Huawei က MatePad 11.5 PaperMatte Edition တက်ဘလက်ကို ကြေညာလိုက်ပြီး မျက်လုံး ကျန်းမာရေးကို အဓိကထား ဖန်တီးထားပါတယ်။ 11.5” 2.2K LCD မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး Snapdragon 7 Gen 1 Chipset မောင်းနှင်ထားပါတယ်။

HUAWEI MatePad 11.5-inch PaperMatte Edition - HUAWEI Global

တက်ဘလက်မှာ စက္ကူလို အရသာကို ခံစားနိုင်တဲ့ မျက်နှာပြင် တပ်ဆင်ထားပြီး အလင်းပြန်တာနဲ့ မျက်လုံး ထိခိုက်တာကို လျှော့ချပေးပါတယ်။ ဒုတိယ မျိုးဆက် M-Pencil Stylus နဲ့ သဘာဝကျတဲ့ စာရေးတဲ့ အတွေ့အကြုံကို ခံစားရမှာပါ။ တက်ဘလက်ရဲ့ အထူက ၆.၈၅ မီလီမီတာပဲ ရှိပြီး အလေးချိန်က ၄၉၉ ဂရမ်ပဲ ရှိပါတယ်။

Mate 11.5 PaperMatte Edition မှာ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး HarmonyOS 3.1 မောင်းနှင်ထားပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်အတူတူ လုပ်နိုင်တဲ့ Group Collaboration ၊ Smart Multi-window နဲ့ ဒေတာတွေ လွယ်ကူစွာ မျှဝေနိုင်တဲ့ SuperHub လို လုပ်ဆောင်ချက်တွေ ပါပါတယ်။

HUAWEI MatePad 11.5-inch - HUAWEI Global

ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 8MP တပ်ဆင်ထားပါတယ်။ 22.5W Charging ထောက်ပံ့တဲ့ 7,700mAh Battery ထည့်သွင်းထားပါတယ်။

Huawei MatePad 11.5 PaperMatte Edition ကို ဒီလ ၁၉ ရက်နေ့မှာ ၄၂၇ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ Space Grey အရောင် ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina