Huawei နဲ့ Samsung တို့ဟာ Foldable Display တွေကို အသုံးပြုပြီး Tablet အရွယ်အစားထိ ရောက်နိုင်တဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရာမှာ ထိပ်ဆုံးက ကုမ္ပဏီကြီးနှစ်ခု ဖြစ်ပါတယ်။ Samsung Galaxy Fold က အတွင်းကို ခေါက်ချိုးတဲ့ပုံစံဖြစ်ပြီး Huawei Mate X နဲ့ Mate Xs တို့ကတော့ အပြင်ဘက်ကို ချိုးပါတယ်။

အခုထွက်ပေါ်လာတဲ့သတင်းအရ Samsung ဟာ မျိုးဆက်သစ် Galaxy Z Fold 2 မှာလည်း အရင်ဒီဇိုင်းကိုပဲ ဆက်အခြေခံလာဦးမယ်ဆိုပေမယ့် Huawei ကတော့ ကွဲပြားမှုကို လက်လျော့ပြီး အတွင်းဘက် ခေါက်ချိုးတဲ့ စတိုင်ကို ပူးပေါင်းလာဖို့ ရှိနေပါတယ်။

အရင်က ဒီဟန်းဆက်ဟာ Mate X2 အမည်နဲ့ သတင်းထွက်ခဲ့ပေမယ့် Huawei ကတော့ ဥရောပမှာ ကွဲပြားတဲ့ အမည်တစ်ခုကို မူပိုင်ခွင့်ရယူခဲ့ပြီး Mate V ဆိုတဲ့ အမည်နဲ့ ဆက်ထွက်လာဖို့ မျှော်လင့်ရပါတယ်။ “V” ဒီဇိုင်းဟာ စာအုပ်ပိတ်သလို ခေါက်ချိုးဖို့ ဆိုတဲ့အတွက် အတွင်းကို ခေါက်တဲ့ ပုံစံဖြစ်မှာပါ။

Huawei ဟာ သူတို့ရဲ့ Foldable ဟန်းဆက်အသစ်ကို အောက်တိုဘာလလောက်မှ မိတ်ဆက်လာဖို့ မျှော်လင့်ရပြီး ဒီကြားထဲမှာ သတင်းတွေ အမျိုးမျိုး တွေ့ရဦးမှာဖြစ်ပါတယ်။

Ref – GSMArena