Zawgyi

Huawei ဟာ ယခုႏွစ္ ႏွစ္လယ္ပိုင္းတုန္းက US အစိုးရရဲ႕ ပိတ္ပင္မႈကို ခံခဲ့ရၿပီးေတာ့ လက္ရွိအခ်ိန္အထိ အသစ္မိတ္ဆက္တဲ့ စမတ္ဖုန္းေတြမွာ Google Play Service နဲ႔ Google Apps ေတြကို အသုံးျပဳခြင့္မရွိေသးတာျဖစ္ပါတယ္။

Google Services နဲ႔ App ေတြကို မၾကာေသးခင္တုန္းက မိတ္ဆက္ထားခဲ့တဲ့ Huawei ရဲ႕ Flagship Mate 30 Series ဖုန္းေတြလည္း အသုံးျပဳႏိုင္ျခင္းမရွိခဲ့ပါဘူး။ ဒါ့အျပင္ ႏိုင္ငံတကာေဈးကြက္မွာလည္း ေရာင္းခ်ႏိုင္ဖို႔ ေႏွာင့္ေႏွးေနခဲ့ပါတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳး အခက္အခဲေတြက Huawei အတြက္ Mate 30 Series ဖုန္းေရာင္းအားကို မထိခိုက္ေစတဲ့ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ Huawei ရဲ႕ CEO Richard Yu ကေန တေန႔ကျပဳလုပ္ခဲ့တဲ့ MediaPad Pro Tablet မိတ္ဆက္ပြဲမွာ Mate 30 Series ဖုန္းေတြကို ၂ လအတြင္းမွာ ၇ သန္းေက်ာ္အထိ ေရာင္းခ်နိင္ခဲ့တာကို ေျပာၾကားခဲ့တာေၾကာင့္ျဖစ္ပါတယ္။ အခုပမာဏဟာ မႏွစ္က Mate 20 Series ဖုန္းေတြနဲ႔ ယွဥ္ရင္ ၇၅ ရာခိုင္ႏႈန္းပိုၿပီး မ်ားျပားတယ္လို႔ေတာင္ ေျပာရမွာပါ။

Mate 30 Series ေရာင္းအားေတြထဲမွာ Mate 30 ၊ Mate 30 Pro ၊ Mate 30 5G ၊ Mate 30 Pro 5G နဲ႔ Mate 30 RS Porsche Design ဖုန္းေတြ အကုန္လုံးပါဝင္တယ္လို႔လည္း သိရပါတယ္။ Huawei ရဲ႕ ေျပာၾကားခ်က္အရေတာ့ တ႐ုတ္ျပည္တြင္းမွာ အဓိကေရာင္းအားေကာင္းေနခဲ့တာျဖစ္ပါတယ္။

Huawei Mate 30 Series စမတ္ဖုန္းေတြဟာ Camera ပိုင္းအရေရာ ၊ တျခား Design နဲ႔ Performance ပိုင္းေတြမွာပါ Flagship Level ရွိေနၿပီးေတာ့ ေစ်းအရလည္း တျခားေသာ ၿပိဳင္ဘက္ေတြနဲ႔ယွဥ္ရင္ ပိုသက္သာေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း Google မရတာက ႏိုင္ငံတကာေစ်းကြက္မွာေတာ့ အရင္ကထက္ ပိုၿပီး ခက္ခဲႏိုင္ပါေသးတယ္။

Ref – GSM Arena

Unicode

Huawei ဟာ ယခုနှစ် နှစ်လယ်ပိုင်းတုန်းက US အစိုးရရဲ့ ပိတ်ပင်မှုကို ခံခဲ့ရပြီးတော့ လက်ရှိအချိန်အထိ အသစ်မိတ်ဆက်တဲ့ စမတ်ဖုန်းတွေမှာ Google Play Service နဲ့ Google Apps တွေကို အသုံးပြုခွင့်မရှိသေးတာဖြစ်ပါတယ်။

Google Services နဲ့ App တွေကို မကြာသေးခင်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Huawei ရဲ့ Flagship Mate 30 Series ဖုန်းတွေလည်း အသုံးပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် နိုင်ငံတကာဈေးကွက်မှာလည်း ရောင်းချနိုင်ဖို့ နှောင့်နှေးနေခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အခက်အခဲတွေက Huawei အတွက် Mate 30 Series ဖုန်းရောင်းအားကို မထိခိုက်စေတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Huawei ရဲ့ CEO Richard Yu ကနေ တနေ့ကပြုလုပ်ခဲ့တဲ့ MediaPad Pro Tablet မိတ်ဆက်ပွဲမှာ Mate 30 Series ဖုန်းတွေကို ၂ လအတွင်းမှာ ၇ သန်းကျော်အထိ ရောင်းချနိင်ခဲ့တာကို ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။ အခုပမာဏဟာ မနှစ်က Mate 20 Series ဖုန်းတွေနဲ့ ယှဥ်ရင် ၇၅ ရာခိုင်နှုန်းပိုပြီး များပြားတယ်လို့တောင် ပြောရမှာပါ။

အခုလိုမျိုး Mate 30 Series ရောင်းအားတွေထဲမှာ Mate 30 ၊ Mate 30 Pro ၊ Mate 30 5G ၊ Mate 30 Pro 5G နဲ့ Mate 30 RS Porsche Design ဖုန်းတွေ အကုန်လုံးပါဝင်တယ်လို့လည်း သိရပါတယ်။ Huawei ရဲ့ ပြောကြားချက်အရတော့ တရုတ်ပြည်တွင်းမှာ အဓိကရောင်းအားကောင်းနေခဲ့တာဖြစ်ပါတယ်။

Huawei Mate 30 Series စမတ်ဖုန်းတွေဟာ Camera ပိုင်းအရရော ၊ တခြား Design နဲ့ Performance ပိုင်းတွေမှာပါ Flagship Level ရှိနေပြီးတော့ စျေးအရလည်း တခြားသော ပြိုင်ဘက်တွေနဲ့ယှဥ်ရင် ပိုသက်သာနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Google မရတာက နိုင်ငံတကာစျေးကွက်မှာတော့ အရင်ကထက် ပိုပြီး ခက်ခဲနိုင်ပါသေးတယ်။

Ref – GSM Arena