ဒီလ ၂၂ ရက်နေ့မှာ Huawei ရဲ့ စွမ်းရည်မြင့် Mate 40 Series ကို မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။ ဒါကို Huawei က အတည်ပြုထားပြီးပါပြီ။ စုစုပေါင်း မော်ဒယ် ၄ မျိုး ထွက်လာမှာဖြစ်ပြီး ရိုးရိုး မော်ဒယ် ၁ ခုနဲ့ Limited Version အပါအဝင် Pro မော်ဒယ် ၃ ခု ပါလာမှာပါ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ Pro မော်ဒယ်တွေရဲ့ Storage Version နဲ့ အရောင်တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Huawei Mate 40 series rear design-

Mate 40 မော်ဒယ် ၄ လုံးက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

HUAWEI Mate40

HUAWEI Mate40 Pro

HUAWEI Mate40 Pro+

PORSCHE DESIGN HUAWEI Mate40 RS

အဲဒီ ဖုန်း ၄ လုံးစလုံးမှာ 5nm HiSilicon Kirin 9000 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အဲဒီဖုန်းတွေရဲ့ အဓိက ကွာခြားချက်က ကင်မရာတွေ ဖြစ်ပါတယ်။

Huawei Mate 40 Pro: Leaks, rumors, and what we want to see (Update)

အခုတော့ တွစ်တာမှာ Pro မော်ဒယ်တွေရဲ့ သတင်းအချက်အလက်တွေ ထွက်လာပါတယ်။ Mate 40 Pro နဲ့ Porsche Design မော်ဒယ်အတွက် Storage Version ၂ မျိုးနဲ့ Mate 40 Pro+ အတွက် Storage Version ၁ မျိုး ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။

အရောင် အကြောင်းကို ပြောရရင် Mate 40 Pro အတွက် အရောင် ၅ မျိုးနဲ့ Mate 40 Pro+ , Porsche Design အတွက် ၂ ရောင် ထုတ်လုပ်ထားမှာပါ။

Pro မော်ဒယ်တွေရဲ့ Storage Version နဲ့ အရောင်တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

HUAWEI Mate40 Pro Storage Variants & Colors

Storage Variants

8GB + 256GB

8GB + 512GB

Colors (Translated)

Bright Black (Black)

Cosmic Silver (Silver/Gray)

Autumn Populus Euphratica (Yellowish Orange)

Populus Euphratica (Green)

Glazed/Pearl White (White)

HUAWEI Mate40 Pro+ Storage Variants & Colors

Storage Variants

12GB + 256GB

Colors (Translated)

Ceramic White (White)

Ceramic Black (Black)

PORSCHE DESIGN HUAWEI Mate40 RS Storage Variants and Colors

Storage Variants

12GB + 256GB

12GB + 512GB

Colors (Translated)

Ceramic White (White)

Ceramic Black (Black)

Ref : gizmochina