မကြာခင် မြင်တွေ့ရဖို့ ရှိတဲ့ Huawei Mate 40 စီးရီးဟာ ယနေ့မှာ အဖွဲ့ဝင် သုံးဦးရဲ့ မော်ဒယ်နံပါတ်များဖြင့် တရုတ်ပြည်တွင်းက MIIT အတည်ပြုချက် ရယူလာခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် အရေးပါတဲ့ Specs တွေကိုတော့ မဖော်ပြထားပါဘူး။

ပုံမှန် Mate 40 အမည်က သတင်းထွက်ထားသလို “Ocean” လို့ပေးထားပြီး မော်ဒယ်နံပါတ် OCE-AN00 ပါ။ Mate 40 Pro ကလည်း “Noah” အမည်နဲ့ပဲ ဖြစ်ပြီး NOH-AN00 လို့ ပေးထားပါတယ်။ နောက်ဆုံး Mate 40 Pro+ လို့ ယူဆရတဲ့ ဟန်းဆက် ကတော့ NOP-AN00 လို့ပေးထားပြီး အမည်ဝှက်တော့ မမြင်ရသေးပါဘူး။

ဒီသုံးမျိုးလုံးမှာ မျိုးဆက်သစ် Kirin 5nm CPU တွေ အသုံးပြုလာဖို့ မျှော်လင့်ထားပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် လာမယ့်နှစ် အနည်းငယ်အတွင်းမှာ Kirin ချစ်ပ်ဆက်နဲ့ ထွက်လာတဲ့ နောက်ဆုံး Huawei Flagship တောင် ဖြစ်သွားနိုင်ပါတယ်။ ဒီချစ်ပ်ဆက်အသစ်ကို Kirin 1000 လို့ သုံးနှုန်းခဲ့ကြပေမယ့် အခုတလောမှာတော့ Kirin 9000 လို့ ပြောင်းလဲ ခေါ်ဝေါ်နေကြပါတယ်။

Huawei Mate 40 ရဲ့ CAD Render ပုံရိပ်တွေကတော့ ပေါက်ကြားခဲ့ပြီး ဖြစ်သလို Display Glass ရဲ့ ဓါတ်ပုံတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါ ပုံတွေအရတော့ Mate 40 Pro ရဲ့ ဒီဇိုင်းက P40 Pro ထက် ပိုကျယ်ပြန့်ပြီး Dual Punch-hole ဆဲလ်ဖီး ကင်မရာက ပိုသေးငယ်ပါတယ်။

Mate 40 စီးရီးဝင်တွေမှာ 108MP အဓိက ကင်မရာ အသုံးပြုလာနိုင်ပြီး Pro မော်ဒယ်မှာ 5X Optical နဲ့ 55X Digital Zoom ရမယ့် Periscope Lens တစ်ခု ပါလာနိုင်ပါတယ်။

Ref – GSMArena