[Zawgyi]

Huawei ဟာ Mate 30 Series ကို ဒီတစ္ပတ္ထဲမွာပဲ ျမဴးနစ္ၿမိဳ႕မွာမိတ္ဆက္ပါလိမ့္မယ္။ ဒီပြဲမွာ အနည္းဆုံးေတာ့ Huawei Mate 30 နဲ႔ Mate 30 Pro ကို ေၾကညာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ့္ တတိယေျမာက္ ဟန္းဆက္ကလည္း အဆင္သင့္ ရွိေနပါေသးတယ္။

Huawei Mate 30 Series ေတြထဲမွာ တတိယေျမာက္ကို ျပပါဆိုရင္ေတာ့ Huawei Mate 30 RS Porsche Design ကို ျပရမွာပါပဲ။ ဒီ ဟန္းဆက္ဟာ Mate 30, Mate 30 Pro တို႔နဲ႔ေတာ့ အေတာ္ေလး ကြာျခားဖြယ္ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။ Mate 30 RS Porsche Design အတြက္ တရားဝင္ Teser ထြက္ထားတယ္ဆိုေပမယ့္ ရွစ္စကၠန႔္စာ ဗီဒီယိုကလစ္ေလးက သိပ္မ်ားမ်ားစားစား မေျပာႏိုင္ခဲ့ပါဘူး။

ဘယ္လိုပဲျဖစ္ျဖစ္ Huawei Mate 30 RS Porsche ဟာ ေက်ာဘက္ကို ေဒါင္လိုက္ပုံစံဒီဇိုင္းျပဳလုပ္ထားႏိုင္သလို ပတ္လည္ေဘာင္ေတြကလည္း ပိုၿပီး က်ဥ္းေျမာင္းႏိုင္ပါတယ္။ ေက်ာဘက္ကင္မရာတပ္ဆင္ပုံက အျခား Mate 30 ေတြနဲ႔ ကြဲျပားႏိုင္ပါတယ္။ စက္ဝိုင္းပုံစံ မဟုတ္ေတာ့တာလည္း ျဖစ္ႏိုင္ပါတယ္။

Porsche-themed ေတြဟာ ပုံမွန္ Huawei စမတ္ဖုန္းေတြနဲ႔ ဒီဇိုင္းပိုင္းကြာျခားတာက အစဥ္အလာလို ျဖစ္ေနပါၿပီ။ Huawei Mate RS Porsche Design ကလည္း ေက်ာဘက္ကင္မရာသုံးလုံးကို အလယ္မွာထားၿပီး ထြက္ခဲ့ပါေသးတယ္။ ဒီတုန္းကလည္း ဒီဇိုင္းပိုင္းက ကြာျခားခဲ့တာကို ေတြ႕ျမင္ၾကရမွာပါ။ ဒါေၾကာင့္ Huawei Mate 30 RS Porsche Design ႐ိုး႐ိုး Mate 30 ေတြနဲ႔ေတာ့ ကြာျခားဦးမယ္လို႔ ဆိုရျခင္း ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Mate 30 RS Porsche Design ထပ်ပြီးမိတ်ဆက်ဦးမယ့် Huawei

Huawei ဟာ Mate 30 Series ကို ဒီတစ်ပတ်ထဲမှာပဲ မြူးနစ်မြို့မှာမိတ်ဆက်ပါလိမ့်မယ်။ ဒီပွဲမှာ အနည်းဆုံးတော့ Huawei Mate 30 နဲ့ Mate 30 Pro ကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် တတိယမြောက် ဟန်းဆက်ကလည်း အဆင်သင့် ရှိနေပါသေးတယ်။

Huawei Mate 30 Series တွေထဲမှာ တတိယမြောက်ကို ပြပါဆိုရင်တော့ Huawei Mate 30 RS Porsche Design ကို ပြရမှာပါပဲ။ ဒီ ဟန်းဆက်ဟာ Mate 30, Mate 30 Pro တို့နဲ့တော့ အတော်လေး ကွာခြားဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ Mate 30 RS Porsche Design အတွက် တရားဝင် Teser ထွက်ထားတယ်ဆိုပေမယ့် ရှစ်စက္ကန့်စာ ဗီဒီယိုကလစ်လေးက သိပ်များများစားစား မပြောနိုင်ခဲ့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် Huawei Mate 30 RS Porsche ဟာ ကျောဘက်ကို ဒေါင်လိုက်ပုံစံဒီဇိုင်းပြုလုပ်ထားနိုင်သလို ပတ်လည်ဘောင်တွေကလည်း ပိုပြီး ကျဉ်းမြောင်းနိုင်ပါတယ်။ ကျောဘက်ကင်မရာတပ်ဆင်ပုံက အခြား Mate 30 တွေနဲ့ ကွဲပြားနိုင်ပါတယ်။ စက်ဝိုင်းပုံစံ မဟုတ်တော့တာလည်း ဖြစ်နိုင်ပါတယ်။

Porsche-themed တွေဟာ ပုံမှန် Huawei စမတ်ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်းကွာခြားတာက အစဉ်အလာလို ဖြစ်နေပါပြီ။ Huawei Mate RS Porsche Design ကလည်း ကျောဘက်ကင်မရာသုံးလုံးကို အလယ်မှာထားပြီး ထွက်ခဲ့ပါသေးတယ်။ ဒီတုန်းကလည်း ဒီဇိုင်းပိုင်းက ကွာခြားခဲ့တာကို တွေ့မြင်ကြရမှာပါ။ ဒါကြောင့် Huawei Mate 30 RS Porsche Design ရိုးရိုး Mate 30 တွေနဲ့တော့ ကွာခြားဦးမယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

Ref: GSM Arena