Huawei က စွမ်းရည်မြင့် MateBook X Pro အသစ်တွေကို ကြေညာလိုက်ပါတယ်။ မော်ဒယ်အသစ်မှာ ပိုမြန်တဲ့ Hardware တွေနဲ့ အဆင့်မြှင့်ထားပြီး Space Grey နဲ့ Mystic Silver တွေအပြင် Green အရောင်အသစ် ထုတ်လုပ်ပေးထားပါတယ်။ ဒီဇိုင်းကတော့ အရင်မော်ဒယ်တွေနဲ့ တူပါတယ်။

အတွင်းပိုင်းမှာ Intel ရဲ့ Comet Lake Generation Processor အသစ်တွေ ပါလာပြီး Core i7-10510U နဲ့ Core i5-10510U တွေထည့်သွင်းထားပါတယ်။ 14nm++ Manufacturing Process ကို အခြေခံ တည်ဆောက်ထားတာပါ။ သူ့မှာ Core ၄ လုံးပါလာပြီး Trubo Boost ကြောင့်  1.8 GHz Frequency ကနေ 4.9 GHz အထိ ပံ့ပိုးပေးပါတယ်။

တခြား Hardware တွေက မူလ မော်ဒယ်တွေနဲ့ တူညီပါတယ်။ ၁၃.၉ လက်မ 3000x2000px IPS မျက်နှာပြင် ထည့်သွင်းထားပြီး 450nits နဲ့ 1500:1 Contrast Ratio ကို ထောက်ပံ့ပါတယ်။ Nvidia GeForce MX250 GPU နဲ့ 2GB GDDR5 VRAM တွေ ရွေးချယ်နိုင်ပါတယ်။ 57.4Wh ဘက်ထရီ ပါလာပြီး လက်ပ်တော့ဟာ ၁.၃၃ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။

Huawei က MateBook X Pro ကို ဧပြီလမှာ ဥရောပ၊ အာရှ ပစိဖိတ်၊ ရုရှား၊ ဂျပန်၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင် အမေရိကမှာ ရောင်းမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၄၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၂၃ သိန်းလောက်ရှိပါတယ်။

Ref : gsmarena