Huawei ရဲ့ MediaPad Tablet Series ဟာ ယခင်တုန်းကဆိုရင် သာမန် Mid-Range Tablet Series တစ်ခုအနေနဲ့ပဲ သိကြတာဖြစ်ပေမယ့် အခုအချိန်မှာတော့ Huawei ကနေ အသစ်ထွက်ရှိလာမယ့် MediaPad M5 Tablet ကို ယခင် Tablet တွေနဲ့ မတူအောင် အဆင့်မြှင့်တင်ပြီး ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

Huawei ရဲ့ အခု MediaPad M5 Tablet ဟာ မကြာခင်ကျင်းပတော့မယ့် MWC 2018 Event မှာမိတ်ဆက်လာနိုင်တဲ့ Tablet တစ်ခုလည်း ဖြစ်နေပါတယ်။ အဆိုပါ MediaPad Tablet မှာ အားနည်းချက်တစ်ခုပဲရှိပြီး အဲ့ဒါကတော့ Audio အတွက် 3.5mm Earphone Jack ကို ဖြုတ်ခဲ့တာပဲဖြစ်ပါတယ်။

ကျန်တဲ့အချက်အလက်တွေအနေနဲ့ကတော့ ထိပ်တန်းအဆင့်မှာရှိနေပြီး 8.4″ Quad HD 2560 ×1440 Resolution Display ၊ High-end Kirin 960 Processor ၊ RAM 4GB သို့မဟုတ် RAM 6GB ပါဝင်မှာဖြစ်ပါတယ်။ ဘေးဘောင်တွေလည်းပါးလွှာပြီးတော့ 4980mAh Battery ပါဝင်ပြီး USB Type C ကို အသုံးပြုပေးထားပါတယ်။ SIM Card လည်း ထည့်သွင်းလို့ရမယ်လို့ သိရပါတယ်။

Huawei MediaPad M5 Tablet ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ အထက်ရှိလာမယ်လို့ ခန့်မှန်းထားကြပြီး ကင်မရာပိုင်းကိုလည်း အတိအကျ သတင်းထွက်ပေါ်လာခြင်းမရှိသေးပါဘူး။