Huawei ဟာ ကိုယ်ပိုင် Kirin 9000s Chipset အသုံးပြုထားတဲ့ Mate 60 Series ဖုန်းတွေကို မိတ်ဆက်ထားသလို အခုလည်း Kirin 9000s Chipset နဲ့ Tablet အသစ်ဖြစ်တဲ့ MatePad Pro 11 2024 ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ MatePad Pro 11 2024 Tablet အပြင် MateBook D16 Windows Laptop ကိုပါ တွဲဖက်မိတ်ဆက်ခဲ့ပါတယ်။

Huawei MatePad Pro 11 2024 Tablet ဟာ 11″ OLED Display ကို အသုံးပြုထားပြီး 1600 x 2560 Pixels Resolution ရှိမှာဖြစ်ပါတယ်။ Aspect Ratio အနေနဲ့ 16:10 ရှိမှာဖြစ်ပြီး 600nits Peak Brightness ကိုထောက်ပံ့ပေးထားမှာပါ။ MatePad Pro 11 2024 ရဲ့ ကိုယ်ထည်ကို Aluminum ဖြင့်ပြုလုပ်ထားပြီး 5.9mm ပဲ အထူရှိမှာဖြစ်ပါတယ်။ Speaker Setup အနေနဲ့ Six Speakers ထည့်သွင်းပေးထားပါတယ်။

Chipset ပိုင်းမှာ Huawei ရဲ့ ကိုယ်ပိုင် Kirin 9000s Chipset ကို အသုံးပြုထားပြီး 12GB RAM နဲ့ 256GB သို့မဟုတ် 512GB Storage တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ MatePad Pro 11 2024 ဟာ 2-Way Beidou Satellite Messaging ကို ထောက်ပံ့ပေးနိုင်တဲ့ ပထမဆုံး Tablet ဖြစ်လာမှာပါ။

Camera အနေနဲ့ 13MP Main Camera အပြင် 8MP Ultrawide Camera ပါဝင်ပြီး Front Selfie Camera အတွက် 16MP Camera ကို Punch-hole အနေနဲ့ ထည့်သွင်းပေးထားပါတယ်။ Battery ပိုင်းမှာ 8300mAh Battery ကို အသုံးပြုထားပြီး 66W Fast Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Software ပိုင်းမှာ HarmonyOS 4 ကို အသုံးပြုထားပြီး Third-Generation Huawei M-Pencil နဲ့ Bluetooth 5.3 ကိုလည်း ထောက်ပံ့ပေးထားမှာပါ။

MatePad Pro 11 2024 Tablet ကို Gray ၊ Blue ၊ White နဲ့ Black ဆိုပြီးအရောင် (၄) မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ RAM 12GB ၊ 256GB Version ကို တရုတ်ယွမ်ငွေ ၄,၁၉၉ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) နဲ့ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Huawei ကနေ မိတ်ဆက်ခဲ့တဲ့ နောက်ထပ် Product တစ်ခုဖြစ်တဲ့ MateBook D16 2024 Laptop ကတော့ 16″ FullHD IPS LCD Display ကို အသုံးပြုထားပြီး 16:10 Aspect Ratio အပြင် 300nits Maximum Brightness ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ တခြား Feature တွေအနေနဲ့ 1080p Webcam ၊ Fingerprint Sensor ၊ Numpad ၊ Dual Speaker နဲ့ Dual Microphone တွေပါဝင်မယ်လို့ သိရပါတယ်။

Performance ပိုင်းမှာ Intel ရဲ့ 13th Gen Core i5 Processor ကို အနိမ့်ဆုံးအသုံးပြုထားမှာဖြစ်ပြီး Core i7 နဲ့ Core i9 Model တွေကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ သီးသန့် Graphics ပါဝင်မှာမဟုတ်ပေမယ့် အမြင့်ပိုင်း i7 နဲ့ i9 Processor တွေကို ရွေးချယ်မယ်ဆိုရင် Intel UHD Graphics အစား Intel Iris Xe Graphics ပါဝင်မှာဖြစ်ပါတယ်။ Model အကုန်လုံးမှာ 16GB LPDDR4X RAM နဲ့ 1TB PCI-E SSD တွေကိုထည့်သွင်းပေးထားပါတယ်။

Connectivity ပိုင်းအနေနဲ့ 1x USB3.2 Gen1 (Type-A) ၊ 1x USB2.0 (Type-A) ၊ 1x USB3.2 Gen1 (Type-C) Port တွေပါဝင်မှာဖြစ်သလို Wi-Fi 6E နဲ့ Bluetooth 5.1 တွေကိုပါ ထောက်ပံ့ပေးနိုင်မှာပါ။ Battery ပိုင်းမှာ 70Wh Battery ပါဝင်ပြီး 65W USB-C Charging ဖြင့် ပြန်လည်အားသွင်းရမှာဖြစ်ပါတယ်။

MateBook D16 2024 ကို Space Gray နဲ့ Silver ဆိုပြီး အရောင် (၂) မျိုးပဲ ရွေးချယ်နိုင်မှာဖြစ်သလို စျေးနှုန်းအနေနဲ့ အနိမ့်ဆုံး Core i5 Model ကို တရုတ်ယွမ်ငွေ ၄,၉၉၉ (မြန်မာငွေ ၂၅ သိန်းဝန်းကျင်) ဖြင့် စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China