအရ Huawei နဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ အရောင်းအဝယ်ကိစ္စက နောက်ထပ် ရက်၉၀ တိုးမြှင့်ပေးခဲ့ပေမယ့်လည်း ဒါဟာ အလုံးစုံပြေလည်သွားတာတော့ မဟုတ်ခဲ့ပါဘူး။ ဒီရက်ပေါင်း ၉၀ အတွင်းမှာ အမေရိကန် ကုမ္ပဏီတွေဟာ Software Updates နဲ့ Patches တွေအပါအဝင် ပြုပြင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ လက်ရှိအပြည့်အဝလည်ပတ်လုပ်ကိုင်နေတဲ့ ကွန်ရက်တွေအတွက် ထောက်ပံ့ပေးနိုင်တဲ့ အစိတ်အပိုင်းတွေကိုပဲ ရောင်းချခွင့်ရှိတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ Huawei ရဲ့ Mate တွေမှာ Google service တွေ မပါဝင်တော့ဘူးလို့ဆိုတာကြောင့် အမေရိကန်အစိုးရရဲ့ ကုန်သွယ်ခွင့်ပြုတဲ့အထဲမှာ Google မပါဝင်တော့ဘူးလားလို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ဘာပဲဖြစ်ဖြစ် Mate 30 လိုဖုန်းမျိုးအတွက် Google apps တွေဖြစ်တဲ့ Play Store, Maps, YouTube နဲ့အခြားဝန်ဆောင်မှုတွေ မပါဝင်တာကတော့ ကသိကအောက် ဖြစ်စေမှာပါ။

Huawei ကတော့ ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony ကို အကောင်အထည်ဖော်ထားပေမယ့် Android ကိုပဲ ဆက်ပြီး အသုံးပြုချင်နေတာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ဖုန်းအသစ်တွေမှာ Android ကိုပဲ အခြေခံထားတုန်းပါပဲ။ ကျွန်တော်တို့အနေနဲ့ စံတစ်ခု၊ ဂေဟစနစ်တစ်ခခု၊ နည်းပညာတစ်ခု အဖြစ်ပြုပြင်ထိန်းသိမ်းချင်ပါတယ်” လို့ ဒုတိယဥက္ကဋ္ဌ Vincent Pang က ပြောခဲ့ပါတယ်။

Ref: GSM Arena