တရုတ်ပြည်တွင်း အွန်လိုင်းအရောင်းဆိုက်တစ်ခုဖြစ်တဲ့ JD.com ဟာ မကြာခင် ထွက်လာမယ့် Huawei MatePad 10.8 Tablet ကို သူတို့ရဲ့ ဝက်ဆိုက်ပေါ်မှာ တင်လာခဲ့ပြီး ထွက်ရှိရက်၊ စျေးနှုန်းနဲ့ အချက်အလက်တွေ အပြည့်အစုံ ထည့်သွင်းထားပါတယ်။

မနှစ်က MatePad M6 10.8 တက်ဘလက်ရဲ့ ဆက်ခံသူအသစ်ဟာ Wi-Fi သီးသန့် မော်ဒယ်အတွက် တရုတ်ယွမ် ၂၃၀၀ (မြန်မာငွေ လေးသိန်းခွဲ) သတ်မှတ်ထားပြီး 6GB RAM / 64GB Storage ပါဝင်ပါတယ်။ အတွင်းမှာတော့ Kirin 990 ချစ်ပ်ဆက်ကို အသုံးပြုထားပါတယ်။

Display Resolution က 2560 x 1600p ဖြစ်ပြီး M-Pencil အမည်ရ Stylus နဲ့လည်း အသုံးပြုနိုင်မှာပါ။ ဘက္ထရီ ပမာဏ ကတော့ M6 အတိုင်း 7,500 mAh ပဲ ဆက်သုံးထားပြီး Harman Kardon စပီကာ လေးလုံးတွဲကို Huawei Histen 6.1 Audio နည်းပညာနဲ့ ဖြစ်ပါတယ်။

နောက်ထပ် အသစ်ပါလာတာကတော့ Wi-Fi 6 ထောက်ပံ့မှုနဲ့ NFC တို့ပဲဖြစ်ပါတယ်။ MatePad 10.8 အတွက် 5G ဗားရှင်းလည်း ထွက်ရှိဦးမှာဖြစ်ပြီး မနှစ်က M6 လိုမျိုး 8.4” မော်ဒယ်ကို မြင်ရမလား ဆိုတာတော့ မသိရသေးပါဘူး။ Huawei MatePad 10.8 အသစ်ကို JD.com ကနေ ဇူလိုင် ၃၀ ရက်နေ့မှာ စတင်ရောင်းချပြီး ဩဂုတ်လ ၁၃ ရက်နေ့မှာ စတင် တင်ပို့သွားမှာပါ။

Ref – GSMArena