Huawei ဟာ ယခုနှစ်အတွင်းမှာ P Series Flagship ဖုန်းအသစ်တွေဖြစ်တဲ့ Huawei P70 Series ဖုန်းတွေကို မကြာခင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Huawei P70 Pro Art Edition ဖုန်းမှာ Huawei ရဲ့ အဆင့်မြှင့်တင်ထားတဲ့ Kirin Chipset အသစ်ကို အသုံးပြုလာမယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

အခုလည်း @UncleMountains အမည်ရှိတဲ့ Leakster တစ်ဦးက Huawei ကနေ ယခုဧပြီလအတွင်းမှာ Huawei P70 Series အပြင် တခြား Product တွေအများအပြားကို မိတ်ဆက်သွားဖို့ စီစဥ်နေတယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။ အဆိုပါသတင်းအရ Huawei ဟာ ယခုလအတွင်းမှာ ပစ္စည်းအမျိုးအစားပေါင်း (၁၁) မျိုးအထိကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Huawei ကနေ ယခုလအတွင်းမိတ်ဆက်မယ်လို့ ယူဆရတဲ့ပစ္စည်းတွေကတော့ Huawei P70 Series ဖုန်းတွေ၊ Matebook X Pro 2024 Laptop ၊ Nova စမတ်ဖုန်းအသစ်၊ FreeLace Pro 2 Wireless Earbuds ၊ Watch 4 Pro Space Exploration Edition Smartwatch ၊ Tablet အသစ်၊ AITO M5 နှင့် Luxeed S7 လျှပ်စစ်ကားမော်ဒယ်အသစ်တွေ၊ Smart Home နည်းပညာအသစ်၊ Smart Screen S5 ၊ Watch GT4 အတွက် အရောင်အသစ်တွေနဲ့ Smart Door Lock Plus တွေပဲဖြစ်ပါတယ်။

Huawei ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း Mate 60 Series ဖုန်းတွေကို တရုတ်နိုင်ငံတွင်းမှာ Launch Event ပြုလုပ်ခြင်းမရှိဘဲ ရုတ်တရက် မိတ်ဆက်ခဲ့ဖူးပြီး အခု P70 Series ဖုန်းတွေကို Launch Event အနေနဲ့ မိတ်ဆက်မလား၊ ဒီအတိုင်း အသစ်အနေနဲ့ ချက်ချင်းရောင်းချသွားမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China