Unicode

ပြီးခဲ့တဲ့လတုန်းက Huawei ကနေ မိတ်ဆက်ထားတဲ့ Mate 30 Series Flagship စမတ်ဖုန်းတွေဟာ အလုံးရေ ၇ သန်းကျော် ရောင်းချထားရပြီးဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အခုအချိန်မှာတော့ နောက်ထပ် ၁ လဝန်းကျင်မှာတင် နောက်ထပ် Mate 30 Series အလုံးရေ ၅ သန်းလောက် ထပ်ပြီး ရောင်းချလိုက်ရတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Huawei ကနေ အခုအချိန်မှာ Mate 30 Series စမတ်ဖုန်းတွေကို တကမ္ဘာလုံးမှာ စုစုပေါင်းအလုံးရေ ၁၂ သန်းကျော်အထိ ရောင်းချထားရပြီးဖြစ်တယ်လို့ ပြောကြားလိုက်တာကြောင့်ဖြစ်ပါတယ်။ ဒီပမာဏဟာ အချိန် ၃ လလောက်အတွင်းမှာ ရရှိခဲ့တာဖြစ်တဲ့အတွက် အထင်ကြီးဖို့ကောင်းနေပြန်ပါတယ်။

Huawei Mate 30 Series စမတ်ဖုန်းတွေဟာ Huawei အတွက် Google Services နဲ့ Application တွေပါဝင်ခြင်းမရှိတဲ့ ပထမဆုံးစမတ်ဖုန်းတွေဖြစ်ပေမယ့် ရောင်းအားပိုင်းမှာတော့ ကြီးကြီးမားမားထိခိုက်ခြင်းမရှိဘူးလို့ ယူဆရပါတယ်။ Huawei ကတော့ ဒီ Mate 30 Series စမတ်ဖုန်းတွေကို စုစုပေါင်း အလုံးရေ သန်း ၂၀ ကျော်အထိ ရောင်းချရဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

Huawei Mate 30 Series ဖုန်းတွေဟာ 5G ကို Support ပြုလုပ်တဲ့ Kirin 990 Chipset ကို အသုံးပြုထားပြီး စွမ်းဆောင်ရည်ပိုင်းရော၊ Design ပိုင်းမှာပါ Premium Flagship ဖုန်းတစ်လုံးလို့ ပြောလို့ရတဲ့အပြင် Camera စွမ်းဆောင်ရည်ပိုင်းမှာ လက်ရှိ Android စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ပြောနိုင်တဲ့အတွက် အခုလိုမျိုး အောင်မြင်မှုရရှိတာဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi

ၿပီးခဲ့တဲ့လတုန္းက Huawei ကေန မိတ္ဆက္ထားတဲ့ Mate 30 Series Flagship စမတ္ဖုန္းေတြဟာ အလုံးေရ ၇ သန္းေက်ာ္ ေရာင္းခ်ထားရၿပီးျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ေနာက္ထပ္ ၁ လဝန္းက်င္မွာတင္ ေနာက္ထပ္ Mate 30 Series အလုံးေရ ၅ သန္းေလာက္ ထပ္ၿပီး ေရာင္းခ်လိုက္ရတဲ့ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ Huawei ကေန အခုအခ်ိန္မွာ Mate 30 Series စမတ္ဖုန္းေတြကို တကမာၻလုံးမွာ စုစုေပါင္းအလုံးေရ ၁၂ သန္းေက်ာ္အထိ ေရာင္းခ်ထားရၿပီးျဖစ္တယ္လို႔ ေျပာၾကားလိုက္တာေၾကာင့္ျဖစ္ပါတယ္။ ဒီပမာဏဟာ အခ်ိန္ ၃ လေလာက္အတြင္းမွာ ရရွိခဲ့တာျဖစ္တဲ့အတြက္ အထင္ႀကီးဖို႔ေကာင္းေနျပန္ပါတယ္။

Huawei Mate 30 Series စမတ္ဖုန္းေတြဟာ Huawei အတြက္ Google Services နဲ႔ Application ေတြပါဝင္ျခင္းမရွိတဲ့ ပထမဆုံးစမတ္ဖုန္းေတြျဖစ္ေပမယ့္ ေရာင္းအားပိုင္းမွာေတာ့ ႀကီးႀကီးမားမားထိခိုက္ျခင္းမရွိဘူးလို႔ ယူဆရပါတယ္။ Huawei ကေတာ့ ဒီ Mate 30 Series စမတ္ဖုန္းေတြကို စုစုေပါင္း အလုံးေရ သန္း ၂၀ ေက်ာ္အထိ ေရာင္းခ်ရဖို႔ ခန္႔မွန္းထားတယ္လို႔ သိရပါတယ္။

Huawei Mate 30 Series ဖုန္းေတြဟာ 5G ကို Support ျပဳလုပ္တဲ့ Kirin 990 Chipset ကို အသုံးျပဳထားၿပီး စြမ္းေဆာင္ရည္ပိုင္းေရာ၊ Design ပိုင္းမွာပါ Premium Flagship ဖုန္းတစ္လုံးလို႔ ေျပာလို႔ရတဲ့အျပင္ Camera စြမ္းေဆာင္ရည္ပိုင္းမွာ လက္ရွိ Android စမတ္ဖုန္းေတြထဲမွာ အေကာင္းဆုံးလို႔ေျပာႏိုင္တဲ့အတြက္ အခုလိုမ်ိဳး ေအာင္ျမင္မႈရရွိတာျဖစ္ပါတယ္။

Ref – GSM Arena