Zawgyi

Huawei ကေန လာမယ့္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာဆိုရင္ Germany ႏိုင္ငံ Munich ၿမိဳ႕မွာ Huawei Mate 30 Series စမတ္ဖုန္းေတြကို မိတ္ဆက္သြားေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ Huawei အေနနဲ႔ ဒီႏွစ္မွာေတာ့ အရင္တုန္းကလိုမ်ိဳး စမတ္ဖုန္းေတြကို မိတ္ဆက္ၿပီး ေရာင္းခ်ႏိုင္မယ့္ပုံစံမေပၚေတာ့ပါဘူး။

ဘာေၾကာင့္လဲဆိုရင္ Huawei ကေန Mate 30 Series စမတ္ဖုန္းေတြကို Munich မွာ မိတ္ဆက္မယ္ဆိုေပမယ့္ တကယ္တမ္းမွာေတာ့ ဥေရာပမွာေတာင္ ေရာင္းခ်ႏိုင္ဖို႔မေသခ်ာတာေၾကာင့္ျဖစ္ပါတယ္။ ဒါကလည္း Google ေၾကာင့္ အဓိကသက္ဆိုင္ေနျပန္ပါတယ္။

Google ကေန ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက Huawei Mate 30 Series စမတ္ဖုန္းေတြမွာ Google Apps ေတြျဖစ္တဲ့ YouTube ၊ Gmail ၊ Play Store နဲ႔ တျခားေသာ Google Services ေတြကိုပါ အသုံးျပဳႏိုင္မွာမဟုတ္ဘူးဆိုၿပီး အတည္ျပဳသြားခဲ့တာျဖစ္ပါတယ္။

ဒီလိုမ်ိဳး Google App နဲ႔ Service ေတြကို Huawei Mate 30 Series Device ေတြမွာ အသုံးျပဳႏိုင္မွာမဟုတ္ဘူးဆိုတာက Google အေပၚမွီခိုစရာမလိုအပ္တဲ့ China လို ႏိုင္ငံေတြအတြက္ေတ့ာ အဆင္ေျပေပမယ့္ ဥေရာပလိုမ်ိဳးႏိုင္ငံေတြအေနနဲ႔ကေတ့ာ Google Service မရွိတာက ေတာ္ေတာ္ေလးကို ထိခိုက္ေစတာျဖစ္ပါတယ္။ Huawei အေနနဲ႔ကေတာ့ Google Apps ေတြနဲ႔ Service ေတြကို တရားမဝင္နည္းလမ္းနဲ႔အသုံးျပဳလို႔ရေအာင္ ေဆာင္႐ြက္ႏိုင္တယ္လို႔ သိရေပမယ့္ ဒါကို နည္းလမ္းတစ္ခုအေနနဲ႔ ေၾကာ္ျငာလို႔မရတာကလည္း အားနည္းခ်က္တစ္ခုျဖစ္ေနတာပါ။

အဲ့ဒီအတြက္ လက္ရွိထြက္လာတဲ့သတင္းတစ္ခုအရ Huawei ကေန ဒီ Huawei Mate 30 Series စမတ္ဖုန္းေတြျဖစ္တဲ့ Huawei Mate 30 Pro ၊ Mate 30 ၊ Mate 30 Lite နဲ႔ Mate 30 Porsche Design ဖုန္းေတြကို Central Europe မွာ ေရာင္းခ်ေတာ့မွာမဟုတ္ဘူးလို႔ သိရပါတယ္။ ဒါက Huawei ကေန လက္ရွိ စမတ္ဖုန္းေတြကို ေရာင္းခ်ေနၾကျဖစ္တဲ့ France ၊ Spain ၊ Germany ၊ Italy နဲ႔ UK လို ႏိုင္ငံေတြလည္း ပါဝင္ခဲ့တဲ့အတြက္ Huawei အတြက္ေတာ့ ဒီသတင္းသာ တကယ္မွန္ခဲ့တယ္ဆိုရင္ ႀကီးမားတဲ့ ဆုံးရႈံးမႈတစ္ခုျဖစ္လာေတာ့မွာပါ။

Huawei Mate 30 Pro စမတ္ဖုန္းဟာ Hardware ပိုင္းအေနနဲ႔ 5G ကို Support ေပးလာမယ့္ Kirin 990 Processor ၊ 6.8″ OLED Waterfall Display ၊ Quad Camera Setup အျပင္ Face ID စနစ္၊ ေနာက္ၿပီး Google Pixel 4 စမတ္ဖုန္းလိုမ်ိဳး Hand Gesture ေတြကို Support ေပးလာမွာပါ။ Battery ပိုင္းမွာလည္း 40W Fast Charging စနစ္အျပင္ 27W Wireless Charging ကို Support လုပ္လာဦးမွာဆိုေတာ့ လက္ရွိမွာ အေကာင္းဆုံး Android ဖုန္းတစ္ခုလို႔ေတာင္ ေျပာလို႔ရေနတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Google ေၾကာင့္ စမတ္ဖုန္းေကာင္းတစ္ခုျဖစ္တဲ့ Huawei Mate 30 Series စမတ္ဖုန္းေတြ မေရာင္းရေတာ့တာကေတာ့ စိတ္မေကာင္းစရာပါ။

Ref – Phone Arena

Unicode

Huawei ကနေ လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာဆိုရင် Germany နိုင်ငံ Munich မြို့မှာ Huawei Mate 30 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Huawei အနေနဲ့ ဒီနှစ်မှာတော့ အရင်တုန်းကလိုမျိုး စမတ်ဖုန်းတွေကို မိတ်ဆက်ပြီး ရောင်းချနိုင်မယ့်ပုံစံမပေါ်တော့ပါဘူး။

ဘာကြောင့်လဲဆိုရင် Huawei ကနေ Mate 30 Series စမတ်ဖုန်းတွေကို Munich မှာ မိတ်ဆက်မယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ ဥရောပမှာတောင် ရောင်းချနိုင်ဖို့မသေချာတာကြောင့်ဖြစ်ပါတယ်။ ဒါကလည်း Google ကြောင့် အဓိကသက်ဆိုင်နေပြန်ပါတယ်။

Google ကနေ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Huawei Mate 30 Series စမတ်ဖုန်းတွေမှာ Google Apps တွေဖြစ်တဲ့ YouTube ၊ Gmail ၊ Play Store နဲ့ တခြားသော Google Services တွေကိုပါ အသုံးပြုနိုင်မှာမဟုတ်ဘူးဆိုပြီး အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Google App နဲ့ Service တွေကို Huawei Mate 30 Series Device တွေမှာ အသုံးပြုနိုင်မှာမဟုတ်ဘူးဆိုတာက Google အပေါ်မှီခိုစရာမလိုအပ်တဲ့ China လို နိုင်ငံတွေအတွက်တေ့ာ အဆင်ပြေပေမယ့် ဥရောပလိုမျိုးနိုင်ငံတွေအနေနဲ့ကတေ့ာ Google Service မရှိတာက တော်တော်လေးကို ထိခိုက်စေတာဖြစ်ပါတယ်။ Huawei အနေနဲ့ကတော့ Google Apps တွေနဲ့ Service တွေကို တရားမဝင်နည်းလမ်းနဲ့အသုံးပြုလို့ရအောင် ဆောင်ရွက်နိုင်တယ်လို့ သိရပေမယ့် ဒါကို နည်းလမ်းတစ်ခုအနေနဲ့ ကြော်ငြာလို့မရတာကလည်း အားနည်းချက်တစ်ခုဖြစ်နေတာပါ။

အဲ့ဒီအတွက် လက်ရှိထွက်လာတဲ့သတင်းတစ်ခုအရ Huawei ကနေ ဒီ Huawei Mate 30 Series စမတ်ဖုန်းတွေဖြစ်တဲ့ Huawei Mate 30 Pro ၊ Mate 30 ၊ Mate 30 Lite နဲ့ Mate 30 Porsche Design ဖုန်းတွေကို Central Europe မှာ ရောင်းချတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါက Huawei ကနေ လက်ရှိ စမတ်ဖုန်းတွေကို ရောင်းချနေကြဖြစ်တဲ့ France ၊ Spain ၊ Germany ၊ Italy နဲ့ UK လို နိုင်ငံတွေလည်း ပါဝင်ခဲ့တဲ့အတွက် Huawei အတွက်တော့ ဒီသတင်းသာ တကယ်မှန်ခဲ့တယ်ဆိုရင် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်လာတော့မှာပါ။

Huawei Mate 30 Pro စမတ်ဖုန်းဟာ Hardware ပိုင်းအနေနဲ့ 5G ကို Support ပေးလာမယ့် Kirin 990 Processor ၊ 6.8″ OLED Waterfall Display ၊ Quad Camera Setup အပြင် Face ID စနစ်၊ နောက်ပြီး Google Pixel 4 စမတ်ဖုန်းလိုမျိုး Hand Gesture တွေကို Support ပေးလာမှာပါ။ Battery ပိုင်းမှာလည်း 40W Fast Charging စနစ်အပြင် 27W Wireless Charging ကို Support လုပ်လာဦးမှာဆိုတော့ လက်ရှိမှာ အကောင်းဆုံး Android ဖုန်းတစ်ခုလို့တောင် ပြောလို့ရနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Google ကြောင့် စမတ်ဖုန်းကောင်းတစ်ခုဖြစ်တဲ့ Huawei Mate 30 Series စမတ်ဖုန်းတွေ မရောင်းရတော့တာကတော့ စိတ်မကောင်းစရာပါ။

Ref – Phone Arena