Zawgyi




Photo Source – The Verge

Huawei NM Card တွေရဲ့ Speed က Up to 90MB/s အထိ ရှိပြီး၊ လောလောဆယ်မှာတော့ 128GB နဲ့ 256GB ၂မျိုးသာ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ NM Card တွေရဲ့ ဈေးနှုန်းကို Huawei ဘက်က တရားဝင် ထုတ်ဖော်ကြေညာသွားခြင်း မရှိပေမယ့်၊ သေချာတာကတော့ MicroSD တွေလောက် ဈေးသက်သာမှာ မဟုတ်ပါဘူး။

Ref: Android Authority

Unicode

MicroSD ထက် ပိုမိုသေးငယ်တဲ့ Nano Memory Card ကို Huawei မိတ်ဆက်

Huawei အနေနဲ့ Mate 20 စီးရီး စမတ်ဖုန်းတွေကို မနေ့ညတုန်းက လန်ဒန်မြို့မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Mate 20 စမတ်ဖုန်းတွေဟာ Features အသစ်များ၊ နည်းပညာ အသစ်များနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး၊ Nano Memory Card ဆိုတာကလည်း Mate 20 စမတ်ဖုန်းတွေမှာ အသုံးပြုလို့ရမယ့် နည်းပညာ အသစ်ပါပဲ။

လောလောဆယ်မှာတော့ Nano Memory Card (NM Card) ဟာ Mate 20 စမတ်ဖုန်းတွေမှာသာ အသုံးပြုလို့ ရမှာ ဖြစ်ပြီး၊ နောင်လာမယ့် အနာဂါတ်မှာ MicorSD အစား NM Card တွေ အစားထိုးလာမလားဆိုတာကိုတော့ အတိအကျ ပြောလို့ မရသေးပါဘူး။

Huawei ရဲ့ ပြောကြားချက်များအရ သူတို့ရဲ့ NM Card ဟာ MicroSD ထက် ၄၀% အထိ ပိုမိုသေးငယ်သွားပြီး Nano-SIM Card နဲ့ အရွယ်အစား တူညီတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Huawei Mate 20 နဲ့ Mate 20 Pro တို့မှာ Nano-SIM ၂ကဒ် ဒါမှမဟုတ် NM Card + Nano-SIM တွေကို ထည့်သွင်းနိုင်မယ့် Card Slot ကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Huawei NM Card တွေရဲ့ Speed က Up to 90MB/s အထိ ရှိပြီး၊ လောလောဆယ်မှာတော့ 128GB နဲ့ 256GB ၂မျိူးသာ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ NM Card တွေရဲ့ စျေးနှုန်းကို Huawei ဘက်က တရားဝင် ထုတ်ဖော်ကြေညာသွားခြင်း မရှိပေမယ့်၊ သေချာတာကတော့ MicroSD တွေလောက် စျေးသက်သာမှာ မဟုတ်ပါဘူး။

Ref: Android Authority