[Zawgyi]

MWC 2019 မွာ ကမာၻတစ္ဝန္းက နည္းပညာကုမၸဏီႀကီးေတြရဲ႕ ေနာက္ဆုံးေပၚ စမတ္ဖုန္းေတြကို တစ္စုတစ္စည္းတည္း ျမင္ေတြ႕ရမွာျဖစ္တဲ့အတြက္ အလြန္ပဲရင္ခုန္စိတ္လႈပ္ရွားစရာ ပြဲႀကီးတစ္ရပ္လို႔ ဆိုရမွာပါ။ ဒီပြဲမွာ တ႐ုတ္နည္းပညာကုမၸဏီ Huawei ကလည္း သူတို႔ရဲ႕ ေနာက္ဆုံးေပၚ Devices ေတြကို ထုတ္ေဖာ္ျပသသြားမွာ ျဖစ္ပါတယ္။

Huawei ဟာ MWC 2019 မွာ သူတို႔ရဲ႕ Foldable ဖုန္းကို ထုတ္ျပမယ္လို႔ ေဖေဖာ္ဝါရီ လဆန္းပိုင္းကတည္းက ေၾကညာခဲ့ၿပီးသား ျဖစ္ပါတယ္။ ဒါေပမယ့္လည္း MWC ပြဲရက္သာနီးလာခဲ့တယ္၊ Huawei Foldable ဖုန္းရဲ႕ ပုံစံကို ေသေသခ်ာခ်ာ မသိၾကရေသးဘဲ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ရက္ကေတာ့ MWC 2019 က်င္းပမယ့္ေနရာမွာ ျပင္ဆင္ေနၾကတဲ့လုပ္ငန္းခြင္ကတစ္ဆင့္ Huawei ရဲ႕ Foldable ဖုန္းပုံစံကို ျမင္ေတြ႕လိုက္ၾကရပါတယ္။ Banner မွာ ေရးသားထားတဲ့စာအရ Huawei Mate X ဟာ Foldable Phone ျဖစ္သလို 5G ကြန္ရက္နဲ႔လည္း ခ်ိတ္ဆက္အသုံးျပဳႏိုင္ေၾကာင္း သိခဲ့ၾကရပါတယ္။

Banner ကေနတစ္ဆင့္ ခန႔္မွန္းရတာကေတာ့ Mate X folds ဟာ ေကြးေခါက္ႏိုင္တဲ့ မ်က္ႏွာျပင္အမ်ိဳးအစားကို အသုံးျပဳထားၿပီး ျဖန႔္ခ်လိုက္ရင္ေတြ႕ရမယ့္ မ်က္ႏွာျပင္က်ယ္က အျပင္ဘက္မ်က္ႏွာျပင္ျဖစ္တယ္လို႔ ယူဆရပါတယ္။ ေခါက္ထားရင္ေတာ့ သာမန္စမတ္ဖုန္းတစ္လုံးအ႐ြယ္အစားအတိုင္း ျမင္ရမွာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ Mate X ဟာ မတူညီတဲ့ နည္းစနစ္၊ မတူညီတဲ့အေတြးအေခၚ၊ မတူညီတဲ့ ခ်ဥ္းကပ္ပုံနဲ႔ ဖန္တီးထားတယ္လို႔ ခန႔္မွန္းရပါတယ္။ Huawei ကေတာ့ အခုထိ တရားဝင္ထုတ္ျပန္ေၾကညာမႈကို မျပဳလုပ္ေသးသလို အခ်က္အလက္ေပါက္ၾကားမႈလည္း မရွိေသးတာေၾကာင့္ MWC ပြဲရက္ကိုပဲ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းၾကရဖြယ္ရွိပါတယ္။

Ref: Android Authority

[Unicode]

MWC 2019 မွာသုံးမယ့္ Banner ကတစ္ဆင့္ ျမင္ေတြ႕လိုက္ရတဲ့ Huawei Mate X

MWC 2019 မှာ ကမ္ဘာတစ်ဝန်းက နည်းပညာကုမ္ပဏီကြီးတွေရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတွေကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာဖြစ်တဲ့အတွက် အလွန်ပဲရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲကြီးတစ်ရပ်လို့ ဆိုရမှာပါ။ ဒီပွဲမှာ တရုတ်နည်းပညာကုမ္ပဏီ Huawei ကလည်း သူတို့ရဲ့ နောက်ဆုံးပေါ် Devices တွေကို ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်။

Huawei ဟာ MWC 2019 မှာ သူတို့ရဲ့ Foldable ဖုန်းကို ထုတ်ပြမယ်လို့ ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းက ကြေညာခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း MWC ပွဲရက်သာနီးလာခဲ့တယ်၊ Huawei Foldable ဖုန်းရဲ့ ပုံစံကို သေသေချာချာ မသိကြရသေးဘဲ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ MWC 2019 ကျင်းပမယ့်နေရာမှာ ပြင်ဆင်နေကြတဲ့လုပ်ငန်းခွင်ကတစ်ဆင့် Huawei ရဲ့ Foldable ဖုန်းပုံစံကို မြင်တွေ့လိုက်ကြရပါတယ်။ Banner မှာ ရေးသားထားတဲ့စာအရ Huawei Mate X ဟာ Foldable Phone ဖြစ်သလို 5G ကွန်ရက်နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ကြောင်း သိခဲ့ကြရပါတယ်။

Banner ကနေတစ်ဆင့် ခန့်မှန်းရတာကတော့ Mate X folds ဟာ ကွေးခေါက်နိုင်တဲ့ မျက်နှာပြင်အမျိုးအစားကို အသုံးပြုထားပြီး ဖြန့်ချလိုက်ရင်တွေ့ရမယ့် မျက်နှာပြင်ကျယ်က အပြင်ဘက်မျက်နှာပြင်ဖြစ်တယ်လို့ ယူဆရပါတယ်။ ခေါက်ထားရင်တော့ သာမန်စမတ်ဖုန်းတစ်လုံးအရွယ်အစားအတိုင်း မြင်ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် Mate X ဟာ မတူညီတဲ့ နည်းစနစ်၊ မတူညီတဲ့အတွေးအခေါ်၊ မတူညီတဲ့ ချဉ်းကပ်ပုံနဲ့ ဖန်တီးထားတယ်လို့ ခန့်မှန်းရပါတယ်။ Huawei ကတော့ အခုထိ တရားဝင်ထုတ်ပြန်ကြေညာမှုကို မပြုလုပ်သေးသလို အချက်အလက်ပေါက်ကြားမှုလည်း မရှိသေးတာကြောင့် MWC ပွဲရက်ကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းကြရဖွယ် ရှိပါတယ်။

Ref: Android Authority