Zawgyi

Huawei အေနနဲ႔ Mate စီးရီးမ်ိဴးဆက္သစ္ စမတ္ဖုန္းေတြကို ေအာက္တိုဘာလ ၁၆ရက္ေန႔မွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ Mate 20 ရဲ႕ ဓာတ္ပုံနဲ႔အတူ အခ်က္အလက္တခ်ိဴ႕ဟာ အင္တာနက္ စာမ်က္ႏွာေတြကေန တဆင့္ ေပါက္ၾကားထြက္ေပၚလာခဲ့ပါတယ္။

ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဓာတ္ပုံေတြအရဆိုရင္ Mate 20 စမတ္ဖုန္းမွာ Waterdrop Notch Display, Triple Camera Setup နဲ႔ Fingerprint Sensor ေတြပါဝင္ေနတာကို ျမင္ေတြ႕ရပါတယ္။ Waterdrop Notch Display ကို အသုံးျပဳထားတဲ့အတြက္ ပိုၿပီး လုံၿခဳံစိတ္ခ်ရတဲ့ 3D Facial Recognition စနစ္ကိုေတာ့ ေထာက္ပံ့ေပးႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ Mate 20 မွာ အသုံးျပဳထားတဲ့ Display ဟာ ၆.၄၃လက္မ အ႐ြယ္ရွိ FHD+ LCD Display အမ်ိဴးအစားျဖစ္ၿပီး Resolution ကေတာ့ 1080 x 2244 pixels ရွိႏိုင္ပါတယ္။ လက္ရွိ In-display Fingerprint နည္းပညာေတြက OLED Display ေတြမွာသာ အလုပ္လုပ္တာေၾကာင့္ LCD Display အသုံးျပဳထားမယ့္ Mate 20 မွာ In-display Fingerprint နည္းပညာ ပါဝင္လာႏိုင္ဖြယ္ မရွိပါဘူး။ ဒါ့ေၾကာင့္ သာမန္ Fingerprint Scanner ကိုပဲ ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားတာ ျဖစ္ႏိုင္ပါတယ္။ 3D Facial Recognition နဲ႔ In-display Fingerprint နည္းပညာေတြကေတာ့ Mate 20 Pro မွာပဲ ပါဝင္ႏိုင္ဖြယ္ ရွိပါတယ္။

Mate 20, Mate 20 Pro တို႔မွာ အသုံးျပဳထားမယ့္ Kirin 980 SoC ဟာ Android စမတ္ဖုန္းေတြထဲမွာ ပထမဦးဆုံး 7nm Architecture နဲ႔တည္ေဆာက္ထားတဲ့ Processor မ်ားျဖစ္သလို အဆင့္ျမႇင့္တင္မႈမ်ား မ်ားစြာ ျပဳလုပ္ထားတဲ့ Processor မ်ားလည္း ျဖစ္ပါတယ္။ ဘယ္ေလာက္ထိ တိုးတက္ ေျပာင္းလဲလာမလဲ၊ ဘာေတြအဆင့္ျမင့္သြားလဲ ဆိုတာကိုေတာ့ လာမယ့္ ေအာက္တိုဘာလ ၁၆ရက္ေန႔မွာ က်င္းပမယ့္ Mate 20 စီးရီးမိတ္ဆက္ပြဲကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Ref:gadgets.ndtv

Unicode

Triple Camera, Waterdrop Notch Display တွေနဲ့ ပွဲထွက်လာနိုင်တဲ့ Huawei Mate 20

Huawei အနေနဲ့ Mate စီးရီးမျိူးဆက်သစ် စမတ်ဖုန်းတွေကို အောက်တိုဘာလ ၁၆ရက်နေ့မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Mate 20 ရဲ့ ဓာတ်ပုံနဲ့အတူ အချက်အလက်တချိူ့ဟာ အင်တာနက် စာမျက်နှာတွေကနေ တဆင့် ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။

ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေအရဆိုရင် Mate 20 စမတ်ဖုန်းမှာ Waterdrop Notch Display, Triple Camera Setup နဲ့ Fingerprint Sensor တွေပါဝင်နေတာကို မြင်တွေ့ရပါတယ်။ Waterdrop Notch Display ကို အသုံးပြုထားတဲ့အတွက် ပိုပြီး လုံခြုံစိတ်ချရတဲ့ 3D Facial Recognition စနစ်ကိုတော့ ထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် Mate 20 မှာ အသုံးပြုထားတဲ့ Display ဟာ ၆.၄၃လက်မ အရွယ်ရှိ FHD+ LCD Display အမျိူးအစားဖြစ်ပြီး Resolution ကတော့ 1080 x 2244 pixels ရှိနိုင်ပါတယ်။ လက်ရှိ In-display Fingerprint နည်းပညာတွေက OLED Display တွေမှာသာ အလုပ်လုပ်တာကြောင့် LCD Display အသုံးပြုထားမယ့် Mate 20 မှာ In-display Fingerprint နည်းပညာ ပါဝင်လာနိုင်ဖွယ် မရှိပါဘူး။ ဒါ့ကြောင့် သာမန် Fingerprint Scanner ကိုပဲ နောက်ကျောဘက်မှာ တပ်ဆင်ထားတာ ဖြစ်နိုင်ပါတယ်။ 3D Facial Recognition နဲ့ In-display Fingerprint နည်းပညာတွေကတော့ Mate 20 Pro မှာပဲ ပါဝင်နိုင်ဖွယ် ရှိပါတယ်။

Mate 20, Mate 20 Pro တို့မှာ အသုံးပြုထားမယ့် Kirin 980 SoC ဟာ Android စမတ်ဖုန်းတွေထဲမှာ ပထမဦးဆုံး 7nm Architecture နဲ့တည်ဆောက်ထားတဲ့ Processor များဖြစ်သလို အဆင့်မြှင့်တင်မှုများ များစွာ ပြုလုပ်ထားတဲ့ Processor များလည်း ဖြစ်ပါတယ်။ ဘယ်လောက်ထိ တိုးတက် ပြောင်းလဲလာမလဲ၊ ဘာတွေအဆင့်မြင့်သွားလဲ ဆိုတာကိုတော့ လာမယ့် အောက်တိုဘာလ ၁၆ရက်နေ့မှာ ကျင်းပမယ့် Mate 20 စီးရီးမိတ်ဆက်ပွဲကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref:gadgets.ndtv