[Zawgyi]

ကုန္သြယ္ေရးစစ္ရဲ႕ ႐ိုက္ခတ္မႈဒဏ္ကို ဘယ္လိုပဲခံေနရပါေစ Huawei ကေတာ့ သူ႔အလုပ္ကိုသူဆက္လုပ္ေနဆဲ ျဖစ္ပါတယ္။ ဒီရက္ပိုင္းအတြင္းထြက္ေပၚလာတဲ့ သတင္းအခ်က္အလက္ေတြအရ Huawei ဟာ MediaPad Tablet သစ္တစ္မ်ိဳးအတြက္ အလုပ္ရႈပ္ေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရက္တုန္းက JD.com မွာေတြ႕ျမင္လိုက္ရတဲ့ အခ်က္အလက္ေတြအရဆိုရင္ Huawei ဟာ 8.4-inch နဲ႔ 10.7-inch မ်က္ႏွာျပင္အ႐ြယ္အစားေတြ အသီးသီးရွိၾကတဲ့ MediaPad M6 ကို မိတ္ဆက္ဖို႔ ျပဳလုပ္ေနေၾကာင္း သိလိုက္ရပါတယ္။ ဒီအမ်ိဳးအစားႏွစ္မ်ိဳးလုံးအတြက္ 2560 x 1660p resolution ေတြပဲျဖစ္ၾကသလို Kirin 980 chipset ေတြပဲ သုံးထားၾကမွာ ျဖစ္ေၾကာင္းလည္း သိခဲ့ရပါတယ္။

8.4-inch အမ်ိဳးအစားမွာေတာ့ 4,500mAh ဘက္ထရီကို အသုံးျပဳထားႏိုင္ဖြယ္ရွိၿပီး 10.7-inch အမ်ိဳးအစားမွာေတာ့ 7,500mAh ဘက္ထရီကို အသုံးျပဳထားဖြယ္ရွိတယ္လို႔ သတင္းထြက္ထားပါတယ္။ ဒီဇိုင္းပိုင္းအားျဖင့္ေတာ့ အမ်ိဳးအစားႏွစ္မ်ိဳးစလုံးက ကြာျခားမႈမရွိၾကသလို ေဘးေဘာင္ေတြကလည္း ေမွ်ာ္မွန္းထားတာထက္ ပိုၿပီးပါးလႊာလာၾကမယ္လို႔ ဆိုပါတယ္။

စိတ္ဝင္စားစရာအေျပာင္းအလဲက ဒီ Huawei MediaPad M6 ေတြမွာ Physical Button ေတြမပါဝင္ေတာ့ဘူးလို႔ သိရပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္မွာ Selfie ကင္မရာတစ္လုံးကို တပ္ဆင္ေပးထားမယ္လို႔ သတင္းထြက္ထားၿပီး မ်က္ႏွာျပင္ေအာက္ေျခမွာေတာ့ Huawei အမွတ္တံဆိပ္ကို ထည့္သြင္းထားမယ္လို႔ GSM Arena က ေရးသားေဖာ္ျပထားပါတယ္။ အခုအခ်ိန္ထိေတာ့ Huawei MediaPad M6 နဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြက ဒီလာက္ပဲ ျဖစ္ပါတယ္။ သိပ္မၾကာခင္မွာ ပိုၿပီးျပည့္စုံတဲ့ အခ်က္အလက္ေတြ ထြက္ေပၚလာခဲ့ရင္ ထပ္မံေဖာ္ျပေပးဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

JD.com မှာတွေ့မြင်လာရတဲ့ Huawei MediaPad M6

ကုန်သွယ်ရေးစစ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ဘယ်လိုပဲခံနေရပါစေ Huawei ကတော့ သူ့အလုပ်ကိုသူဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ Huawei ဟာ MediaPad Tablet သစ်တစ်မျိုးအတွက် အလုပ်ရှုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်တုန်းက JD.com မှာတွေ့မြင်လိုက်ရတဲ့ အချက်အလက်တွေအရဆိုရင် Huawei ဟာ 8.4-inch နဲ့ 10.7-inch မျက်နှာပြင်အရွယ်အစားတွေ အသီးသီးရှိကြတဲ့ MediaPad M6 ကို မိတ်ဆက်ဖို့ပြုလုပ်နေကြောင်း သိလိုက်ရပါတယ်။ ဒီအမျိုးအစားနှစ်မျိုးလုံးအတွက် 2560 x 1660p resolution တွေပဲဖြစ်ကြသလို Kirin 980 chipset တွေပဲ သုံးထားကြမှာ ဖြစ်ကြောင်းလည်း သိခဲ့ရပါတယ်။

8.4-inch အမျိုးအစားမှာတော့ 4,500mAh ဘက်ထရီကို အသုံးပြုထားနိုင်ဖွယ်ရှိပြီး 10.7-inch အမျိုးအစားမှာတော့ 7,500mAh ဘက်ထရီကို အသုံးပြုထားဖွယ်ရှိတယ်လို့ သတင်းထွက်ထားပါတယ်။ ဒီဇိုင်းပိုင်းအားဖြင့်တော့ အမျိုးအစားနှစ်မျိုးစလုံးက ကွာခြားမှုမရှိကြသလို ဘေးဘောင်တွေကလည်း မျှော်မှန်းထားတာထက် ပိုပြီးပါးလွှာလာကြမယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားစရာအပြောင်းအလဲက ဒီ Huawei MediaPad M6 တွေမှာ Physical Button တွေမပါဝင်တော့ဘူးလို့ သိရပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာ Selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားမယ်လို့ သတင်းထွက်ထားပြီး မျက်နှာပြင်အောက်ခြေမှာတော့ Huawei အမှတ်တံဆိပ်ကို ထည့်သွင်းထားမယ်လို့ GSM Arena က ရေးသားဖော်ပြထားပါတယ်။ အခုအချိန်ထိတော့ Huawei MediaPad M6 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ဒီလာက်ပဲ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ပိုပြီးပြည့်စုံတဲ့ အချက်အလက်တွေ ထွက်ပေါ်လာခဲ့ရင် ထပ်မံဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena