Huawei က စွမ်းရည်မြင့် Mate 40 Series တွေကို ပူပူနွေးနွေး ကြေညာထားပြီး အဲဒါတွေက Mate 40 , Mate 40 Pro , Mate 40 Pro+ နဲ့ Mate 40 RS Porsche Design တို့ ဖြစ်ပါတယ်။ အခုတော့ Huawei က မိတ်ဆက်ပွဲရဲ့ အဓိက အကြောင်းအရာတွေကို အကျဉ်းချုပ်ထားတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ အချိန်မရသူတွေအတွက် ဒီ ၂ မိနစ်စာ ဗီဒီယိုလေးက တော်တော်မိုက်ပါတယ်။

အဲဒီ ဖုန်းတွေမှာ Kirin 9000 Chipset ထည့်သွင်းထားပြီး 5nm Process နဲ့ တည်ဆောက်ထားပါတယ်။ Huawei က လက်ရှိ ဈေးကွက်ထဲက အမြန်ဆုံး Chipset လို့ ကြွေးကြော်ထားပါတယ်။ Free-form Lens ပါတဲ့ ပထမဆုံး ဖုန်းတွေလည်း ဖြစ်ပြီး သီအိုရီအရ မြင်ကွင်းကျယ် ဓါတ်ပုံတွေ အရမ်း လန်းမှာပါ။ Huawei က Hand Gestures တွေကိုလည်း ပြန်ထည့်ပေးထားပါတယ်။

Huawei စီအီးအို Richard Yu ရဲ့ ၂ မိနစ်စာ ဗီဒီယိုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမယ့် ဖုန်းတွေရဲ့ လုပ်ဆောင်ချက်တွေ အကြောင်းသိချင်သူတွေအတွက် Huawei က ၁ မိနစ်စာ Promo ဗီဒီယို ၁ ခုကိုလည်း မျှဝေလိုက်ပါတယ်။

ဒါဟာ Mate 40 Series ရဲ့ ပထမဆုံး Promo ဗီဒီယို ဖြစ်ပြီး ဖုန်းတွေ စရောင်းတာနဲ့ တီဗီမှာ ကြော်ငြာမယ်လို့ ထင်ပါတယ်။ Mate 40 ကို ၈၉၉ ယူရို၊ Mate 40 Pro ကို ၁,၂၀၀ ယူရိုနဲ့ Pro+ ကို ၁,၄၀၀ ယူရို သတ်မှတ်ထားပါတယ်။ ၁၃ သိန်း ၇ သောင်း ၊ ၁၈ သိန်း ၃ သောင်းနဲ့ ၂၁ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး မသိရသေးတာက ရောင်းမယ့် အချိန်ပါ။

Ref : gsmarena