[Zawgyi]

Foldable ဖုန္းနဲ႔ပတ္သက္လာရင္ ထိပ္တန္းကုမၸဏီႀကီးႏွစ္ခုျဖစ္တဲ့ Samsung နဲ႔ Huawei တို႔ရဲ႕ ၿပိဳင္ဆိုင္မႈကိုပဲ ျမင္ေယာင္မိၾကမယ္ ထင္ပါတယ္။ ေရွ႕မွာ Foldable ဖုန္းထြက္ေပၚခဲ့ေပမယ့္ ဒီကုမၸဏီႏွစ္ခုရဲ႕ ထုတ္ကုန္ေတြကသာ စမတ္က်ၿပီး Foldable Smartphone အျဖစ္ အာ႐ုံစိုက္ျခင္းခံေနရတာလည္း ျဖစ္ပါတယ္။

ၿပိဳင္ဘက္ ကိုရီးယားကုမၸဏီႀကီးကေတာ့ Protective Layer ျပႆနာေၾကာင့္ ေဈးကြက္ထဲပို႔ဖို႔ အခ်ိန္ေတြ ေနာက္ဆုတ္ခဲ့ရသလို တ႐ုတ္အေျခစိုက္ ကုမၸဏီႀကီးကလည္း ကုန္သြယ္ေရးစစ္ဖိအားေၾကာင့္ ေဈးကြက္ထဲပို႔မယ့္အခ်ိန္ကို ေ႐ႊ႕ဆိုင္းခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Mate X ဟာ Android OS နဲ႔အတူ စက္တင္ဘာလထက္ ေနာက္မက်ဘဲ ေဈးကြက္ထဲ ေရာက္လာမယ္လို႔ ဆိုပါတယ္။

Mate X ကို စက္တင္ဘာလထက္ေနာက္မက်ေစဘဲ၊ ေစာႏိုင္သမွ်ေစာၿပီး ေဈးကြက္ထဲပို႔ေဆာင္မွာျဖစ္တယ္လို႔ Huawei ရဲ႕ အလုပ္အမႈေဆာင္နဲ႔ အေနာက္ဥေရာပေဒသဆိုင္ရာ ဥကၠ႒ Vincent Pang ကေတာ့ TechRadar နဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။ ဇြန္လလယ္က ထြက္ေပၚခဲ့တဲ့ သတင္းအရ Mate X ဟာ Huwei Mate 20 X 5G နဲ႔ ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို တ႐ုတ္ 3C (China Compulsory Certificate) ရရွိခဲ့ေၾကာင္း သိရပါတယ္။

Pang ကေတာ့ ကုမၸဏီအေနနဲ႔ Mate X ကို 5G ကြန္ရက္ျဖန႔္က်က္ထားတဲ့ ႏိုင္ငံတိုင္းမွာ ေရာင္းခ်သြားမယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ Mate X ဟာ 5G ကြန္ရက္ခ်ိတ္ဆက္အသုံးျပဳႏိုင္မွာျဖစ္တဲ့အတြက္ 4G LTE Galaxy Fold အမ်ိဳးအစားကိုသာ ဦးစြာေရာင္းခ်မယ့္ ေတာင္ကိုရီးယားကုမၸဏီႀကီးထက္ ေျခတစ္လွမ္းေစာၿပီး ေဈးကြက္ကို ဦးထားလိုတဲ့ သေဘာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ထြက္ခဲ့ၿပီးသား သတင္းေတြမွာေတာ့ Mate X ကို တ႐ုတ္ျပည္တြင္းေဈးကြက္မွာ အရင္ဦးဆုံး ျဖန႔္ခ်ိသြားဖြယ္ရွိတယ္လို႔ ေဖာ္ျပထားၾကတာကို ေတြ႕ရပါတယ္။ Mate X မွာ 55W SuperCharge အားသြင္းနည္းပညာ ပါဝင္လာမယ္လို႔ သိရတဲ့အျပင္ Android OS ကို အသုံးျပဳႏိုင္မွာလည္း ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Android OS မောင်းနှင်ထားမယ့် Huawei Mate X ကို စက်တင်ဘာထက် နောက်မကျဘဲ ဖြန့်ချိမည်

Foldable ဖုန်းနဲ့ပတ်သက်လာရင် ထိပ်တန်းကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Samsung နဲ့ Huawei တို့ရဲ့ ပြိုင်ဆိုင်မှုကိုပဲ မြင်ယောင်မိကြမယ် ထင်ပါတယ်။ ရှေ့မှာ Foldable ဖုန်းထွက်ပေါ်ခဲ့ပေမယ့် ဒီကုမ္ပဏီနှစ်ခုရဲ့ ထုတ်ကုန်တွေကသာ စမတ်ကျပြီး Foldable Smartphone အဖြစ် အာရုံစိုက်ခြင်းခံနေရတာလည်း ဖြစ်ပါတယ်။

ပြိုင်ဘက် ကိုရီးယားကုမ္ပဏီကြီးကတော့ Protective Layer ပြဿနာကြောင့် ဈေးကွက်ထဲပို့ဖို့ အချိန်တွေ နောက်ဆုတ်ခဲ့ရသလို တရုတ်အခြေစိုက် ကုမ္ပဏီကြီးကလည်း ကုန်သွယ်ရေးစစ်ဖိအားကြောင့် ဈေးကွက်ထဲပို့မယ့်အချိန်ကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Mate X ဟာ Android OS နဲ့အတူ စက်တင်ဘာလထက် နောက်မကျဘဲ ဈေးကွက်ထဲ ရောက်လာမယ်လို့ ဆိုပါတယ်။

Mate X ကို စက်တင်ဘာလထက်နောက်မကျစေဘဲ၊ စောနိုင်သမျှစောပြီး ဈေးကွက်ထဲပို့ဆောင်မှာဖြစ်တယ်လို့ Huawei ရဲ့ အလုပ်အမှုဆောင်နဲ့ အနောက်ဥရောပဒေသဆိုင်ရာ ဥက္ကဋ္ဌ Vincent Pang ကတော့ TechRadar နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဇွန်လလယ်က ထွက်ပေါ်ခဲ့တဲ့ သတင်းအရ Mate X ဟာ Huwei Mate 20 X 5G နဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို တရုတ် 3C (China Compulsory Certificate) ရရှိခဲ့ကြောင်း သိရပါတယ်။

Pang ကတော့ ကုမ္ပဏီအနေနဲ့ Mate X ကို 5G ကွန်ရက်ဖြန့်ကျက်ထားတဲ့ နိုင်ငံတိုင်းမှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် Mate X ဟာ 5G ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် 4G LTE Galaxy Fold အမျိုးအစားကိုသာ ဦးစွာရောင်းချမယ့် တောင်ကိုရီးယားကုမ္ပဏီကြီးထက် ခြေတစ်လှမ်းစောပြီး ဈေးကွက်ကို ဦးထားလိုတဲ့ သဘောကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ထွက်ခဲ့ပြီးသား သတင်းတွေမှာတော့ Mate X ကို တရုတ်ပြည်တွင်းဈေးကွက်မှာ အရင်ဦးဆုံး ဖြန့်ချိသွားဖွယ်ရှိတယ်လို့ ဖော်ပြထားကြတာကို တွေ့ရပါတယ်။ Mate X မှာ 55W SuperCharge အားသွင်းနည်းပညာ ပါဝင်လာမယ်လို့ သိရတဲ့အပြင် Android OS ကို အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

Ref: GSMArena