Huawei ကနေ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအပြင် Laptop တွေကိုပါ ဆက်တိုက်ထုတ်လုပ်လာပြီးတော့ မနှစ်ကဆိုရင် ယခင်ကထက် ၂၀၀ ရာခိုင်နှုန်းရောင်းအားတက်လာတဲ့အထိ အောင်မြင်မှုတွေရရှိခဲ့တာပါ။

အခုလည်း Huawei ကနေ Flagship Laptop တစ်လုံးဖြစ်တဲ့ Huawei MateBook X Pro 2020 Version ကို Jade Green Version အသစ်အနေနဲ့ လာမယ့် ဧပြီလ ၈ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

အဆိုပါ Huawei MateBook X Pro Jade Green Version ဟာ လက်ရှိမိတ်ဆက်ထားပြီးတဲ့ MateBook X Pro 2020 ကိုမှ အရောင်အသစ်အပြင် တခြားသော မတူညီတဲ့ Design ပိုင်းနဲ့ Feature အချို့ပါ ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့် MateBook X Pro 2020 လိုမျိုးပဲ 91% Screen-to-Body Ratio ရှိတဲ့ Display အပြင် 10th Gen Intel Core-i7 Processor တွေပါဝင်မှာကတော့ ကျိန်းသေပါတယ်။

Huawei MateBook X Pro 2020 မှာဆိုရင် Resolution အနေနဲ့ 3200×2000 Pixels ရှိတဲ့ 13.9″ Touch Display ပါဝင်မှာဖြစ်သလို 10th Gen Intel Processor တွေနဲ့ Nvidia MX250 Graphic ၊ 512GB SSD လိုမျိုး Ultrabook တစ်လုံးရဲ့ Specs တွေပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Laptop နဲ့ စမတ်ဖုန်း Screen ၂ ခုကို ပေါင်းစပ်နိုင်တဲ့ Multi-screen Collaboration Feature လည်းပါဝင်လာဦးမှာပါ။

ဘာပဲဖြစ်ဖြစ် အခုအတိုင်းဆိုရင် Huawei MateBook X Pro 2020 Laptop ဟာ ဒီနှစ်ထဲမှာ ရွေးချယ်ဖို့အကောင်းဆုံး Ultrabook တစ်လုံးတောင် ဖြစ်လာနိုင်ပါတယ်။

Ref – GizChina