Huawei က တရုတ်မှာ Mate 40 Series တွေကို စတင် ရောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ မော်ဒယ် ၄ မျိုး ကြေညာထားပေမယ့် Mate 40 RS Porsche Design ကို မရောင်းပေးသေးဘဲ Mate 40 , Mate 40 Pro နဲ့ Mate 40 Pro+ တို့ကိုပဲ ရောင်းပေးလိုက်တာပါ။ JD.com က Mate 40 Series ဟာ ၁၁ စက္ကန့်အတွင်း ပစ္စည်းပြတ်အောင် ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ JD.com ဟာ Huawei Device ရောင်းတဲ့ အကြီးမားဆုံး စတိုးထဲက ၁ ခုပါ။

Huawei Mate 40 Pro review: Out of this world?

JD.com ရဲ့ စာရင်းအရ Mate 40 Series ဟာ JD.com မှာ လူကြိုက်အများဆုံး ဖုန်း ဖြစ်လာပြီး ၁ နာရီအတွင်း အဲဒီဖုန်းတွေကို ရှာတဲ့ လူ အရေအတွက်ဟာ Mate 30 Series ထက် ၆၀၀ ရာခိုင်နှုန်း ပိုများပါတယ်။ Mate 40 Seires ဟာ ထွက်ခဲ့ဖူးသမျှ Mate Series ထဲမှာ စွမ်းရည် အမြင့်ဆုံး ဖြစ်လာခဲ့ပြီး ဒီဇိုင်း၊ ကင်မရာ၊ စွမ်းရည်နဲ့ User Experience တွေ ပိုတိုးတက်လာပါတယ်။

Leap Further Ahead with HUAWEI Mate 40 Series: Huawei Unveils the Most Powerful Mate Line-up

Mate 40 Pro , Mate 40 Pro+ , Mate 40 RS Porsche Design တို့မှာ Kirin 9000 Processor ထည့်ထားပြီး Mate 40 မှာတော့ Kirin 9000E ပါလာတာပါ။ Kirin 9000 5G Chip မှာ 5nm Process သုံးထားပြီး Transistor ပေါင်း ၁၅.၃ ဘီလီယမ် ထည့်ထားပါတယ်။ Kirin 9000E နဲ့ Kirin 9000 Chip တွေဟာ သိပ်မကွာခြားပါဘူး။

Chip ၂ ခုစလုံးမှာ Mali-G78 Graphics နဲ့ Image Processor တွေ ထည့်သွင်းထားပြီး Kirin 9000 မှာ 24 Core Version နဲ့ Kirin 9000E မှာ 22 Core Version တွေ အသုံးပြုထားတာပါ။ Kirin 9000E ဟာ Kirin 9000 ရဲ့ ညီငယ် ဗားရှင်းလို့ ပြောနိုင်ပါတယ်။

Ref : gizchina