[Zawgyi]

ၿပီးခဲ့တဲ့တစ္ပတ္က ဂ်ာမနီမွာ Huawei Mate 30 Series ကို မိတ္ဆက္ခဲ့ပါတယ္။ ဒါေပမယ့္ ကုမၸဏီရဲ႕ CEO Richard Yu က ႏိုင္ငံတကာေဈးကြက္အားလုံးဆီ ျဖန႔္ခ်ိမယ့္ရက္ကိုေတာ့ အတည္ျပဳမသြားခဲ့ပါဘူး။ ဒီေန႔ေတာ့ Weibo မွာ Huawei က Teaser တစ္ခုတင္လိုက္ပါတယ္။ စက္တင္ဘာ ၂၆ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံေဈးကြက္ထဲ မိတ္ဆက္ ျဖန႔္ခ်ိမယ္ဆိုတဲ့ေၾကာင္းပါ။

Mate 30 Series ကို JD.com နဲ႔ Vmall မွာ တင္ထားၿပီးျဖစ္တာကို ေတြ႕ျမင္ရပါတယ္။ ဒါေၾကာင့္ လာမယ့္ ႏွစ္ရက္အတြင္း Pre-Order စတင္လက္ခံဖြယ္ ရွိေနၿပီလို႔ ဆိုႏိုင္ပါတယ္။ အမွန္တကယ္ ဝယ္ယူႏိုင္ဖို႔ကေတာ့ Event ၿပီးသြားတဲ့ ေနာက္တစ္ပတ္ ေစာင့္ဆိုင္းရဦးဖြယ္ ရွိပါတယ္။

Huawei အေနနဲ႔ Mate 30 Series ကို ျဖန႔္ခ်ိတဲ့ေနရာမွာ ပန္းခင္းလမ္းေပၚ ျဖတ္ေလွ်ာက္သြားရမယ့္ အေနအထားေတာ့ မဟုတ္ပါဘူး။ Mate 30 Series ရဲ႕ ေျခလွမ္းေတြကို ေႏွးေကြးသြားေအာင္ ျပဳလုပ္ေနတာက Google ျဖစ္ေနတာကို အားလုံးလည္းသိၿပီးသား ျဖစ္မွာပါ။

တစ္ဘက္က ျပန္ၾကည့္မယ္ဆိုရင္ Mate 30 ဖုန္းေတြဟာ Google Service ေတြ မရတာကလြဲရင္ ပစ္ေလာက္စရာမရွိဘဲ မက္ေမာခ်င္စရာ အခ်က္အလက္ေတြနဲ႔ ျပည့္ေနတာပါ။ ပါးလ်တဲ့ကိုယ္ထည္မွာ 88-degree curved edge OLED မ်က္ႏွာျပင္ တပ္ဆင္ေပးထားတာေၾကာင့္ ဒီဇိုင္းပိုင္းမွာ Fine တယ္လို႔ပဲ ဆိုရပါလိမ့္မယ္။

Kirin 990 chipset နဲ႔ေက်ာဘက္ကင္မရာ ေလးလုံးတပ္ဆင္ထားပုံကလည္း ႏွစ္သက္စရာေကာင္းပါတယ္။ Mate 30 Pro ဟာ 40MP အဓိကကင္မရာတပ္ဆင္ထားတဲ့အျပင္ ေနာက္ထပ္ကင္မရာတစ္လုံးကလည္း 40MP ultra-wide ျဖစ္တာက ပိုၿပီးႏွစ္သက္စရာေကာင္းေနတာပါ။ 8MP telephoto lens ကလည္း 3x optical zoom နဲ႔ျဖစ္ၿပီးေတာ့ 3D ToF ကင္မရာလည္း ပါဝင္ေနတာပါ။ ဒါေပမယ့္လည္း ကမာၻသုံး Google Service ေတြ မေထာက္ပံ့ေပးတဲ့ ဒီဟန္းဆက္ေတြဟာ ကမာၻ႔ေဈးကြက္မွာ ေရာင္းအားခ်ဲ႕ဖို႔ အခက္အခဲကို ဘယ္လိုေက်ာ္ျဖတ္မလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

Huawei Mate 30 Series ကို စက်တင်ဘာ ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံတွင်း မိတ်ဆက်တော့မယ်

ပြီးခဲ့တဲ့တစ်ပတ်က ဂျာမနီမှာ Huawei Mate 30 Series ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ CEO Richard Yu က နိုင်ငံတကာဈေးကွက်အားလုံးဆီ ဖြန့်ချိမယ့်ရက်ကိုတော့ အတည်ပြုမသွားခဲ့ပါဘူး။ ဒီနေ့တော့ Weibo မှာ Huawei က Teaser တစ်ခုတင်လိုက်ပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံဈေးကွက်ထဲ မိတ်ဆက် ဖြန့်ချိမယ်ဆိုတဲ့ကြောင်းပါ။

Mate 30 Series ကို JD.com နဲ့ Vmall မှာ တင်ထားပြီးဖြစ်တာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် လာမယ့် နှစ်ရက်အတွင်း Pre-Order စတင်လက်ခံဖွယ် ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ အမှန်တကယ် ဝယ်ယူနိုင်ဖို့ကတော့ Event ပြီးသွားတဲ့ နောက်တစ်ပတ် စောင့်ဆိုင်းရဦးဖွယ် ရှိပါတယ်။

Huawei အနေနဲ့ Mate 30 Series ကို ဖြန့်ချိတဲ့နေရာမှာ ပန်းခင်းလမ်းပေါ် ဖြတ်လျှောက်သွားရမယ့် အနေအထားတော့ မဟုတ်ပါဘူး။ Mate 30 Series ရဲ့ ခြေလှမ်းတွေကို နှေးကွေးသွားအောင် ပြုလုပ်နေတာက Google ဖြစ်နေတာကို အားလုံးလည်းသိပြီးသား ဖြစ်မှာပါ။

တစ်ဘက်က ပြန်ကြည့်မယ်ဆိုရင် Mate 30 ဖုန်းတွေဟာ Google Service တွေ မရတာကလွဲရင် ပစ်လောက်စရာမရှိဘဲ မက်မောချင်စရာ အချက်အလက်တွေနဲ့ ပြည့်နေတာပါ။ ပါးလျတဲ့ကိုယ်ထည်မှာ 88-degree curved edge OLED မျက်နှာပြင် တပ်ဆင်ပေးထားတာကြောင့် ဒီဇိုင်းပိုင်းမှာ Fine တယ်လို့ပဲ ဆိုရပါလိမ့်မယ်။

Kirin 990 chipset နဲ့ကျောဘက်ကင်မရာ လေးလုံးတပ်ဆင်ထားပုံကလည်း နှစ်သက်စရာကောင်းပါတယ်။ Mate 30 Pro ဟာ 40MP အဓိကကင်မရာတပ်ဆင်ထားတဲ့အပြင် နောက်ထပ်ကင်မရာတစ်လုံးကလည်း 40MP ultra-wide ဖြစ်တာက ပိုပြီးနှစ်သက်စရာကောင်းနေတာပါ။ 8MP telephoto lens ကလည်း 3x optical zoom နဲ့ဖြစ်ပြီးတော့ 3D ToF ကင်မရာလည်း ပါဝင်နေတာပါ။ ဒါပေမယ့်လည်း ကမ္ဘာသုံး Google Service တွေ မထောက်ပံ့ပေးတဲ့ ဒီဟန်းဆက်တွေဟာ ကမ္ဘာ့ဈေးကွက်မှာ ရောင်းအားချဲ့ဖို့ အခက်အခဲကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena