Blue Whale News က Huawei ဟာ ဧပြီလ ၁၁ ရက်နေ့မှာ HarmonyOS Spring Communication Conference ကို ကျင်းပမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီပွဲမှာ ကုမ္ပဏီက လျှပ်စစ်ကား နဲ့ ပီစီ ထုတ်ကုန် အသစ်တွေကို ကြေညာနိုင်ပါတယ်။

Huawei launches Luxeed S7 electric sedan with up to 855 km range - CnEVPost

အဲဒီ ပွဲဟာ Chery နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Huawei ရဲ့ ပထမဆုံး ကား ဖြစ်တဲ့ Luxeed S7 ကို ပြန်လည်ရောင်းချမှာကို ဦးစားပေး ကြေညာနိုင်ပါတယ်။ မော်ဒယ်အသစ်မှာ ပြောင်းလဲမှု တချို့ ရှိလာနိုင်ပေမယ့် ဈေးနှုန်းက အရင်နှစ် နိုဝင်ဘာလက ရောင်းချထားတဲ့ မော်ဒယ်နဲ့ တူညီနိုင်ပါတယ်။

Huawei

မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး မူလ မော်ဒယ်နဲ့ အရွယ်အစား၊ အလေးချိန် အနည်းငယ် ကွာခြားနိုင်ပါတယ်။ မော်ဒယ် ၂ မျိုးစလုံးမှာ Luxeed S7 Max RS လိုပဲ 150kW+215kW Dual Motor ကို အသုံးပြုထားနိုင်ပါတယ်။

ပီစီ ထုတ်ကုန် အသစ်တွေ အကြောင်းပြောရရင် Huawei ဟာ MateBook X Pro Series အသစ်ကို ကြေညာနိုင်ပါတယ်။ MateBook X Pro Laptop ရဲ့ ၂၀၂၄ မော်ဒယ်ကို မကြာခင်က မှတ်ပုံတင်ထားတဲ့အတွက် ကြေညာဖို့ နီးနေပါပြီ။

Ref : gizmochina