Huawei ရဲ့ Flagship စမတ်ဖုန်းစီးရီးဖြစ်တဲ့ Mate 40 Series ကို ဒီလထဲမှာ ကြေညာမယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် ထွက်ရှိမယ့် အချိန်က အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မှုကြောင့် နောက်ကျနေခဲ့ရတာပဲ ဖြစ်ပါတယ်။ လတ်တလော ထွက်ရှိလာတဲ့ သတင်းတွေ အရ Mate 40 Series က တရုတ်စျေးကွက်ကို အောက်တိုဘာလထဲ ရောက်ရှိမှာ ဖြစ်ပြီး ကမ္ဘာ့စျေးကွက်ကိုတော့ လာမယ့်နှစ်မှ ရောင်းချနိုင်မှာပါ။

ဒီနေ့ Weibo မှာ Web Blogger တစ်ယောက်ရဲ့ အတည်ပြုပြောကြားချက်အရ Mate 40 Series ကို မော်ဒယ်လေးမျိုးနဲ့ တွေ့ရမှာ ဖြစ်ပြီး အောက်တိုဘာလကုန်မှာ တရုတ်စျေးကွက်ထဲ ထွက်ရှိလာမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ Huawei က Mate 40 Series ရဲ့ နိုင်ငံတကာစျေးကွက်ကို မိတ်ဆက်တဲ့ ပွဲကိုတော့ အောက်တိုဘာ လလယ်ထိ ရွှေ့ထားဖို့ရှိနေတယ်လို့ သိရပါတယ်။

Mate 40 Series မှာ ပါဝင်မယ့် ဖုန်းမော်ဒယ်တွေကတော့ Mate 40, Mate 40 Pro၊ Mate 40 Pro+ နဲ့ Mate 40 RS Porsche Design တို့ ဖြစ်ပါတယ်။ ဒါ့ပြင် နောက်ထပ် သတင်းရင်းမြစ်တစ်ခုကနေ အတည်ပြုလိုက်တာကတော့ Huawei က 66W fast charger ကိုလည်း မိတ်ဆက်ပေးသွားဖို့ရှိနေပါတယ်။ ဒါကြောင့် Mate 40 Series မှာ 66W fast charger ကို ထောက်ပံ့ပေးမယ့်ပုံ ပေါ်ပါတယ်။

ဒါ့ပြင် ကောလာဟလ တွေအရ Mate 40 Pro, Mate 40 Pro+ နဲ့ RS Porsche Design ဟန်းဆက်တွေမှာ Kirin 9000 ချစ်ပ်ဆက် ကို သုံးလာနိုင်ပြီး Mate 40 ရိုးရိုးမှာတော့ Kirin 9000E ကိုသာ အသုံးပြုလာမယ်လို့ ဆိုပါတယ်။

ထွက်ရှိခဲ့တဲ့ သတင်းတွေအရ ပိတ်ဆို့မှုတွေကြောင့် တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီ အနေနဲ့ Kirin 9000 SoC ချစ်ပ်တက်တွေကို အခုရေ ၁၀ သန်း ဝန်းကျင်သာ ထုတ်လုပ်ထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် Mate 40 Series စမတ်ဖုန်း အလုံးရေ ၁၀ သန်းခန့်ကိုသာ ကမ္ဘာတစ်ဝန်းကို ရောင်းချနိုင်လိမ့်မယ်လို့ ယူဆနေကြတာပဲ ဖြစ်ပါတယ်။

Ref – PlayfulDroid