ခေတ်လူငယ်တွေ သုံးစွဲဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ HUAWEI MateBook D 14 နဲ့ D 15 မော်ဒယ်နှစ်မျိုးကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ပေါ့ပါးကျစ်လျစ်တဲ့ ဒီဇိုင်းအသွင်အပြင်ကိုမှ FullView Display နဲ့ ပေါင်းစပ်ထားတဲ့ MateBook D စီးရီးဟာ HUAWEI Share Feature နဲ့ အားဖြည့်ထားပါတယ်။ အဆိုပါ Feature လုပ်ဆောင်ချက်ကြောင့် Smartphones နဲ့ Laptops အကြား Boundaries အကန့်သတ်မဲ့ ချိတ်ဆက်အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

ရိုးရှင်းလှပပြီး Unique ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ MateBook D Series

ကိုယ်ထည်ဒီဇိုင်းပိုင်းမှာ Metal Chassis (သတ္ထုကိုယ်ထည်) နဲ့ ဖွဲ့စည်းထားလို့ ကျစ်ကျစ်လျစ်လျစ် ကိုင်တွယ်ရမယ့်အပြင် Premium ဆန်တဲ့ Feeling ကိုလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ စတိုင်ကျပြီး အလေးချိန်လည်း ပေါ့ပါးတဲ့အတွက် MateBook D 14 ဟာ 15.9 mm အထူနဲ့ 1.38kg ပဲ Weigh ရှိပါတယ်။

MateBook D 15 ကတော့ 16.9mm အထူနဲ့ 1.62kg အလေးချိန်ရှိသွားပေမယ့် SSD နဲ့ HDD နှစ်မျိုး Combo Drive သုံးစွဲခွင့်ပေးထားပါတယ်။ MateBook D 14 မှာတော့ ပိုပြီးတော့ Flexible Display ပါဝင်ပြီး Lid ကိုဖွင့်နိုင်တဲ့ Angle ကို ကျယ်ကျယ်ဝန်းဝန်း ပေးထားပါတယ်။

MateBook စီးရီးတွေရဲ့ Signature ဒီဇိုင်းတစ်ခုဖြစ်တဲ့ HUAWEI FullView Display ကို D 14 နဲ့ D 15 မော်ဒယ်နှစ်မျိုးလုံးမှာ အသုံးပြုထားပါတယ်။ Display Bezel တွေ သေးသွယ်လှပနေစေဖို့နဲ့ လုံခြုံရေးအတွက် Camera ကို Keyboard အတွင်းမှာ မြုပ်ပေးထားပြီး အဆိုပါ ဒီဇိုင်းအိုင်ဒီယာက စိတ်ချယုံကြည်မှုကို ပေးစွမ်းပါတယ်။

MateBook D 15 မှာဆိုရင် Display Bezel တွေက 5.3mm အထိ သေးသွယ်သွားပြီး Screen-to-body Ratio ကို 87% Cover လုပ်နိုင်တဲ့အထိ ကြီးမားလာစေပါတယ်။ FullView Display ကလည်း 15.6” အရွယ်စားရှိ Panel ကို 1080p Resolution ထောက်ပံ့ထားပြီး အရည်သွေးမြင့် IPS Screen အသုံးပြုထားပါတယ်။ Anti-glare Coating ထည့်သွင်းပါဝင်တဲ့အတွက် Big Screen ၊ Big View Experience ကို ကောင်းကောင်းပေးစွမ်းနိုင်တယ်။

နောက်တစ်မျိုး ပြောရရင် ရုပ်ရှင်ကြည့်ဖို့ FullView Experience ကို ရရှိမယ့်အပြင် MateBook D နှစ်မျိုးလုံးက 4K Output ထောက်ပံ့ထားပါတယ်။ ဒါကြောင့်မလို့ External Monitor ဒါမှမဟုတ် Projector ကနေ ကြည့်ရှုမယ်ဆိုရင် ပိုမိုကြည်လင်ပြတ်သားတဲ့ အရည်သွေးကို ရရှိဦးမှာ ဖြစ်ပါတယ်။

MateBook D 14 မှာတော့ 15 ထက် ပိုသေးငယ်တဲ့ 4.8 mm Bezel ပိုင်ဆိုင်ထားပြီး 14” အရွယ် FullView Display က 84% Screen-to-body Ratio ထောက်ပံ့ထားပါတယ်။ 1080p Resolution Screen IPS Display ကလည်း Anti-glare Protection ပါဝင်တဲ့အပြင် Viewing Experience အပိုင်းမှာ Vivid ဖြစ်တဲ့ Colour အရည်သွေးနဲ့ ရှုစားရဦးမှာပါ။

MateBook D 14 နဲ့ D 15 နှစ်မျိုးလုံးရဲ့ Display Panel တွေဟာ TUV Rheinland Certified ဖြစ်တဲ့အတွက် Harmful Bluelight တွေကို အထိုက်လျောက် စစ်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အမြင်အာရုံဝေဝါးမှုကိုလည်း လျှော့ချပေးနိုင်တဲ့အတွက် ကွန်ပျူတာ Screen ကို ရေရှည်ကြည့်ပြီး အလုပ်လုပ်ရသူတွေ ပူပန်ရ သက်သာစေပါတယ်။

HUAWEI Share

မိသားစုဝင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲတစေ ချိတ်ဆက်မိနေဖို့ All-connected ကမ္ဘာကို HUAWEI တည်ဆောက်နေပြီး ဒီဂျင်တယ် နည်းပညာတွေရဲ့ အားသာချက်တွေ ခံစားရစေဖို့ အကောင်ထည် ဖော်နေပါပြီ။ ဒါကြောင့် Mult-Screen Collaboration လုပ်ဆောင်ချက်ကို မိတ်ဆက်ပေးလိုက်ပြီး စမတ်ဖုန်းနဲ့ Laptop လို မတူညီတဲ့ Platform နှစ်ခုကို ပိုလျှင်မြန်စွာ ချိတ်ဆက် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

MateBook D 14 နဲ့ D 15 မှာ အဆိုပါ HUAWEI Share နည်းပညာဖြစ်တဲ့ Multi-screen Experience ပိုကောင်းလာပါတယ်။ အဆိုပါ Feature ကြောင့် စမတ်ဖုန်း Screen ကို MateBook D နှစ်မျိုးလုံးမှာ တပြိုင်နက်တည်း အသုံးပြုလာနိုင်ပါတယ်။

Laptop နဲ့ စမတ်ဖုန်း ချိတ်သွားပြီဆိုတာနဲ့ ဖိုင်တွေကို Device နှစ်မျိုးလုံးမှာ နှစ်သက်သလို Drag and Drop လုပ်လို့ရလာမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် File Transfer လုပ်ဆောင်ချက်က ပြည့်စုံလာပြီး Copy & Paste လာတာထက် လျှင်မြန်လာပါတယ်။

Multi-tasking ပိုင်းမှာဆိုရင်လည်း Texts ၊ Photos နဲ့ Videos တွေကို Edit လုပ်လာနိုင်တဲ့အတွက် Screen ၂ ခုသုံးနေရတာထက်စာရင် ပိုပြီးတော့ Improve ဖြစ်လာပါတယ်။ အဲ့ဒါအပြင် ကွန်ပျူတာ Keyboard ၊ Mouse Interface ကို Laptop ရော စမတ်ဖုန်းရော နှစ်မျိုးလုံးမှာ သုံးစွဲခွင့်ပေးထားတဲ့အတွက် Productivity ပိုင်းလည်း ပိုကောင်းလာပါတယ်။

MateBook ကနေတဆင့် Android Apps တွေဖြစ်တဲ့ Video ၊ News နဲ့ Productivity Apps တွေကို Tap တစ်ချက်နှိပ်ရုံနဲ့ စမတ်ဖုန်းနဲ့ PC အကြား ကူးပြောင်းပေးနိုင်ဦးမှာ ဖြစ်ပါတယ်။

Various Improvements

MateBook D Series ကို သုံးစွဲသူ အလိုကျဖြစ်စေဖို့ မော်ဒယ်နှစ်မျိုး ထုတ်လုပ်ထားပြီး AMD နဲ့ Intel Laptop တွေအဖြစ် ရွေးချယ်နိုင်ပါတယ်။ AMD Version မှာဆိုရင်တော့ Ryzen 5 3500U နဲ့ Ryzen 7 3700U ဆိုပြီး MateBook D 14 နဲ့ D 15 အတွက် ထုတ်ပေးထားပါတယ်။ Ryzen 5 3500U မှာ Radeon Vega 8 Graphics အသုံးပြုထားပြီး Ryzen 7 3700U မှာတော့ Radeon Vega 10 Graphics ပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ Radeon Vega 8 နဲ့ Vega 10 GPU တွေဟာ Daily Task အတွက် Powerful ဖြစ်လွန်းသလို Vega 10 Graphics ဟာ Photoshop နဲ့ Premiere Application ကိုင်တွယ်နိုင်တဲ့အထိ စွမ်းဆောင်ရည် ကောင်းပါတယ်။

Performance အပိုင်း ပြည့်စုံနေစေဖို့ MateBook D နှစ်မျိုးလုံးမှာ Dual-channel Memory ထောက်ပံ့ထားပြီး PCIe SSD ကို Multi-tasking ပိုင်းနဲ့ Heavy Apps သုံးတဲ့အခါ Smooth ဖြစ်နေစေဖို့ ထည့်သွင်းပေးထားပါတယ်။

Intel Version နှစ်သက်သူတွေဆိုရင်တော့ 10th Generation Core i7-10510U Processor အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Multi-tasking Power အလုံလောက်ပိုင်ဆိုင်ထားပြီး 2GB GDDR5 VRAM ပါဝင်တဲ့ NIVIDIA Geforce MX250 Discrete Graphics ကတ်နဲ့ တွဲဖက်ပေးထားပါတယ်။

ဒါကြောင့် Intel မော်ဒယ်တွေဟာ ပိုပြီးတော့ Powerful ဖြစ်သလို Game ကစားဖို့အတွက်ပါ လုံလောက်တဲ့ Performance ပိုင်ဆိုင်ထားပါတယ်။ Battery ပိုင်းမှာ တာရှည်ခံသုံးစွဲနိုင်ဖို့ 56Wh Battery ကို MateBook D 14 မှာ အသုံးပြုထားပြီး Full Charge အနေထားနဲ့ 1080p ရုပ်ရှင်ကြည့်ရင် 9.4 Hrs ဆက်တိုက် အသုံးခံပါတယ်။ Intel Version တွေကတော့ 13.2 Hrs အထိ အားခံပါတယ်။

System အေးမြမှုအပိုင်းကိုတော့ အရင် Generation ထက် Improve ဖြစ်လာတဲ့ HUAWEI Shar Fin Fan 2.0 ကို MateBook နှစ်မျိုးလုံးမှာ အသုံးပြုထားပါတယ်။ အဆိုပါ Upgrade Version ဖြစ်လာတဲ့ Shark Fin Fan မှာ S-shaped ပုံသဏ္ဍာန် Fan Blade အသုံးပြုထားပြီး Blade အရေတွက် ပိုမိုပါဝင်လာတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ လေဝင် ၊ လေထွက် Airflow ပိုကောင်းလာသလို Cooling ပိုင်း Improve ဖြစ်လာတဲ့အတွက် စွမ်းဆောင်ရည် မထိခိုက်စေဘဲ အသုံးပြုနိုင်ပါတယ်။

Boosted Productivity

MateBook D 14 နဲ့ D 15 တွေမှာ လေးလံပြီး ထူထဲတဲ့ Power Charger တွေအစား အရွယ်စားသေးငယ်ပြီး Portable ဖြစ်တဲ့ 65W USB-C Charger အသုံးပြုပေးထားပါတယ်။ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ Detachable Cable ထည့်သွင်းထားတဲ့အတွက် Compact ဖြစ်တဲ့အပြင် Portable ပိုဖြစ်ပါတယ်။

အဲ့ဒါအပြင် Cable တွေမှာ Overheat Protection Feature ပါဝင်တဲ့အတွက် ကန့်သတ်ထားတဲ့ အပူချိန် ရောက်လာရင် Power အလိုလျောက် ဖြတ်တောက်ပေးသွားမှာ ဖြစ်ပါတယ်။ အခုလို Protection ပါဝင်တဲ့အတွက် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်သလို Data Transmission အတွက်လည်း အသုံးချနိုင်ဦးမှာပါ။

MateBook D 14 နဲ့ D 15 မော်ဒယ်နှစ်မျိုးလုံးဟာ Portability ပိုင်း ကောင်းမွန်သလို Connectivity ပိုင်းအတွက်လည်း ပြည့်စုံမှုရှိပါတယ်။ အားသွင်းအသုံးပြုဖို့ USB-C Port အပြင် HDMI Port ၊ 3.5mm Headphone Jack နဲ့ USB 3.0 ၊ USB 2.0 အစရှိတဲ့ Data Transmission Port တွေကိုလည်း စုံလင်စွာ ထည့်သွင်းပေးထားပါတယ်။

ဒါကြောင့်မလို့ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တဲ့ MateBook D စီးရီးတွေဟာ High Performance အပြည့်ဝ ထောက်ပံ့နိုင်သလို Productivity ပိုင်းအတွက် အပိုစာသားမလိုဘဲ အသုံးပြုနိုင်တဲ့ Laptop တွေလည်း ဖြစ်ပါတယ်။

ဒီအချက်တွေအပြင် Power Button နဲ့တွဲဖက်ထားတဲ့ Fingerprint Reader အသုံးပြုထားပြီး Single Tap တစ်ချက်နှိပ်လိုက်ရုံနဲ့ Innovative Feature ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Fingerprint Unlock ကတဆင့် Windows Desktop ကို လျှင်မြန်စွာ ဖွင့်နိုင်မှာဖြစ်ပြီး Start Screen ပေါ်ဆီ ချက်ချင်းရောက်သွားမယ့် Experience ကို ရရှိဦးမှာပါ။

နောက်တစ်ချက်ကက လျှင်မြန်ပြီး တည်ငြိမ်တဲ့ အင်တာနက် Connection ကိုပဲ အသုံးပြုချင်ပါသလား? MateBook D စီးရီးမှာ 2×2 MIMO Wireless Antenna ဒီဇိုင်း ထောက်ပံ့ထားပြီး Wireless Signals တွေကို မြန်ဆန်စွာ ဖမ်းယူနိုင်ပါတယ်။ ဒါ့အပြင် Connection ပိုင်း ပိုပြီးတော့ Stable ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။

Industry Leading Innovation Design

HUAWEI အနေနဲ့ Notebook လောကထဲကို လွန်ခဲ့တဲ့ ၃ နှစ်အကျော်ကမှ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ HUAWEI MateBook က အကောင်းဆုံး Notebook Brand တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသလို နောက်လာမယ့် အနာဂတ်ကာလတွေမှာ HUAWEI PC လုပ်ငန်း ပိုမိုကြီးထွားလာမယ်လို့ ယုံကြည်ထားပါတယ်။

စမတ်ဖုန်း နည်းပညာကိုပဲ အခြေခံ ထုတ်လုပ်ထားတဲ့ အဆိုပါ Notebook PC တွေဟာ HUAWEI FullView Display ၊ HUAWEI Share နဲ့ Fingerprint Power Button အစရှိတဲ့ Innovative နည်းပညာ ထွေးပိုက်ထားတဲ့ ထုတ်ကုန်တွေပါ။

AI နည်းပညာပိုင်းမှာ အစိုးရထားတဲ့ HUAWEI အနေနဲ့ ကိုယ်ပိုင် Ecosystem တည်ဆောက်မှုအပိုင်းမှာ စမတ်ဖုန်းနဲ့ PC ကစလို့ တခြား Device တွေအထိ ချိတ်ဆက်ခွင့်ပေးလာပြီ ဖြစ်ပါတယ်။ PC လုပ်ငန်းဟာလည်း Ecosystem ရဲ့ တစ်စိတ်တဒေသ ဖြစ်တဲ့အလျောက် ပြိုင်ဖက်တွေထက် ခြေတစ်လှမ်းသာအောင် တက်လှမ်းသွားမှာ ဖြစ်သလို Ecosystem မှာ တခြား Device တွေလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

အခုလို PC Industry ပိုင်းမှာ အောင်မြင်လာတဲ့ အကြောင်းပြချက်တစ်ခုက R&D (Research and Development) ကဏ္ဍမှာ ရင်းနှီးမြုပ်နှံထားတဲ့အချက်ကြောင့် ဖြစ်ပြီး အသစ်အသစ်သော နည်းပညာဖွံ့ဖြိုးမှုတွေ သင်ယူနေသလို ဖွံ့ဖြိုးဆဲ နည်းပညာတွေနောက် အမီလိုက်ထားတဲ့ ထုတ်ကုန်တွေလည်း ဖြစ်ပါတယ်။

သတိပြုရန် – HUAWE Share Feature တစ်ခုဖြစ်တဲ့ Multi-screen Collaboration အသုံးပြုလိုပါက MateBook တွေမှာ PC Manager Version 10.0.2.99 နဲ့အထက် လိုအပ်မှာဖြစ်ပြီး HUAWEI စမတ်ဖုန်းတွေမှာဆိုရင်တော့ EMUI 10.0 နဲ့ အထက် ရှိထားရမှာ ဖြစ်ပါတယ်။ Compatible ဖြစ်တဲ့ မော်ဒယ် အသေးစိတ် အကြောင်းလေ့လာချင်တယ်ဆိုရင်တော့ Official HUAWEI Website မှာ ကြည့်ရှုနိုင်ပါတယ်။

Source – HUAWEI