လပေါင်းများစွာ သတင်းတွေထွက်နေခဲ့တဲ့ Huawei Mate 40 Series တွေကို ဒီလ ၂၂ ရက်နေ့မှာ ကြေညာတော့မယ်လို့ အတည်ပြုထားပြီးပါပြီ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ အဲဒီဖုန်းမော်ဒယ်တွေရဲ့ အရောင်တွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Mate 40 နဲ့ Mate 40 Pro အတွက် Bright Black, Cosmic Silver, Pearl White နဲ့ Green အရောင်တွေ ထုတ်လုပ်ထားမှာပါ။ ဒါ့အပြင် ပထမဆုံး အနေနဲ့ Yellow လည်း ပါလာမှာပါ။

RS Porsche Edition  မှာ  Ceramic Back တပ်ဆင်ထားမှာပါ။ ဒါပေမယ့် စွမ်းရည်အမြင့်ဆုံး Mate 40 Pro Plus ရဲ့ အရောင်တွေကို မသိရသေးပါဘူး။ ဖုန်း မိတ်ဆက်ပွဲ ရက် ကြေညာထားတဲ့ ပိုစတာမှာ Huawei က “Leap Further Ahead” လို့ အရိပ်အမြွက် ပြောထားတဲ့အတွက် Huawei Kirin 9000 SoC ပါလာနိုင်ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် 5nm Chipset လည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် Huawei ဟာ Kirin Chipset တွေကို TSMC ဆီမှာ ထုတ်လို့ မရတော့သလို Qualcomm Chipset တွေလည်း ဝယ်သုံးလို့ မရတော့ပါဘူး။

ပေါက်ကြားသတင်းတွေအရ Mate 40 Series ရဲ့ မျက်နှာပြင် ဒီဇိုင်းဟာ P40 Pro Series နဲ့ တူညီမယ်လို့ သိရတဲ့အတွက် OLED မျက်နှာပြင်ကွေး ၊ ဆေးတောင့်ပုံ Punch Hole နဲ့ Face Unlock အတွက် TOF 3D Sensor တွေ ပါလာနိုင်ပါတယ်။

Mate 40 Series မှာ Android 11 အခြေပြု EMUI 11 UI ထည့်သွင်းထားနိုင်ပြီး တချို့ သတင်းတွေအရ Mate 40 မှာတော့ နောက်ဆုံးထုတ် OS အစား  EMUI 10.1 ပဲ ပါလာမယ်လို့ သိရပါတယ်။

Ref : gizmochina