HUAWEI ဟာ စျေးကွက်အတွင်းမှာ အစောဆုံး Foldable ဖုန်းကို မိတ်ဆက်နိုင်ခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ အခုလည်း HUAWEI ကနေ Mate XS အပြင် Huawei P50 Pocket လိုမျိုး Foldable ဖုန်းတွေကို ဆက်လက်ထုတ်လုပ်နေဆဲပါ။

အခုထပ်မံထွက်ပေါ်လာတဲ့သတင်းတစ်ခုအရ HUAWEI ဟာ နောက်ထပ် Foldable ဖုန်းအသစ်ကို မိတ်ဆက်ဖို့စီစဥ်နေပြီး နာမည်ကို HUAWEI Mate X3 လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကို Tipster တစ်ဦးဖြစ်တဲ့ Wangzai Knows Everything က NotebookCheck ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ HUAWEI Mate X3 Foldable ဖုန်းအသစ်ဟာ မကြာခင်မှာ တရားဝင်မိတ်ဆက်တော့မှာဖြစ်ပြီး Design ပိုင်းအနေနဲ့ Galaxy Z Fold4 နဲ့ ဆင်တူမှာပါ။

လက်ရှိအချိန်မှာ HUAWEI Foldable ဖုန်းတွေဟာ အပြင်ဘက်ကို လှန်ချိုးရတဲ့ Design ကို အသုံးပြုနေတာဖြစ်ပြီး Galaxy Z Fold4 ဖုန်းဟာ အတွင်းဘက်ကို ချိုးရပြီးတော့ အပြင်ဘက်မှာ သီးသန့် Display တစ်ခုပါဝင်တဲ့ Design ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် HUAWEI ဟာ Mate X3 ဖုန်းမှာ ပထမဆုံးအနေနဲ့ မတူညီတဲ့ Design ကို ပြောင်းလဲမှာဖြစ်ပြီး အပြင်ဘက် Display လည်း အသစ်ပါဝင်လာမှာဖြစ်ပါတယ်။

Render Design တွေအရတော့ HUAWEI Mate X3 ဖုန်းဟာ အပြင်ဘက် Display မှာ Dual Selfie Camera ကို Punch-hole Design ပြုလုပ်ထားပြီး အတွင်းဘက်မှာတော့ Selfie Camera ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ Processor ပိုင်းမှာတော့ 4G Version Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုလာဖွယ်ရှိနေပါတယ်။

Ref – Gizmo China