လာမယ့်ဧပြီလ ၂၃ ရက်နေ့မှာ Huawei Nova 7 စမတ်ဖုန်းလိုင်းနဲ့အတူ မိတ်ဆက်လာဖို့ သတင်းထွက်ထားတဲ့ Huawei MatePad 10.4 တက်ဘလက်ဟာ တရုတ်ပြည်တွင်းက အွန်လိုင်းအရောင်းဝက်ဆိုက်တွေပေါ် ကြိုပြီးရောက်ရှိလာခဲ့ပါတယ်။

MatePad 10.4 ကို JD.com နဲ့ VMall တို့မှာ ဓါတ်ပုံတွေနဲ့ အချက်အလက်အချို့ ဖော်ပြထားပြီး နာမည်အတိုင်း 10.4” Display ပါဝင်တဲ့ တက်ဘလက်က အလေးချိန် 810g ရှိကာ 9mm သာ ထူပါတယ်။ Wi-Fi နဲ့ LTE နှစ်မျိုးထွက်ရှိပြီး Wi-Fi ဗားရှင်းက 4/64GB နဲ့ 6/129GB ရရှိနိုင်တယ်။ LTE ဗားရှင်းကတော့ 6/128GB မော်ဒယ်တစ်မျိုးတည်းသာ ထွက်မှာပါ။

ဒီဝက်ဆိုက်တွေမှာဖော်ပြထားတဲ့ စာရင်းထဲမှာ တက်ဘလက်အသစ်ရဲ့ ဒီဇိုင်းကို ရှင်းရှင်းလင်းလင်းမြင်ရနိုင်ပါတယ်။ MatePad 10.4 အတွက် Stylus တစ်ခုပါဝင်ပြီး ပါဝါခလုပ်ကို အပေါ်ခြမ်းမှာ တွေ့ရမှာပါ။ ရှေ့နဲ့နောက်မှာ ကင်မရာတစ်လုံးစီပါဝင်ပြီး နှစ်ခုလုံး 8MP Sensor တွေဖြစ်ပါတယ်။

MatePad 10.4 ရဲ့အတွင်းမှာ Kirin 810 ချစ်ပ်ဆက်သုံးစွဲထားမယ်လို့ သတင်းထွက်ထားပြီး 7,250mAh ဘက္ထရီနဲ့ EMUI 10.1 Lite တို့ ပါဝင်မှာပါ။ လောလောဆယ် MatePad 10.4 ရဲ့ဈေးနှုန်းကို မသိရသေးဘဲ ဧပြီလ ၂၃ ရက်နေ့မှာ မိတ်ဆက်ပြီးမှ ကျန်သေးတဲ့ အချက်အလက်တွေနဲ့ ဈေးနှုန်း စတာတွေကို အတည်ပြုနိုင်မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena